မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ကို – ” ရာဟုလာ၊ ငါဘုရားနဲ့ လိုက်ခဲ့။ ” ဆိုပြီး ခေါ်သွားတယ်။
မြတ်စွာဘုရားရှင်က ခြေဆေးတဲ့ နေရာမှာ ထိုင်ပြီး ခြေဆေးဖို့ ခွက်ကလေးနဲ့ ရေအိုးထဲက ရေကို ခပ်ယူလိုက်တယ်။
၁ ။ ။ မြတ်စွာဘုရားရှင်က ခပ်ယူပြီးတဲ့အခါ ခွက်ထဲက ရေကို တစ်ဝက် သွန်လိုက်ပြီး မေးတယ်။
” ရာဟုလာ၊ ဟောဒီ ရေခွက်ထဲမှာ ရေတစ်ဝက်ပဲ ရှိတော့တာ တွေ့လား။ ” @@@ ” တွေ့ပါတယ် ဘုရား။
“🙏🙏🙏 ” လောကမှာ စပြီး လိမ်ပြောတတ်တဲ့ သူဟာ ရေခွက်ထဲမှာ ရေတစ်ဝက်ပဲ ကျန်ရှိတော့ သကဲ့သို့ သူ့ရဲ့
ကိုယ်ကျင့်တရားဟာလည်း ပြည့်ပြည့်ဝဝ မရှိတော့ပါဘူး။ “
၂ ။ ။ မြတ်စွာဘုရားရှင်က ခွက်ထဲက ရေတွေကို ကုန်အောင် သွန်လိုက်တယ်။ ” ရာဟုလာ၊ ဟောဒီ ခွက်ထဲမှာ
ရေတွေ ကျန်ရှိသေးလား။ ” @@@ ” မရှိတော့ပါ ဘုရား။ “🙏🙏🙏 ” လိမ်ပြောတာကို ဆက်ပြီး ဆောင်ရွက်နေတယ်
ဆိုရင်တော့ သူဟာ နောင်တွင် မိမိရဲ့ ကိုယ်ကျင့်တရားတွေ အကုန်လုံးကို ကုန်အောင် စွန့်ပစ်ပြီး ကျန်တဲ့ အကုသိုလ်ကံ
တွေကိုလည်း စလုပ်ဖို့ရာ အဆင်သင့် ဖြစ်နေပြီ ဆိုတဲ့ သဘောပါ ပဲ။ “
၃ ။ ။ မြတ်စွာဘုရားရှင်က ခွက်ကို မှောက်ပြီးတော့ ထပ်ပြီး မိန့်တော်မူတယ်။ ” ရာဟုလာ၊ ငါဘုရား ရေခွက်ကလေးကို
မှောက်ထားလိုက် သကဲ့သို့ အစဉ်အမြဲ လိမ်ပြောတဲ့အပြင် ကျန်တဲ့ ငါးပါးသီလကံ တွေကိုလည်း ချိုးဖောက်
နေသူအဖို့ သူ့ရဲ့ ကိုယ်ကျင့်တရားတွေနဲ့ သံသရာဟာလည်း နောက်ဆုံးမှာ အကုန်လုံး ဇောက်ထိုးပဲ၊ ဘာမှ
ကောင်းတာ မကျန်ရှိတော့ဘူး။ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားတွေနဲ့ သံသရာ အကုန်လုံးကို ကုန်အောင်
သွန်မှောက် ပြစ်လိုက်ပြီ။ “
၄ ။ ။ မြတ်စွာဘုရားရှင်က ရေခွက်ကလေးကို ပြန်လှန်လိုက်တယ်။ ” ရာဟုလာ၊ ဟောဒီ ရေခွက်ထဲမှာ ဘာရှိလဲ။
” @@@ ” ဘာမှ မရှိပါ ဘုရား။ ” 🙏🙏🙏
” ရေခွက်ထဲမှာ ဘာမှ မကျန်ရှိတော့ သကဲ့သို့ လိမ်ပြောတတ်ပြီး ငါးပါးသီလကံကို အစဉ်အမြဲ ချိုးဖောက်သူရဲ့
သန္တာန်မှာလည်း ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား ဆိုတာ ဘာမှ မကျန်ရှိ တော့တဲ့အတွက် သံသရာမှာလည်း
