သင့်ကို မိန်းကလေးတွေ သိစေချင်ဆုံး အရာ(၁၀)ခု
မိန်းမတွေဟာ ကျွန်တော်တို့ကို မပြောရပဲ သူတို့စိတ်ကို အလိုလို သိစေချင်ကြပါတယ်။
ဒါမဖြစ်နိုင်ဘူးဆိုတော့ အနည်းဆုံး သူတို့အကြောင်းကိုတော့ သိနေစေချင်ကြပါသေးတယ်။
အဲဒါကြောင့် သူတို့စိတ်ထဲ ဘယ်လိုရှိလဲ ဆိုတာကိုကျွန်တော်တို့ရဲ့ ပါတ်ဝန်းကျင်ကမိန်းကလေး မိတ်ဆွေတွေနဲ့ ရည်းစားတွေကို မေးကြည့်ခဲ့ပါတယ်။
သူတို့ပြောတဲ့အထဲက အပြောများဆုံး အရာ ၁၀ ခုကို ဖော်ပြလိုက်ရပါတယ်။
( ၁ ) မိန်းကလေးတွေ အထင်ကြီးအောင် မကြိုးစားပါနဲ့
သင် မိန်းကလေးတွေကို အထင်ကြီးအောင် လုပ်နိုင်ပါတယ်။ဒါပေမယ့် သင့်သူငယ်ချင်းတွေကိုအထင်ကြီးစေတဲ့ နည်းလမ်းတွေနဲ့တော့ မဟုတ်ပါဘူး။
ဆဲတာ၊ ရန်ဖြစ်တာ၊ အရက် အများကြီးသောက်နိုင်တာ၊သင့်သူငယ်ချင်းယောက်ျားတွေ ကြားထဲမှာတော့ အဲဒါက အထင်ကြီးစရာပါ။
ဒါပေမယ့် မိန်းကလေးတွေကတော့ သင့်ကို လူမိုက်တစ်ယောက်လို့ ထင်သွားကြပါလိမ့်မယ်။
( ၂ ) မိန်းကလေးတွေဟာ သူတို့ခြေထောက်တွေကို ညတိုင်းအမွှေးမရိတ်ပါဘူး
မိန်းမတွေဟာ သူတို့ခြေထောက်တွေမှာ အရမ်းအရေးမကြီးရင် အမွှေးမရိတ်တတ်ကြပါဘူး။ ညတိုင်း ရိတ်ဖို့လဲ မလိုကြပါဘူး။
( ၃ ) မိန်းကလေးတွေဟာ သူမအပေါ် ဂျီကျသူတွေကို မကြိုက်ကြပါဘူး
မူကြိုမှာတုန်းကတော့ တခြား ကောင်မလေးတွေကို မြင်ရင် စလိုက်ရမှ၊ နာမည်ပြောင် ခေါ်လိုက်ရမှ၊ အရုပ် ခိုးလိုက်ရမှ ကျေနပ်ကြတာပါ။
ဒါပေမယ့် အခု အသက်ကြီးတဲ့ အခါမှာတော့ အဲဒါတွေလုပ်နေလို့ မရပါဘူး။
နောက်တတ်ပြောင်တတ်တဲ့ချစ်စရာ ကလေး ငယ်ငယ်လေးနဲ့ယဉ်ကျေးမှုမရှိတဲ့ လူတစ်ယောက်ဆိုတာ အရမ်းကွာပါတယ်။
( ၄ ) မိန်းကလေးတွေအတွက် ပိုက်ဆံဟာ အရေးမကြီးပါဘူး
တချို့လူတွေက မိန်းကလေးတွေက ဆင်းရဲသူနဲ့ ချမ်းသာသူမှာ ချမ်းသာသူကို ရွေးတယ်လို့ ထင်တတ်ကြပါတယ်။
ချမ်းသာလေ မိန်းကလေးတွေ ပိုစိတ်ဝင်စားလေ ထင်တတ်ကြပါတယ်။
တခြား အချက်အလက်တွေ အားလုံးတူနေရင်တော့ ချမ်းသာသူကို အိုးမဲ့အိမ်မဲ့ထက် ဦးစားပေး ရွေးကြမှာပါ။
ဒါပေမယ့် မိန်းကလေးတွေအတွက် ပိုက်ဆံချမ်းသာတာထက် ပိုပြီးအလေးထားတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။
သူကြိုက်ရင်တော့ သင့် စီးပွားရေးအခြေအနေ ဘယ်လိုရှိရှိ ကြိုက်မှာပါပဲ။ သင်က အရမ်းကပ်စီးကုပ်နေပြီး သူမအတွက် တစ်ပြားမှ မသုံးချင်ရင်တော့ တစ်မျိုးပါ။
( ၅ ) သင့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရင် သင့်ရည်းစားလို့ မိတ်ဆက်ပေးပါ
