Knowledge

အေးချမ်းချင်ရင်တစ်ယောက်တည်းနေ အများကြီးမျှော်လင့်မထားနဲ့

အဖော်ဆိုတာ အမြဲတမ်းလိုအပ်လားဆိုတဲ့မေးခွန်းကို ကျွန်တော်မကြာခဏ ကိုယ့်ကိုယ်ကိုယ်မေးဖြစ်တယ် ကိုယ့်ကို သောကတွေပေးမယ့် အဖော်ဆိုရင် မလိုအပ်တာ မလိုချင်တာ အကောင်းဆုံးပါပဲ

ကိုယ့်အပေါ် နားလည်မှုမရှိတဲ့ Relationship တစ်ခုကို ဆက်ပြီး ဖက်တွယ်ထားတာထက်စာရင် တစ်ယောက်တည်းနေတာ ပိုကောင်းလိမ့်မယ်လို့ ကိုယ့်ကိုမြင်တယ်

ကိုယ်အများကြီး မျှော်လင့်ခဲ့ဖူးသလို အများကြီးလဲ နာကျင်ခဲ့ရပြီးပါပြီ ။ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်အပေါ် မျှော်လင့်နေရခြင်းတွေ စောင့်ဆိုင်းနေရခြင်းတွေဟာ တကယ်တော့ သိပ်ကို ပင်ပန်းစေပါတယ်

လွယ်လွယ်လေးပြောလိုက်တာတွေကအစ နင့်နေအောင်ခံစားပြီး မျှော်လင့်စောင့်ဆိုင်းနေရတာမျိုးက ကိုယ့်ကို တန်ဖိုးတွေပဲ ကျစေသလိုလို သိမ်ငယ်သလိုလို အမျိုးမျိုးပါပဲ

ကိုယ့်အနားမှာ ရပ်ပြီး တခြားရင်ဘတ်ကို တမ်းတနေတဲ့ လူတစ်ယောက်ကိုလဲ အလိုမရှိဘူး သစ္စာတရားကို စာလုံးတေင်မပေါင်းတတ်တဲ့ လူတစ်ယောက်လဲ မလိုချင်ဘူး

ကိုယ်က သာမန်ထက်ပိုပြီး အစွဲအလမ်းကြီးတတ်သလို သာမန်ထက်ပိုပြီးလဲ မျှော်လင့်တတ်ခဲ့ပါတယ် အဲ့တာတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်ပါတယ်

တစ်ယောက်တည်း နေတတ်အောင်နေတယ် အတွေးတွေအများကြီး ခေါင်းထဲမှာမထည့်ပဲ ဘ၀ကို နေပျော်အောင်နေပါတယ်

ပျော်စရာတွေ ရှိလာတဲ့အခါ အားရပါးရရယ်တတ်သလို ၀မ်းနည်းစရာတွေရှိလာတဲ့အခါ ပြုံးပြုံးလေး ခံနိုင်ရည်ရှိတဲ့အထိ လေ့ကျင့်ထားတယ်

တစ်ယောက်တည်း ရပ်နေတဲ့အခါ ဘယ်သူကမှ ဒုက္ခမပေးနိုင်ဘူးလေ အဲ့တာက ပိုပြီး စိတ်ချမ်းသာဖို့ကောင်းတယ်လေ ပြီးတော့ . .

. နဲနဲလေး အထီးကျန်ရုံပဲ ရှိတာ ကျန်တာ ဘာမှအရာအားလုံးအဆင်ပြေပါတယ် အေးလဲ အေးချမ်းတယ်

အေးချမ်းချင်ရင် တစ်ယောက်တည်းနေ ဘယ်အရာကိုမှ အများကြီးမျှော်လင့်မထားနဲ့ အများကြီးမချစ်နဲ့ အများကြီးမတွယ်တာနဲ့ အဲ့ဒီအများကြီးတွေက သင့်ကို အများကြီး နာကျင်စေလိမ့်မယ် ဖြစ်နိုင်မယ်ဆိုရင် ဘာတွေပဲဖြစ်ဖြစ် အေးချမ်းစေချင်တယ် ။

