Love

ဒီတစ်ခါပြန်ဆုံဖြစ်ခဲ့ရင် အလှဆုံးပြုံးပြနိုင်တဲ့သူက ကိုယ်ဖြစ်ပါစေ ။

မလိုချင်ပါပဲ ရလာတဲ့လမ်းခွဲတွေမှာ ကိုယ် ပြိုလဲခဲ့ဖူးတာပေါ့ … အရာရာမှာ နှလုံးသားနဲ့ရင်းထားတော့ နေရာတကာ ရင်နဲ့အမျှ နာကျင်ရတာဟာ သဘာ၀ တဲ့ ။

ကိုယ်မမှားခဲ့ပါပဲ ကိုယ်ခံစားရတာတွေကို ဒီနေ့ဒီအချိန်မှာပဲ ရပ်တန့်လိုက်ချင်ပြီ ။ တစ်နေ့ ပြန်ဆုံဖြစ်ခဲ့ရင် အလှဆုံးပြုံးပြနိုင်တဲ့သူက ကိုယ်ဖြစ်ပါစေ ။

ကျွန်မ ရိုးသားခဲ့ဖူးတယ် …. သိပ်ချစ်တာကို သိပ်ချစ်တယ်လို့ ပြောပြခဲ့ဖူးသလို သိပ်ကို ချစ်ပြခဲ့ဖူးတယ် ။

လူတစ်ယောက်ကို ချစ်တဲ့အခါ အဲ့ဒီလူရဲ့ဆိုးခြင်းကောင်းခြင်းတွေကို ချစ်တတ်ပေးရတယ်တဲ့ အဲ့ဒီစကားတွေကို တကယ်ကြီး ယုံပြီး တကယ်ကြီး လိုက်နာခဲ့ဖူးတဲ့ ရူးပေါပေါကောင်မလေးပေါ့ … နားလည်မှုတွေ ပေးခဲ့ဖူးသလို ခဏခဏလဲ ခွင့်လွှတ်ခဲ့ဖူးပါတယ် ။

တစ်နေ့ကျရင်တော့ နားလည်လာမှာပါဆိုတဲ့ မသေချာမှုကြီးကို သေသေချာချာ ဆုတ်ကိုင်ထားပြီး မရေရာမှုတွေကြားမှာ ကျွန်မ ရူးခဲ့တာလေ …

နောက်ဆုံးရလာဒ်ကတော့ ကိုယ်မျှော်လင့်ထားသလို ပျော်ရွှင်စွာ ဇာတ်သိမ်းကြလေသတည်းမဟုတ်ပဲ …

မဖြစ်နိုင်တဲ့ ဇာတ်လမ်းကို ဒီမှာတင် ဒီလို အဆုံးသတ်ကြတာပေါ့ ဆိုတဲ့ မပေါင်းရခြင်းတွေဟာ ဇာတ်သိမ်းခန်းပေါ့ ။

လွယ်လိုက်တာလို့ … ရေရွှတ်ရုံက လွဲလို့တခြားဘာများ တတ်နိုင်ခဲ့မှာလဲ ကိုယ် ချစ်ခဲ့တာ ကိုယ်ကိုယ်တိုင် သိခဲ့သလို ကိုယ်ဘယ်လောက်ချစ်ခဲ့သလဲဆိုတာလဲ ကိုယ်ကိုယ်တိုင်ပဲ သိပါတယ် ..

ကိုယ့်အနားရှိခဲ့တုန်းကလဲ အတတ်နိုင်ဆုံး ပျော်အောင် ထားခဲ့သလို ကိုယ့်အနား မနေချင်တော့ဘူးဆိုတဲ့အချိန်ကျရင်လဲ ကျန်ခဲ့ရတာပေါ့ …

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကြောင်းသင့်လို့ပြန်ဆုံကြရင်တော့ …

အလှဆုံးပြုံးပြနိုင်တဲ့ ကျွန်မ ပဲ ဖြစ်ပါစေ .. အနည်းဆုံး ကျွန်မ အဆင်ပြေပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အနိုင်လေး ယူပါရစေ ။

မိန်းမသားတို့အတွက်
Credit သျှင်ယွန်း