Knowledge

“နတ္ေတြနဲ႔ မိတ္ဖြဲ႕ပါ”

နတ္ေတြကို မိတ္ဖြဲ႕ရတယ္
နတ္ေတြကို မိတ္ဖြဲ႕ရတာက
လူေတြကို မိတ္ဖြဲ႕ရတာထက္သာတယ္။

လူေတြ အကူအညီ မေပးႏိုင္တဲ့အရာကို
နတ္ေတြက ကူညီေပးႏိုင္တယ္။

နတ္ေတြကို မိတ္ဖြဲ႕တယ္ဆိုတာ
ေမတၱာပို႔ျခင္းနဲ႔ အမွ်ေဝျခင္းပဲ။

အထူးသျဖင့္ အပင္ႀကီးေတြကို အမွ်ေဝဖို႔လိုတယ္။
အပင္ႀကီးေတြဆိုေတာ့ တန္ခိုးႀကီးတဲ့
နတ္ေတြ ရွိႏိုင္တာေပါ့။

အမွ်ေဝတဲ့အခါမွာ ဒီေန႔လုပ္ခဲ့တဲ့ ကုသိုလ္ကိုလည္း
အမွ်ေဝရမယ္။

တစ္သက္လုံး လုပ္ခဲ့တဲ့ ကုသိုလ္ေတြကိုလည္း အမွ်ေဝရမယ္။

ဒါမွ … သာဓုေခၚတဲ့ပုဂၢိဳလ္ေတြကပိုၿပီး အက်ိဳးခံစားရမယ္။

အမွ်ေဝလိုက္လို႔ နတ္ေတြက သာဓုေခၚလိုက္ရင္
႐ုတ္တရက္ စည္းစိမ္ေတြ တိုးတက္သြားတယ္။
လူေတြ ထီေပါက္သလိုေပါ့။

ပရဟိတ-လုပ္တယ္ဆိုတာ လူေတြကိုလည္း လုပ္လို႔ရတယ္။
နတ္ေတြကိုလည္း လုပ္လို႔ရတယ္။
ၿပိတၱာေတြကိုလည္း လုပ္လို႔ရတယ္
က်န္တဲ့ အပါယ္ဘုံသားေတြကိုလည္း
လုပ္လို႔ရတယ္။
အမွ်ေဝတယ္ဆိုတာ ပရဟိတ လုပ္တာပဲ။

အမွ်ေဝလို႔ သူတို႔က ေက်းဇူးတင္တဲ့အေနနဲ႔ ကိုယ့္ကို ျပန္လည္ေစာင့္ေရွာက္မယ္ဆိုရင္ေတာ့ ” ေဒဝတာႏုကမၸိေတာ ေပါေသာ သဒါ ဘျဒာနိ ပႆတိ” ဆိုတဲ့အတိုင္း – ေကာင္းတာေတြပဲ ႀကဳံရႏိုင္တာေပါ့။

အမွ်ေဝတဲ့အခါ(ေမွ်ာ္လင့္ခ်က္) ေလာဘစိတ္နဲ႔
အမွ် မေဝရဘူး။
သူတို႔ကို ကူညီခ်င္တဲ့စိတ္၊
ကုသိုလ္ ရေစခ်င္တဲ့စိတ္နဲ႔ အမွ်ေဝရတယ္။

ဒီလိုအေတြးအေခၚမ်ိဳး အရင္က မရွိခဲ့ဘူး။
ခုေနာက္ပိုင္း စာေတြဖတ္,တရားေတြနာမွ
အေတြးအေခၚေတြက ပိုၿပီး က်ယ္ျပန႔္လာတယ္။

တပည့္ေတာ္ကေတာ့ ေမတၱာအက်ိဳးကို
လက္ေတြ႕ခံစားေနရတယ္လို႔ေတာင္ ယူဆမိတယ္။

ခုေနာက္ပိုင္း ေနရတာ ထိုင္ရတာ
အလြန္စိတ္ခ်မ္းသာၿပီး ခႏၶာကိုယ္ကလည္း
ေပါ့ပါးသြက္လက္လာတယ္။
ကိုယ္ လိုအပ္ေနတာေလးေတြလည္း
ျပည့္ျပည့္လာတယ္။

လူတစ္ေယာက္ကို ျမင္တာနဲ႔ တစ္ခါတည္း
“က်န္းမာခ်မ္းသာပါေစ .. အရာအားလုံး အဆင္ေျပပါေစ” လို႔ ေမတၱာပို႔သၿပီးသားပဲ။

တမာပင္ေတာရ-ဆရာေတာ္
ဘဒၵႏၲပညာဒီပ-မဟာေထရ္။

၁၃၈၂-ခု၊ ဝါေခါင္လဆန္း(၇)ရက္
အဂၤါေန႔၊ ည(၈-နာရီ၊ ၄၅ မိနစ္)
ဆုံးမဩဝါဒစကား။

Credit

Unicode

“နတ်တွေနဲ့ မိတ်ဖွဲ့ပါ”