Credit သျှင်ယွန်း

Zawgyi

အဖော်ဆိုတာ အမြဲတမ်းလိုအပ်လားဆိုတဲ့မေးခွန်းကို ကျွန်တော်မကြာခဏ ကိုယ့်ကိုယ်ကိုယ်မေးဖြစ်တယ် ကိုယ့်ကို သောကတွေပေးမယ့် အဖော်ဆိုရင် မလိုအပ်တာ မလိုချင်တာ အကောင်းဆုံးပါပဲ ကိုယ့်အပေါ် နားလည်မှုမရှိတဲ့ Relationship တစ်ခုကို ဆက်ပြီး ဖက်တွယ်ထားတာထက်စာရင် တစ်ယောက်တည်းနေတာ ပိုကောင်းလိမ့်မယ်လို့ ကိုယ့်ကိုမြင်တယ်

ကိုယ်အများကြီး မျှော်လင့်ခဲ့ဖူးသလို အများကြီးလဲ နာကျင်ခဲ့ရပြီးပါပြီ ။ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်အပေါ် မျှော်လင့်နေရခြင်းတွေ စောင့်ဆိုင်းနေရခြင်းတွေဟာ တကယ်တော့ သိပ်ကို ပင်ပန်းစေပါတယ် လွယ်လွယ်လေးပြောလိုက်တာတွေကအစ နင့်နေအောင်ခံစားပြီး မျှော်လင့်စောင့်ဆိုင်းနေရတာမျိုးက ကိုယ့်ကို တန်ဖိုးတွေပဲ ကျစေသလိုလို သိမ်ငယ်သလိုလို အမျိုးမျိုးပါပဲ

ကိုယ့်အနားမှာ ရပ်ပြီး တခြားရင်ဘတ်ကို တမ်းတနေတဲ့ လူတစ်ယောက်ကိုလဲ အလိုမရှိဘူး သစ္စာတရားကို စာလုံးတေင်မပေါင်းတတ်တဲ့ လူတစ်ယောက်လဲ မလိုချင်ဘူး ကိုယ်က သာမန်ထက်ပိုပြီး အစွဲအလမ်းကြီးတတ်သလို သာမန်ထက်ပိုပြီးလဲ မျှော်လင့်တတ်ခဲ့ပါတယ် အဲ့တာတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်ပါတယ်

တစ်ယောက်တည်း နေတတ်အောင်နေတယ် အတွေးတွေအများကြီး ခေါင်းထဲမှာမထည့်ပဲ ဘ၀ကို နေပျော်အောင်နေပါတယ် ပျော်စရာတွေ ရှိလာတဲ့အခါ အားရပါးရရယ်တတ်သလို ၀မ်းနည်းစရာတွေရှိလာတဲ့အခါ ပြုံးပြုံးလေး ခံနိုင်ရည်ရှိတဲ့အထိ လေ့ကျင့်ထားတယ်

တစ်ယောက်တည်း ရပ်နေတဲ့အခါ ဘယ်သူကမှ ဒုက္ခမပေးနိုင်ဘူးလေ အဲ့တာက ပိုပြီး စိတ်ချမ်းသာဖို့ကောင်းတယ်လေ ပြီးတော့ . . . နဲနဲလေး အထီးကျန်ရုံပဲ ရှိတာ ကျန်တာ ဘာမှအရာအားလုံးအဆင်ပြေပါတယ် အေးလဲ အေးချမ်းတယ်

အေးချမ်းချင်ရင် တစ်ယောက်တည်းနေ ဘယ်အရာကိုမှ အများကြီးမျှော်လင့်မထားနဲ့ အများကြီးမချစ်နဲ့ အများကြီးမတွယ်တာနဲ့ အဲ့ဒီအများကြီးတွေက သင့်ကို အများကြီး နာကျင်စေလိမ့်မယ် ဖြစ်နိုင်မယ်ဆိုရင် ဘာတွေပဲဖြစ်ဖြစ် အေးချမ်းစေချင်တယ် ။

Credit သျှင်ယွန်း