Knowledge News

ချိုင်းမွှေးတွေကို သဘာဝအတိုင်း၂ မိနစ်အတွင်း ဖယ်ရှားပေးမယ့်နည်းလမ်း (၃)သွယ်

ချိုင်းမွှေးတွေကို သဘာဝအတိုင်း ဖယ်ရှားပေးမယ့်နည်းလမ်း (၃)သွယ်

ချိုင်းမွှေးကိုဘယ်လိုရှင်းကြပါသလဲ။ ရိတ်တာလား၊ နုတ်တာလား။ ရိတ်ရင်ချိုင်းမွှေးပိုထူလာပြီး နုတ်ရင်လည်း အရေပြားထိခိုက်လို့ ချိုင်းသားပျက်ဆီးပါတယ်။ အဲဒီအတွက် ဘယ်လိုနည်းလမ်းကိုသုံးမလဲဆိုတာ

စာဖတ်သူတွေအတွက် နည်းလမ်းကောင်း ၃ သွယ်ကိုတင်ဆက်ပေးသွားမယ်နော်။

နည်းလမ်း ၁ – နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း၊နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ပြုလုပ်နည်း – ပါဝင်ပစ္စည်းနှစ်မျိုးကိုရောပြီး

ချိုင်းအောက်မှာ ၁၅ မိနစ် (သို့) မခြောက်ခင်ထိ ထားပါ။ ပြီးရင် ရေအေးနဲ့ဆေးချပါ။ နေ့တိုင်းတစ်နေ့တခါပုံမှန်လုပ်ပါ။

၂ ပတ်လောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။

နည်းလမ်း ၂ – ကြက်ဥ ၁ လုံး၊ပြောင်းဖူးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ပြုလုပ်နည်း – ပါဝင်ပစ္စည်း နှစ်မျိုးကိုရောလိုက်ပါ။

ပြီးရင်ချိုင်းအောက်မှာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ရေအေးနဲ့ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ် ၂ ပတ်တိတိလုပ်ပေးပါ။

ချိုင်းမွှေးတွေတဖြည်းဖြည်းရှင်းသွားပါလိမ့်မယ်။

နည်းလမ်း ၃ – ပါဝင်ပစ္စည်း – သကြား စားပွဲတင်ဇွန်း ၁ ဇွန်း၊သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) သံပုရာသီး တစ်ခြမ်း

ပြုလုပ်နည်း – ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို ရောလိုက်ပါ။ သံပုရာသီးတစ်ခြမ်းကိုသုံးမယ်ဆိုရင် အဲဒီပေါ်မှာ သကြးကိုတင်ပါ။

ပြီးရင် ချိုင်းအောက်မှာ သေချာပွတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် အဝတ်စကိုရေအေးစွတ်ပြီး သန့်ရှင်းရေးလုပ်ပါ။

တစ်နေ့ကို ၁ ခါလုပ်ပါ။ ၂ ပတ်လောက်ဆိုရင် အမွှေးတွေတဖြည်းဖြည်းနည်းသွားမှာဖြစ်ပါတယ်။စာဖတ်သူတို့ အဆင်ပြေတဲ့နည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။

Credit: Original Writer