Beauty Knowledge

တင်းတင်းရင်းရင်းနဲ့မျက်နှာလေးကို ပိုင်ဆိုင်ဖိုငွေကြေးအများကြီး ကုန်စရာမလိုပါဘူးနော်

မျက်နှာလေးတင်းရင်းပြီး လှပ နေဖို့မဖြစ်နိုင်ဘူးထင် ပါသလား? တကယ်တော့ရိုးရှင်းကောင်းမွန်တဲ့နည်းလမ်းလေးတွေက သင့် ကို ကြိုဆိုနေတာမ သိသေးလို့ပါ။

နောက်တစ်ခုက မိန်းကလေးတော်တော်များများထင် နေတာက မျက်နှာအတွက် အကောင်းစား Cosmetic တွေသုံးမှအဆင်ပြေမယ်ထင်ကြတာပါ။

တကယ်တော့ အလှပ ရေးရာဆိုတာ ကိုယ့်ရဲ့လက် တစ်ကမ်းမှာပဲရှိတဲ့အရာပါ။

ငွေသိပ်ကုန်စရာမလိုပဲ မီးဖိုချောင်းပစ္စည်းလေးတွေနဲ့လည်း သင့်မျက်နှာကိုတင်းရင်းလှပ စေတယ်ဆိုရင်ကော မသိချင်ကြဘူးလား….?

မျက်နှာပေါင်းတင်ဖို့သီးသန့်Mask မရှိလည်းဒါမျိုးလေးတွေနဲ့ပေါင်းတင်လို့ရတယ်ဆိုတာသိရှိစေဖို့ အနည်းငယ် ဝေမျှပေးလိုက်ပါတယ်နော်…

Tomato + Baking Soda

ခရမ်းချဉ်သီးကို အရည်ပျစ်ပျစ်လေးဖြစ်အောင်ချေလိုက်ပြီး အဲ့အနှစ်နဲ့မုန့်ဖုတ်ဆိုတာ နဲ့ကိုရောနယ်ကာ မျက်နှာတစ်ပြင်လိမ်းပြီး ၁၀မိနစ်ခန့်ရေမဆေးသေးပဲထားပါ။

၁၀မိနစ်ကြာပြီးနောက်မှာ ရေဖွားဖွားပါအောင်လောင်းပြီးဆေးကြောခြင်းဖြင့် မျက်နှာပေါင်းတင်ထားသလို အသားရည်လေးတင်းပြီး ကြည်လင်လာပါလိမ့်မယ်။

Avocado + Honey

ပျားရည်နဲ့ထောပတ်သီးအနှစ်ကိုရောမွှေပြီး မျက်နှာအနှံ့ကိုသုတ်လိမ်းပါ …၁၅ မိနစ်လောက်ကြာအောင်ထားပြီး ရေဆေးချပါ။ ဒီနည်းဟာလည်းမျက်နှာအသားရည်ကိုကြည်လင်အေးမြစေတဲ့ပေါင်းတင်နည်းပါပဲ။

Lemon Juice + Papaya

လီမွန်သီးကိုအရည်ဖျော်ပြီး သဘောင်္သီးရဲ့အနှစ်ရည်နဲ့ရော ကာ မျက်နှာပေါ် မိနစ် ၁၀မိနစ် (သို့) ၁၂ မိနစ်လောက်ထိထားပါ။ ပြီးတဲ့ခါမှ ရေအေးနဲ့မျက်နှာတစ်ပြင်ကို ဆေးကြောသင့်ပါတယ်။

Green Tea + Aloe Vera

လက်ဖက်စိမ်း အရည်နဲ့ရှားစောင်းလက်ပတ်အနှစ်ကိုရောပြီး မျက်နှာပေါ်မှာ မိနစ်၃၀ခန့်သုတ်လိမ်းပေးပါ။

Egg White + Cucumber

ကြက်ဥအကာနဲ့သခွားသီးကိုအရည်ဖျော်ထာတဲ့အနှစ်ကိုတွဲပြီးလိမ်းပေးပါ။ ၁၅မိနစ်လောက်ကြာအောင်ထားပြီး ရေအေးအေးလေးနေဲ့ဆေးချပေးပါ။