Knowledge Local News

ခါးသေးချင်တဲ့သူတွေအတွက် ခါးသေးပြီးဗိုက်ပါချပ်စေမယ့် လေ့ကျင့်ခန်း ၅ မျိုး

ခါးသေးချင်တဲ့သူတွေအတွက် ခါးသေးရုံတင်မဟုတ်ပဲ ဗိုက်ပါချပ်သွားစေမယ့် လေ့ကျင့်ခန်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ခါးသေးဗိုက်ချပ်တဲ့ လေ့ကျင့်ခန်းတွေကတော့ အများကြီးရှိပေမယ့် အလွယ်ကူဆုံးဖြစ်စေမယ့်

လေ့ကျင့်ခန်း ၅ မျိုးကိုပဲ ရွေးချယ်ပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

ပထမပုံမှာပြထားတဲ့အတိုင်းလှဲပြီး ခြေထောက်နှစ်ဖက်ကို တန်းနေအောင်မြှောက်ထားပါ။

လက်နှစ်ဖက်ကိုလည်း ရှေ့ကိုဆန့်ထုတ်ထားပါ။ ပြီးရင်တော့ ဒုတိယပုံထဲကလို ခြေထောက်နဲ့လက်ကိုထိအောင် ကုန်းထရပါမယ်။

ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ အဲ့အတိုင်း ၁၀ ကြိမ်လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၂

ပုံမှာပြထားတဲ့အတိုင်းနေပြီး လက်နှစ်ဖက်ကို ဘယ်ဘက်ကိုဆန့်ထုတ်လိုက်၊ ညာဘက်ကိုဆန့်ထုတ်လိုက်နဲ့ လုပ်ပေးရပါမယ်။

ခါးကိုလိမ်သလိုဖြစ်စေတဲ့အတွက် ခါးကျစ်ပြီး ခါးသေးစေပါတယ်။

လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ တစ်ဖက်ကို ၁၀ ကြိမ်စီပါ။

လေ့ကျင့်ခန်း ၃

ကြမ်းပြင်မှာလှဲပြီး လက်နှစ်ဖက်ကိုဆန့်ကာ ကြမ်းမှာကပ်ထားပါ။

အဲ့အတိုင်းနေပြီး ခြေထောက်တစ်ဖက်ကို မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ ဘယ်ခြေထောက် ၁၀ ကြိမ်၊ ညာခြေထောက် ၁၀ ကြိမ်စီ လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၄

မတ်တပ်ရပ်ပြီး ခြေထောက်၊ ခါး၊ ခန္ဓာကိုယ်အနေအထား မတ်နေရပါမယ်။

ပြီးမှ လက်တစ်ဖက်ကို အပေါ်မြှောက်ပြီး တစ်ဖက်ကိုကိုင်းရပါမယ်။

အဲ့အတိုင်း ဘယ် ၁၀ ကြိမ်၊ ညာ ၁၀ ကြိမ်စီ လုပ်ပေးပါ။

လေ့ကျင့်ခန်း ၅

ပထမပုံထဲကအတိုင်း စနေရပါမယ်။ ပြီးရင်တော့ ဒူးထောင်ထားတဲ့ဘက်ကို ဒုတိယပုံထဲကလို လှည့်ပေးရမှာပါ။

လှည့်လိုက်တဲ့အချိန်မှာ ၅ စက္ကန့်လောက်နေပေးပါ။ ပြီးမှ အရှေ့ပြန်လှည့်ပါ။

အဲ့အတိုင်း ဘယ် ၅ ကြိမ်၊ ညာ ၅ ကြိမ်စီ လုပ်ပေးရပါမယ်