ကောင်းနိုင်စရာ ဘာအကြောင်းမှ မရှိတော့ပါ။ ဒါကြောင့် မုသားစကားကို ရယ်စရာအနေနဲ့ လိမ်ပြောတာတောင်
အင်မတန် အပြစ်ကြီးတယ် ” တဲ့။ ဘုရားရှင် ဆုံးမတော်မူတဲ့ စကားနဲ့ ဒီကနေ့ခေတ် ပြောနေကြတာတွေ
ဘယ်လို ကွာခြား နေပါသလဲ။
ဒီကနေ့ ခေတ်မှာတော့ ” မုသား မပါ၊ လင်္ကာ မချော ” တဲ့။ လင်္ကာချောအောင် ဆိုပြီး မုသားစကားကို ထည့်,
ထည့်ပြီးတော့ ပြောနေ ကြတယ်။ ” မြတ်စွာဘုရားရှင်က လိမ်ပြောတတ်လို့ ရှိရင် အဲ့ဒီသူမှာ ကောင်းတဲ့
ကိုယ်ကျင့်တရားတွေဟာ နောက်ဆုံးမှာ ဘာမှ မကျန်ရှိတော့လို့ သံသရာမှာ မကောင်းနိုင်ဘူး၊ ” လို့
ဒီလို ဟောကြားထားပါတယ်။
” #လိမ်ပြောတတ်တဲ့_ပုဂ္ဂိုလ်ဟာ_နောက်ပိုင်းမှာ_မလုပ်ရဲတဲ့_အကုသိုလ်ကံလဲ_မရှိတော့ဘူး။ #သူ_တဖြည်းဖြည်းနဲ့_အကုန်_လုပ်တော့မယ်_လို့_ဒီလို_ပြောတာပါ_နော်။ #ဒါက_လိမ်ခြင်းအစနဲ့_နောင်_ဖြစ်လာမှာတွေကို_ပြောတာပါ။ “
မုသားစကား ပြောပြီ ဆိုမှတော့ သူ့ရဲ့ ကိုယ်ကျင့်တရားကို စိတ်ချလို့ မရတော့ဘူး။ တဖြည်းဖြည်းနဲ့ ကျန်တဲ့
အကုသိုလ်အလုပ်တွေ ကိုလည်း သူက ဆက်ပြီးတော့ လုပ်လာတော့မှာဘဲ တဲ့။ ဘာဖြစ်လို့တုန်း
ဆိုတော့ .. ကြည့်လေ၊ ဘာမကောင်းတာကိုပဲ လုပ်လုပ် လိမ်လိုက်ရင် အလွယ်တကူနဲ့ ပြီးသွားတတ်သလို ရှိတာကိုး။
ဒီလိုနဲ့ မကောင်းတဲ့အကျင့်ဆိုးတွေ ရင့်သန်လာပြီး ကျန်တဲ့ မကောင်းတဲ့ အကုသိုလ်အလုပ်တွေကို ရှေ့ဆက်
လုပ်ဖို့ရာ အတွက်ကိုလည်း ဘာမှ ၀န်မလေးတော့ဘူး လို့ ဒီလို ပြောတာပါ။
#ဒီလို_ဆက်ပြီး_ဆောင်ရွက်လာမယ်_ဆိုလို့ရှိရင်_အကုသိုလ်ကံရဲ့_အကျိုးဆက်တွေကို_သံသရာမှာ
#မလွဲမသွေ_ခံရတော့မှာမို့_ဒီဘဝမှာ_တရားထူး_ရဖို့ဟာလည်း_ဖြစ်မလာ_နိုင်တော့ဘူး။
ဒီလောက် အရေးကြီးတာမို့လဲ ရှင်ရာဟုလာကို မြတ်စွာဘုရားရှင်က လိမ်ပြောခြင်းက စလာပြီး
နောင်တွင် သံသရာအထိ ပါတဲ့ အပြစ်မျိုးတွေ ဖြစ်မှာစိုးလို့ မလိမ်ရအောင် နားချပြီးတော့ စိတ်ထဲမှာ
စွဲသွားအောင် ဂရုတစိုက်နဲ့ သင်ကြားပေးတာပေါ့။ #ငါးပါးသီလထဲမှာ_စောင့်ထိန်းရ_အခက်ခဲဆုံးဖြစ်တဲ့
_မုသာဝါဒကံကို #လုံခြုံအောင်_စောင့်ထိန်းနိုင်ခြင်းဖြင့်_တရားထူးများ_ရနိုင်ကြပါစေ။
🙏ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏
Cred :ဦးမြင့်ခိုင်, #SaiMyoWin & SAI MYO WIN