တစ်ခါတစ်ရံမှာ ကိုယ်အတတ်နိုင်ဆုံး ပြုံးနေတဲ့ကြားက မဲ့မဲ့သွားတတ်သေးတယ်မရင့်ကျက်ခြင်း သဘောတွေပေါ့
ထိုးနှက်ချက်တွေကြားမှာ အတတ်နိုင်ဆုံး ကျွန်မ ပြုံးပါတယ် အထိနာစေမယ့် စကားလုံးတွေတိုင်းကိုတော့ ခံနိုင်ရည် မရှိခဲ့ဘူးပေါ့ ဥပမာ – အမေများနေ့ရောက်တဲ့အခါ ကျွန်မ မျက်ရည်ဝဲရတယ် ကျွန်မမှာ အမေလို့ ခေါ်ခွင့်မဲ့ခဲ့တာ နှစ်ကာလ အတန်ကြာပြီလေ ။
အိမ်ကို ပြန်ရောက်တဲ့အခါ အပြုံးနဲ့မျှော်နေမယ့် အမေ ကျွန်မ ဘ၀ထဲက ထွက်သွားခဲ့ပြီ ။စိတ်ပူသံလေးနဲ့ တဖွဖွမှာတတ် စကားတွေလဲ ကျွန်မ ဘ၀မှာ တိတ်ဆိတ်ခဲ့တာ အတော်ကြာပါပြီ
ရင်ဘတ်ထဲကနေ အမေလို့ တမ်းတရတာနဲ့ ဘေးနားကအမေကို ဖက်ထားရတာ ဘယ်တူပါ့မလဲ ကျွန်မလဲ တခြားသူတွေလို အမေ့လို ချွဲခွင့်လေးရချင်သေးတယ် အမေ့အပြုံးလေးတွေကို ဖန်တီးခွင့်ရချင်သေးတယ် ဒီဘ၀တော့ ကျွန်မ ထပ်ပြီး မရနိုင်တော့ပါဘူး
ဒါကြောင့် သင့်မှာ အမေလို့ ခေါ်ခွင့်ရှိနေသေးရင် အမေလို့ တ၀ကြီးခေါ်ပစ်လိုက်စမ်းပါ အဝေးမှာပဲ ရောက်နေနေ အနီးမှာပဲ ရှိနေနေ အမေ့ကို စိတ်ချမ်းသာအောင် ထားပါလူတိုင်းမှာ ဒီလိုအခွင့်အရေးမျိုး မရကြဘူး ကျွန်မလို တမ်းတပြီး လွမ်းရတာမျိုးလဲ ဘယ် သားသမီးကိုမှ မဖြစ်စေချင်ဘူး
အမေ . . . . . လွမ်းတယ် အမေ ပြိုလဲကျချင်နေတဲ့ အချိန် အမေ့ကိုဖက်ပြီး ရပ်ချင်တယ် ငိုကြွေးချင်တဲ့အချိန် အမေ့ရင်ခွင်ထဲ ၀င်ပြေးချင်တယ် နေထိုင်မကောင်းတဲ့အချိန် အမေဖက်ထားတာလေး ပြန်လိုချင်တယ် လွမ်းတယ် အမေ။
မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်

အိမ်ကို ပြန်ရောက်တဲ့အခါ အပြုံးနဲ့မျှော်နေမယ့် အမေ ကျွန်မ ဘဝထဲက ထွက်သွားခဲ့ပြီ ။စိတ်ပူသံလေးနဲ့ တဖွဖွမှာတတ် စကားတွေလဲ ကျွန်မ ဘဝမှာ တိတ်ဆိတ်ခဲ့တာ အတော်ကြာပါပြီ
ရင်ဘတ်ထဲကနေ အမေလို့ တမ်းတရတာနဲ့ ဘေးနားကအမေကို ဖက်ထားရတာ ဘယ်တူပါ့မလဲ ကျွန်မလဲ တခြားသူတွေလို အမေ့လို ချွဲခွင့်လေးရချင်သေးတယ် အမေ့အပြုံးလေးတွေကို ဖန်တီးခွင့်ရချင်သေးတယ် ဒီဘဝတော့ ကျွန်မ ထပ်ပြီး မရနိုင်တော့ပါဘူး
ဒါကြောင့် သင့်မှာ အမေလို့ ခေါ်ခွင့်ရှိနေသေးရင် အမေလို့ တဝကြီးခေါ်ပစ်လိုက်စမ်းပါ အဝေးမှာပဲ ရောက်နေနေ အနီးမှာပဲ ရှိနေနေ အမေ့ကို စိတ်ချမ်းသာအောင် ထားပါလူတိုင်းမှာ ဒီလိုအခွင့်အရေးမျိုး မရကြဘူး ကျွန်မလို တမ်းတပြီး လွမ်းရတာမျိုးလဲ ဘယ် သားသမီးကိုမှ မဖြစ်စေချင်ဘူး
အမေ . . . . . လွမ်းတယ် အမေ ပြိုလဲကျချင်နေတဲ့ အချိန် အမေ့ကိုဖက်ပြီး ရပ်ချင်တယ် ငိုကြွေးချင်တဲ့အချိန် အမေ့ရင်ခွင်ထဲ ဝင်ပြေးချင်တယ် နေထိုင်မကောင်းတဲ့အချိန် အမေဖက်ထားတာလေး ပြန်လိုချင်တယ် လွမ်းတယ် အမေ။
Unicode