တစ္ဦးတည္းအလႉရွင္ျဖင့္ တည္ထားေသာ ျမန္မာႏိုင္ငံ၏တတိယအႀကီးဆုံး႐ုပ္ပြားေတာ္
မဇၨ်ိမလာဘေဗာဓိထိုင္ေတာ္မူ႐ုပ္ပြားေတာ္ျမတ္ႀကီးကို၂၀၁၅ ခုႏွစ္မွစ၍ မဇၨိမမေနာသုခေဖာင္ေဒးရွင္း
သီရိသုဓမၼသိဂႌဘြဲ႕ရ ေဒၚျမရွင္ မွ တစ္ဦးတည္းအလႉရွင္အျဖစ္ တည္ခဲ့ရာ ယခုတြင္ ၉၀% ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရပါတယ္။
႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဉာဏ္ေတာ္မွာ(၁၀၈)ေပရွိၿပီးပလႅင္ေတာ္မွာ(၁၅)ေပအျမင့္ရွိပါတယ္။
႐ုပ္ပြားေတာ္ျမတ္ႀကီးသည္ကခ်င္ျပည္နယ္ ၊ ျမစ္ႀကီးနားၿမိဳ႕၊ပလနေက်း႐ြာအုပ္စု ပလန-(၂) ကံ့ေကာ္ၿမိဳင္ေက်း႐ြာ မဇၨ်ိမမေနာသုခေဖာင္ေဒးရွင္းေက်ာင္းဝင္းအတြင္း တည္ရွိပါတယ္။
ကုန္က်မႈတန္ဖိုးက်ပ္သိန္း(၄၀၀၀၀)ခန႔္ျဖင့္ တည္ထားကိုးကြယ္ခဲ့သည့္ တစ္ဦးတည္းအလႉရွင္ဒကာမႀကီး၏ ကုသိုလ္အတြက္လည္းအံ့ဩဝမ္းသာမဆုံး ပီတိျဖစ္ရလို႔လည္းသာဓုအႀကိမ္ႀကိမ္ေခၚမိပါတယ္။
ကခ်င္ျပည္နယ္သူျဖစ္ေပမယ့္ မိမိသည္ပင္လွ်င္ မဖူးေမွ်ာ္ရေသးေပ။
ဒါ့ေၾကာင့္…,
ဘုရားဖူးဧည့္သည္မ်ားျဖင့္ ၾကက္ပ်ံမက် စည္ကားေနၿပီျဖစ္ေသာမဇၨ်ိမလာဘေဗာဓိထိုင္ေတာ္မူ႐ုပ္ပြားေတာ္ႀကီးကိုဓမၼမိတ္ေဆြမ်ားမွလည္း
ကပ္ေရာဂါကာလႀကီး လြန္ေျမာက္သြားခဲ့လွ်င္ ကခ်င္ျပည္နယ္သို႔ လာေရာက္၍ဖူးေမွ်ာ္ၾကည္ညိဳၾကပါဦးလို႔ ဖိတ္ေခၚလိုက္ပါရေစ။
မသုနႏၵာေထရီ(ဗန္းေမာ္)
Unicode
တစ်ဦးတည်းအလှူ့ရှင်အဖြစ် လှူဒါန်းခဲ့သည့် ဉာဏ်တော်မှာ( ၁၀၈ )ပေ၊ပလ္လင်တော်မှာ( ၁၅ )ပေအမြင့်ရှိ ရုပ်ပွါးတော်ကြီး
တစ်ဦးတည်းအလှူရှင်ဖြင့် တည်ထားသော မြန်မာနိုင်ငံ၏တတိယအကြီးဆုံးရုပ်ပွားတော်
မဇ္ဇျိမလာဘဗောဓိထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးကို၂၀၁၅ ခုနှစ်မှစ၍ မဇ္ဇိမမနောသုခဖောင်ဒေးရှင်း
သီရိသုဓမ္မသိင်္ဂီဘွဲ့ရ ဒေါ်မြရှင် မှ တစ်ဦးတည်းအလှူရှင်အဖြစ် တည်ခဲ့ရာ ယခုတွင် ၉၀% ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။
ရုပ်ပွားတော်မြတ်ကြီး၏ ဉာဏ်တော်မှာ(၁၀၈)ပေရှိပြီးပလ္လင်တော်မှာ(၁၅)ပေအမြင့်ရှိပါတယ်။
ရုပ်ပွားတော်မြတ်ကြီးသည်ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၊ပလနကျေးရွာအုပ်စု ပလန-(၂) ကံ့ကော်မြိုင်ကျေးရွာ မဇ္ဇျိမမနောသုခဖောင်ဒေးရှင်းကျောင်းဝင်းအတွင်း တည်ရှိပါတယ်။
ကုန်ကျမှုတန်ဖိုးကျပ်သိန်း(၄၀၀၀၀)ခန့်ဖြင့် တည်ထားကိုးကွယ်ခဲ့သည့် တစ်ဦးတည်းအလှူရှင်ဒကာမကြီး၏ ကုသိုလ်အတွက်လည်းအံ့ဩဝမ်းသာမဆုံး ပီတိဖြစ်ရလို့လည်းသာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်။
ကချင်ပြည်နယ်သူဖြစ်ပေမယ့် မိမိသည်ပင်လျှင် မဖူးမျှော်ရသေးပေ။
ဒါ့ကြောင့်…,
ဘုရားဖူးဧည့်သည်များဖြင့် ကြက်ပျံမကျ စည်ကားနေပြီဖြစ်သောမဇ္ဇျိမလာဘဗောဓိထိုင်တော်မူရုပ်ပွားတော်ကြီးကိုဓမ္မမိတ်ဆွေများမှလည်း
ကပ်ရောဂါကာလကြီး လွန်မြောက်သွားခဲ့လျှင် ကချင်ပြည်နယ်သို့ လာရောက်၍ဖူးမျှော်ကြည်ညိုကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေ။
မသုနန္ဒာထေရီ(ဗန်းမော်)