ယောကျ်ားဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ် ကြွက်တက်တဲ့ပြဿနာကို ကြုံဖူးကြမယ်ထင်ပါတယ်။ ကြွက် တက်ခဲ့သော် ဘယ်လိုကုသရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြန်လည်မျှဝေချင်ပါတယ်။ ကြွက်တက်ရတဲ့အကြောင်းအရင်းမြောက်များစွာရှိပါတယ်။ ဆေးဝါးကြာရှည်သောက် သုံးခြင်း ကနေ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
အဖြစ်အများဆုံး အ ချက်တွေ ကတော့ ဗီတာမင်ချို့တဲ့ တာနဲ့ ကြွက်သားအသုံးပြု လှုပ်ရှားမှု များလွန်တာတွေကြောင့် ဖြစ်ပါတယ်။အထူးသဖြင့် ကြွက်သားတွေကို အလွန်အကျွံအသုံးပြုရတဲ့ အားကစားသမားလို လူမျိုးတွေမှာ အဖြစ်များပါတယ်။ ခြေထောက်မှာ သွေးလျှောက်မှုအား မကောင်းလို့လည်း ဖြစ် တတ်ပါတယ်။ ရေ ဓာတ်ခန်းခြောက်လို့လည်း ဖြစ်တတ်ပြီး မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ ပို တက်ဆီယမ်ဓာတ်တွေ ချို့တဲ့တာကြောင့်လည်း ဖြစ်တတ်ပါ တယ်။ ကြွက်တက်လာတဲ့ အခါ ဒီအချက်တွေနဲ့ ချက်ချင်းကုသလို့ရပါတယ်။
အကြောဆန့်ပါ – ကြွက်တက်လာတဲ့အခါ အကြောဆန့်ဖို့ ကြိုးစားပါ။ အကြောဆန့်တယ် ဆိုတဲ့ နေရာမှာ ရှုပ်ရှုပ်ထွေးထွေးလုပ်စရာ မလို ပါဘူး။ နံရံတစ်ခုမှာ ကပ်ရပ်ပြီး ခြေထောက်ကို ဆန့် ထားရင်ပဲ အဆင်ပြေပါတယ်။ ဖြေလျော့ခြင်း – ကြွက်သား ဖြေလျော့ခြင်းကလည်း အ ကူအ ညီဖြစ်ပါတယ်။ ကြွက်တက်လာတဲ့အခါ ကြွက်သားတွေကိုညှစ်ထားတာမျိုးက ပိုဆိုးစေပါတယ်။ ဒီ့အစား ခြေထောက်ကြွက်သား တွေကို ဖြေလျှော့ခွင့်ပြုပါ။
နှိပ်ပါ – ကြွက်တက်ချိန်မှာ သင်နဲ့အ တူ အခြားတစ်ယောက်ရှိတယ်ဆိုရင် ကြွက်တက်တဲ့နေရာကို နှိပ်ပေးပါ။ ကြွက်တက်မှုကို ပြေ လျော့စေပြီး နောက်ပိုင်းဖြစ်ပွားမယ့် နာကျင်မှုကို တိုက်ခိုက်ရာမှာ အကူအညီဖြစ်ပါတယ်။ ခြေမ ချိုးပေးပါ – အရိုးရှင်း ဆုံးနည်းလမ်းကတော့ ကြွက်တက်လာတဲ့အခါ ခြေမကို ချိုးပေးတာ ဖြစ် ပါတယ်။ ချိုးတဲအခါမှာ ခြေမတွေကို ပြေလျော့သွားအောင် လှည့် ပေးရမှာလည်း ဖြစ်ပါတယ်။
မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်။
Zawgyi