ကာယပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တိုးတတ်ကောင်းမွန်စေဖို့သာမကပဲ တတ်ကြွတဲ့ လူနေမှုပုံစံရရှိဖို့ အရမ်းလူကြိုက်များနေတဲ့ တရုတ်နည်းပညာ Qigong လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ အသက်ရှုလေ့ကျင့်ခန်း
နည်းစနစ်ဖြင့် အသက်ရှုခြင်းက သင့်ဘဝတစ်လျှောက်လုံး အသက်ရှည်ရှည်နဲ့ ကျန်းမာပျော်ရွင်မှုကို ရရှိစေနိုင်ပါတယ်။
သင့်နှာခေါင်းမှတဆင့် ဖြည်းဖြည်းချင်း အသက်ရှုပါ။ ၁-၂စက္ကန့်လောက် ထိန်းထားပါ။
အဆုတ်တွေထဲကို စွမ်းအင်အပြည့်အဝဖြည့်ဖို့ နောက်ထပ် နည်းနည်းရှုရှိုက်ပါ။
၁-၂စက္ကန့်လောက် ထိန်းထားပြီး သင့်ပါးစပ်မှတဆင့် ရှုထုတ်ပေးပါ။ ဖြေးဖြေးနှင့် ကြာကြာရှုထုတ်ပါ။
ဒီအသက်ရှုနည်းစနစ်က ခန္ဓာကိုယ်တစ်ခုလုံးကို မျှတစေပြီး အိုမင်းမှုဖြစ်စဉ်ကို သိသိသာသာ နှေးကွေးစေပါတယ်။
၂။ သွေးပူလေ့ကျင့်ခန်း
သွေးပူလေ့ကျင့်ခန်းက အရမ်းအရေးကြီးပါတယ်။ ဒါက ပြင်ဆင်မှုခြေလှမ်းတစ်ခုဖြစ်ပြီး ဘယ်တော့မှ ကျော်မသွားသင့်ပါဘူး။
သင့်ခန္ဓာကိုယ်ကို လုံးဝဖြေလျှော့ပါ။
သင့်ဒူးကို အနည်းငယ်ကွေးပြီး ခြေထောက်နှစ်ဘက်လုံးပေါ်မှာ အလေးချိန်ညီအောင် ရပ်ပါ။
သင့်လက်မောင်းတွေကို ရှေ့ /နောက်လွှဲပေးပါ။
၃။ ကျောက်ကပ်နှင့် နောက်ကျောကို အားကောင်းစေတဲ့ လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက သင့်ကျောကုန်းကို သန်မာစေပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာကို လှုံ့ဆော်ပေးပါတယ်။
ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်အတိုင်း ဖြောင့်ဖြောင့်ရပ်ပါ။
သင့်ဒူးတွေကို မကွေးဘဲ ခန္ဓာကိုယ်ကို အရှေ့သို့ ဖြည်းဖြည်းချင်း ကိုင်းချပါ။
သင့်လက်ဖျားလေးတွေ ကြမ်းပြင်နဲ့ ထိအောင် ကြိုးစားပါ။ မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် သင့်ခါးကြွက်သားတွေ ဆန့်သွားတဲ့ခံစားမှုကို ခံစားရပါမယ်။
ဒီအနေအထားအတိုင်း ၁၀ မိနစ်လောက်နေပြီး မူလအနေအထားသို့ ဖြည်းညင်းစွာ ပြန်သွားပါ။
၆ကြိမ်ပြန်လုပ်ပါ။
၄။ ကျောကိုဖြောင့်မတ်စေတဲ့ လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက သင့်ကိုယ်ဟန်အနေအထားကို မှန်ကန်စေပြီး အမြင်အာရုံကို ကြည်လင်စေပါတယ်၊ ကျောကုန်းကို မတ်ပြီး အားကောင်းစေသလို သွေးထဲမှာ အောက်ဆီဂျင်လည်ပတ်မှုကို တိုးစေပါတယ်။
ဖြောင့်မတ်စွာ မတ်တပ်ရပ်ပြီး သင့်ခေါင်းကို နောက်သို့ ဖြေးညင်းစွာ ရွေ့လျားပါ။
ဒီအနေအထားအတိုင်း ၁၅စက္ကန့်နေပြီး အသက်ပြင်းပြင်းရှုပါ။
သင့်ခေါင်းကို မူလအနေအထားသို့ ဖြည်းညင်းစွာ ပြန်သွားပါ။
၆ကြိမ်ပြန်လုပ်ပြီး ဒီလေ့ကျင့်ခန်းကို တစ်နေ့အကြိမ်အနည်းငယ်လုပ်ပါ။
၅။ ကျော့ဆန့်လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းကို “2 hands pushing the sky”လို့ခေါ်ပြီး အဆုတ်စွမ်းရည်ကို တိုးပွားစေပါတယ်။ သင့်ခန္ဓာကိုယ်ကို စွမ်းအင်တွေ ပေးစွမ်းပြီး အသည်း၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူရဲ့လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေပါတယ်။
ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပြီး သင့်ရှေ့မှာ လက်နှစ်ဖက်ကို ယှက်ထားပါ။
အသက်ရှုသွင်းပြီး သင့်လက်နှစ်ဘက်ကို ခေါင်းပေါ်ကိုကျော်ပြီး ဖြည်းဖြည်းချင်း မြှောက်ပါ။
တချိန်တည်းမှာ သင့်ခြေဖျားတွေကို ထောက်ပါ။ အသက်ရှုထုတ်ပြီး မူလအနေအထားသို့ သင့်လက်တွေကို ဖြည်းညင်းစွာ လျှော့ချပါ။
ဒီလေ့ကျင့်ခန်းကို ၆ကြိမ်ပြန်လုပ်ပေးပါ။