ကားဝယ်သူတိုင်းသွားပြီးဦးတိုက်နေ တဲ့ ရွှေညောင် ပင်ဘိုးဘိုးကြီး နောက်ကွယ် က သမို င်းအမှန်
၁ ၉၃၅ လောက်က ရန်ကုန် ပဲခူး လမ်းမပေါ် ထောက်ကြန့်နားမှာ ညောင်ပင်ကြီး တစ်ပင်ရှိသတဲ့။
အဲ့ဒီညောင်ပင်ဘေးမှာ ပထမကမ္ဘာစစ်ပြန် အဘိုးကြီးတစ်ယောက်ရဲ့ ကားဝပ်ရှော့တဲကလေးရှိတယ်။
အဘိုးကြီးသေသွားတဲ့အခါ အဲ့ဒီညောင်ပင်ကြီးနားမှာ ကားတွေ မကြာမကြာပျက်တတ်တယ်။ ညောင်ပင်ကြီးကို ပါလာတဲ့
ထမင်း၊ဟင်း၊ မုန့်လေးတွေ ပသပြီး တောင်းပန်လိုက်ရင် ကားတွေက ပြန်ကောင်းသွားရောတဲ့လေ။
ဝပ်ရှော့ဆရာကြီးက နတ်ဖြစ်ပြီး ဂွင်ဖန်တာနေမယ်လို့ ကားသမားတွေက ယူဆကြတယ်။ ၁၉၄၂ ခုနှစ်မှာ
ဒေါ်အေးရင် ဆိုတဲ့ ဘွားတော်က အဲ့ဒီညောင်ပင်မှာ ရွှေညောင်ပင်ဘိုးဘိုးကြီး ဆိုပြီး နတ်ကွန်းဆောက်လိုက်တယ်။
နောက်ပိုင်း ကားတွေ ဝယ်ပြီးရင် ဝပ်ရှော့ဆရာဘိုးဘိုးကြီး ကို လာလာပြကြတော့တာတဲ့လေ။
အခု ရွှေညောင်ပင်နတ်နန်းသွားပြီး သမိုင်းကြောင်းမေးရင်တော့ ..
ကဿပဘုရားရှင်ကနေ အစချီပြီး ရွှေတိဂုံဘုရားသမိုင်းပါ ဆွဲစိပြလိမ့်မယ်။
ဝပ်ရှော့ဆရာကြီးတို့ ဂေါ်ချက်..ဗုဒ္ဓဝင်ထဲပါ ရောက်သွားတာနော်။Credit:Kyaw Swa Nainga
Zawgyi