နတ်တွေကို မိတ်ဖွဲ့ရတယ်
နတ်တွေကို မိတ်ဖွဲ့ရတာက
လူတွေကို မိတ်ဖွဲ့ရတာထက်သာတယ်။

လူတွေ အကူအညီ မပေးနိုင်တဲ့အရာကို
နတ်တွေက ကူညီပေးနိုင်တယ်။

နတ်တွေကို မိတ်ဖွဲ့တယ်ဆိုတာ
မေတ္တာပို့ခြင်းနဲ့ အမျှဝေခြင်းပဲ။

အထူးသဖြင့် အပင်ကြီးတွေကို အမျှဝေဖို့လိုတယ်။
အပင်ကြီးတွေဆိုတော့ တန်ခိုးကြီးတဲ့
နတ်တွေ ရှိနိုင်တာပေါ့။

အမျှဝေတဲ့အခါမှာ ဒီနေ့လုပ်ခဲ့တဲ့ ကုသိုလ်ကိုလည်း
အမျှဝေရမယ်။

တစ်သက်လုံး လုပ်ခဲ့တဲ့ ကုသိုလ်တွေကိုလည်း အမျှဝေရမယ်။

ဒါမှ … သာဓုခေါ်တဲ့ပုဂ္ဂိုလ်တွေကပိုပြီး အကျိုးခံစားရမယ်။

အမျှဝေလိုက်လို့ နတ်တွေက သာဓုခေါ်လိုက်ရင်
ရုတ်တရက် စည်းစိမ်တွေ တိုးတက်သွားတယ်။
လူတွေ ထီပေါက်သလိုပေါ့။

ပရဟိတ-လုပ်တယ်ဆိုတာ လူတွေကိုလည်း လုပ်လို့ရတယ်။
နတ်တွေကိုလည်း လုပ်လို့ရတယ်။
ပြိတ္တာတွေကိုလည်း လုပ်လို့ရတယ်
ကျန်တဲ့ အပါယ်ဘုံသားတွေကိုလည်း
လုပ်လို့ရတယ်။
အမျှဝေတယ်ဆိုတာ ပရဟိတ လုပ်တာပဲ။

အမျှဝေလို့ သူတို့က ကျေးဇူးတင်တဲ့အနေနဲ့ ကိုယ့်ကို ပြန်လည်စောင့်ရှောက်မယ်ဆိုရင်တော့ ” ဒေဝတာနုကမ္ပိတော ပေါသော သဒါ ဘဒြာနိ ပဿတိ” ဆိုတဲ့အတိုင်း – ကောင်းတာတွေပဲ ကြုံရနိုင်တာပေါ့။

အမျှဝေတဲ့အခါ(မျှော်လင့်ချက်) လောဘစိတ်နဲ့
အမျှ မဝေရဘူး။
သူတို့ကို ကူညီချင်တဲ့စိတ်၊
ကုသိုလ် ရစေချင်တဲ့စိတ်နဲ့ အမျှဝေရတယ်။

ဒီလိုအတွေးအခေါ်မျိုး အရင်က မရှိခဲ့ဘူး။
ခုနောက်ပိုင်း စာတွေဖတ်,တရားတွေနာမှ
အတွေးအခေါ်တွေက ပိုပြီး ကျယ်ပြန့်လာတယ်။

တပည့်တော်ကတော့ မေတ္တာအကျိုးကို
လက်တွေ့ခံစားနေရတယ်လို့တောင် ယူဆမိတယ်။

ခုနောက်ပိုင်း နေရတာ ထိုင်ရတာ
အလွန်စိတ်ချမ်းသာပြီး ခန္ဓာကိုယ်ကလည်း
ပေါ့ပါးသွက်လက်လာတယ်။
ကိုယ် လိုအပ်နေတာလေးတွေလည်း
ပြည့်ပြည့်လာတယ်။

လူတစ်ယောက်ကို မြင်တာနဲ့ တစ်ခါတည်း
“ကျန်းမာချမ်းသာပါစေ .. အရာအားလုံး အဆင်ပြေပါစေ” လို့ မေတ္တာပို့သပြီးသားပဲ။

တမာပင်တောရ-ဆရာတော်
ဘဒ္ဒန္တပညာဒီပ-မဟာထေရ်။

၁၃၈၂-ခု၊ ဝါခေါင်လဆန်း(၇)ရက်
အင်္ဂါနေ့၊ ည(၈-နာရီ၊ ၄၅ မိနစ်)
ဆုံးမဩဝါဒစကား။

Credit