Beauty Health

ဝက်ခြံ နဲ့ အရေးကြောင်းတွေ ပျောက်ကင်းဖို့ အိမ်မှာကိုယ်တိုင်ပြုလုပ်နိုင်တဲ့ သဘာဝ မျက်နှာသစ်ဆပ်ပြာ

နေ့စဉ်အသုံးပြုနေတဲ့ အသားအရေထိန်းသိမ်းရေး ပစ္စည်းတွေထဲမှာ မျက်နှာသစ်ဆပ်ပြာလည်း ပါဝင်နေပါတယ်။

မျက်နှာသစ်ဆပ်ပြာဟာ အသားအရေ စိုပြေလှပဖို့အတွက် အရေးကြီးဆုံး အဆင့်ဖြစ်ပါတယ်။

ဈေးကြီးပေးဝယ်ရတဲ့ မျက်နှာသစ်ဆပ်ပြာထက် အသားအရေထိန်းသိမ်းဖို့သဘာဝမျက်နှာသစ်ဆပ်ပြာကိုပြုလုပ်လိုက်ရအောင်ပါ။

အုန်းဆီနဲ့ မုန့်ဖုတ်ဆိုဒါဟာ အသားအရေအတွက် အကျိုးကျေးဇူးများပြီး သဘာဝပစ္စည်းတွေမို့အရေပြားပျက် စီးမှာ စိုးရိမ်စရာမလိုတော့ပါဘူး။

အုန်းဆီနဲ့ မုန့်ဖုတ်ဆိုဒါကို ဝက်ခြံ၊ မျက်နှာမှာအနီစက်ဖြစ်တာ ၊ အမာရွတ်တွေနဲ့ အရေးကြောင်းတွေအပါအဝင်ဆဲလ်သေတွေကို ဖယ်ရှားလို့ရနိုင်ပါတယ်။

ပါဝင်ပစ္စည်း

မုန့်ဖုတ်ဆိုဒါ

အုန်းဆီ

ပါဝင်ပစ္စည်းတွေကို ဘယ်လောက်သုံးမယ်ဆိုတာကတော့ သင့်အသားအရေအမျိုးအစားပေါ်မှာမူတည်ပါတယ်။

အသားအရေက ထိလွယ်ရှလွယ်တဲ့အသားအရေ (Sensitive Skin) ဆိုရင်

အုန်းဆီနဲ့ မှုန့်ဖုတ်ဆိုဒါကို ၂ ချိုး ၁ ချိုးရောစပ်ပေးရပါမယ်။တခြားအသားအရေအတွက်ဆိုရင်တော့ အညီအမျှပဲ ရောစပ်ပေးရပါမယ်။

ပြင်ဆင်ခြင်း

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းကို ခွက်တစ်လုံးထဲ လောင်းထည့်ပါ။

အဲဒီနောက် အုန်းဆီထည့်ပါ။ အဲဒီနှစ်ခုကို ရောပြီး ပျစ်ပျစ်လေးဖြစ်တဲ့ထိမွှေပေးပါ။

အဲဒီနောက် မိုက်ခရိုဝေ့ (သို့) ခပ်နွေးနွေးရှိတဲ့အခန်းထဲမှာ ထည့်ပြီး စက္ကန့်၂၀ လောက်ထားပါ။

အဲဒီနောက် သေချာရောသွားအောင် ထပ်မွှေပေးပြီး ရေခဲသေတ္တာထဲမှာ ၅ မိနစ်ကနေ ၁၀ မိနစ်ထိထားပါ။

မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ်အနည်းငယ်ထားကာ ရေအေးနဲ့ မျက်နှာသစ်ချပါ။တပတ်လောက်လုပ်လိုက်တယ်ဆိုရင်ပဲ ရလဒ်ကောင်းတွေရရှိလာမှာပါ။

Credit …