ကဲ စဉ်းစားကြည့်ကြရအောင်။ သင်က သင့်ကောင်မလေး အိမ်မှာပါ။သင်တို့နှစ်ယောက် ရည်းစားဖြစ်တာ ကြာပါပြီ။
စုံတွဲ Profile တွေလဲ ပြောင်းပြီးပါပြီ။ အဲဒိအချိန် သူ့သူငယ်ချင်းတွေ လာပါတယ်။သူကသင့်ကို သူတို့ကို မိတ်ဆက်ပေးပါတယ်။
” ဟဲ့ ဒါငါ့သူငယ်ချင်း ကျော်ကျော်လေ” သင် ဘယ်လို ခံစားရပါသလဲ။သူမလဲ တူတူပါပဲ။ သင့် ရည်းစားအနေနဲ့ မိတ်ဆက်ပေးပါ။
( ၆ ) လျှို့ဝှက်ထားတာဟာ ဖောက်ပြန်တာပါပဲ
သင် တခြားကောင်မလေးတစ်ယောက်နဲ့ အဆက်အဆံ ရှိတာရင်းရင်းနှီးနှီးနေတာ ဟာ ဖောက်ပြန်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် အဲ့ဒါကို သူမကို ပြောပြမထားပဲ လျှို့ဝှက်ထားရင်တော့သူမက သင့်ကို ဖောက်ပြန်နေတယ်လို့ ယူဆသွားမှာပါ။
( ၇ ) သင် သူမကို စာပြန်မပို့ရင် စိုးရိမ်တတ်ကြပါတယ်
Message တွေပို့တာဟာ လွယ်ကူတဲ့အရာတွေပါ။ ဒါပေမယ့် သူတို့မှာ အဓိပ္ပါယ်တွေ ရှိကြပါတယ်။
တကယ်လို့ သင် သင့်ကောင်မလေးရဲ့ စာတွေကို ပြန်မပို့ရင် သင် သူမစာတွေကို ဂရုမစိုက်တာပဲ ဖြစ်ဖြစ်၊ အရေးမကြီးဘူးလို့ ပြောတာနဲ့ တူတူပါ။
အဲဒါကြောင့် တတ်နိုင်သမျှ စာပြန်ပါ။ ကားမောင်းနေစဉ်တော့ မလုပ်ပါနဲ့။
( ၈ ) မိန်းကလေးတွေဟာ သူမတို့ကိုယ်သူမ အရမ်း ဂရုစိုက်တတ်ကြပါတယ်
ကြော်ငြာတွေ၊ Billboard တွေမှာ အရမ်းလှတဲ့ မော်ဒယ်တွေရဲ့ ပုံနဲ့ နေရာတိုင်းမှာ ဝန်းရံခံနေရတဲ့အခါ
ကောင်မလေးတွေဟာ သူမတို့ကိုယ်သူမ အရမ်းဂရုစိုက်ကြပါတယ်။သူမကို လှတယ်လို့ ခဏခဏ ပြောပေးပါ။ သူမကို အာရုံစိုက်ပေးပါ။
အရေးကြီးဆုံးက သူမနဲ့ တူတူ ရှိနေတုန်း တခြားမိန်းမတွေကို မျက်စိအရသာ မခံပါနဲ့။
( ၉ )သင် ချစ်တယ်လို့ ပြောတဲ့ပုံစံက အရေးကြီးပါတယ်
သူမ က သင့်ကို I love you လို့ပြောရင် Me too လို့ပြောတာဟာ အဆင်ပြေပါတယ်။
ဒါပေမယ့် luv u 2 ဆိုရင်တော့ မဟုတ်သေးပါဘူး။ လေးလေးစားစား စကားအပြည့်ပြောပါ။
( ၁၀ )သူမ စိတ်ဆိုးတာ သင့်ကို ဂရုစိုက်စေချင်လို့ပါ
ဒီဟာက အမြင်နဲ့ ပြောင်းပြန်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သူမ သင့်ကို ဆူတာ၊ ပြောတာ၊ ငိုနေတာဟာသူမကို နမ်းစေချင်လို့ ဖြစ်ပြီး
သင် သူမကိုအရမ်းချစ်တယ်ဆိုတာ ပြောစေချင်လို့ပါ။သူမ သင့်ကို ဥပေက္ခာ ပြုထားရင် သူမကို ဂရုစိုက်ပေးပါ။
ရန်ပွဲတွေ၊ သဘောမတူညီချက်တွေဟာ ဝန်ခံခြင်း၊ခွင့်လွှတ်ခြင်းနဲ့ ချစ်မေတ္တာနဲ့ ဖြေရှင်းရတာပါ။တိတ်ဆိတ်ခြင်းနဲ့ ဖြေရှင်းလို့ မရပါဘူး။
Credit-gentleman
Unicode