Uncategorized

သင်္ဘောရွက်နဲ့ ဆံပင်ရှည်မြန်အောင်လုပ်မယ်

သင်္ဘောရွက်နဲ့ ဆံပင်ရှည်မြန်အောင်လုပ်မယ်

ချစ်တို့ရေဒီနေ့ lrene က မိန်းကလေး အများစု သိချင်နေကြတဲ့ လျှိုဝှက်ချက် တစ်ခုကို ပြောပြမယ်နော် ။

ဒါကတော့ ဆံပင်ရှည် မြန်အောင်လုပ်နိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းလေးပဲ ဖြစ်ပါတယ်။အားလုံး အလွယ်တကူရှာလို့ရတဲ့ သဘော်ရွက်ကို အဓိကသုံးပြီး လုပ်ပြသွားမှာမို့ အိမ်မှာ ကိုယ်တိုင်လုပ်နိုင်ပြီနော်

သဘော်ရွက်ဟာ ဆံပင်ရှည်မြန်စေရုံသာမက ဆံပင်ပါးတာ၊ ဆံလုံးသေးတာ၊ ဆံပင်ဖြူတာအပြင် ဗောက်အတွက်ပါ အရမ်းကောင်းတဲ့ အရွက်တစ်မျိုးဖြစ်ပါတယ်။

ကဲစာအများကြီးမရေးတော့ဘူး။လုပ်နည်းလေးဆီပဲ သွားလိုက်ရအောင်နော်။

ပါဝင် ပစ္စည်း

1 သဘော်ရွက်-၂ရွက်

2 ဆန်ဆေးရည်-ပန်းကန်လုံးနဲ့ တစ်ခွက်

3 သံပရာသီး-၁လုံး

ပြုလုပ်ပုံ

1 သဘော်ရွက် ၂ရွက် ကို ရေဆေးပါ။

2 ကတ်ကြေး (သို့) ဓားဖြင့် အပိုင်းပိုင်း လှီးဖြတ်ပါ။

3 လှီးဖြတ်ထားသော သဘော်ရွက်များကို ဆန်ဆေးရည်တစ်ခွက်နဲ့ ရောပြီး Blender ထဲထည့်ကျိတ်ပါ။

4 အဖတ်များကို ဇကာဖြင့် စစ်ထုတ်ပါ။

5 စစ်ထုတ်ပြီးရလာတဲ့ အရည်ကို ဆူအောင်တည်ပါ။

6 ပွက်ပွက်ဆူထားသော သဘော်ရည်ထဲသို့ သံပုရာသီး တစ်လုံး ညှစ်ထည့်ပါ။

7 အေးလာသည်အထိ အအေးခံထားပါ။

အသုံးပြုပုံ

1 ခေါင်းမလျှော်မီ ဦးရေပြားနေရာအနှံ့ လိမ်းကာ နှိပ်နယ်ပေးပါ။

2 နာရီဝက်-၁နာရီခန့်အထိ ထားပါ။

3 ပုံမှန်သုံးနေကျအတိုင်း Shampoo ဖြင့် ခေါင်းလျှော်ပါ။

မှတ်ချက်

မကျို/မချက်ထားသော အရည်ကိုမသုံးပါနဲ့။အစေးကြောင့် ယားယံတာမျိုး ဖြစ်တတ်ပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေရှင်။