Health Knowledge

သင့်ဆံကေသာကို အမြန်ဆုံး အရှည်မြန်စေမယ့် သဘာဝပေါင်းတင်နည်း

မင်္ဂလာပါနော်။ မိန်းကလေးတို့ဘုန်း ဆံထုံးဆိုသလို ဆံကေသာရဲ့ အလှဟာ ကျွန်မတို့ မိန်းကလေးတွေ တန်ဖိုးထား မြတ်နိုးရတဲ့ အလှတရားတစ်ခုပဲ ဖြစ်ပါတယ် ။

နူးညံ့ချော့မွေ့ပြီး ပျော့ပျောင်းတဲ့ ဆံကေသာကို
မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်ကြတာ သဘာဝပါပဲ ။သဘာဝ ပေါင်းတင် နည်းတွေ အများကြီးရှိတဲ့

အထဲ ကမှ ဒီတခါ မှာတော့ စာဖတ်သူတို့ရဲ့ ဆံကေသာ ကို အမြန်ဆုံး အရှည်မြန်စေ မယ့် နည်းလမ်းလေး ကို မျှဝေပေးသွားမှ ာပါနော် ။

” ပါဝင်ပစ္စည်း ”

ဗီတာမင် E ၁ တောင့် ရှားစောင်း လက်ပပ် စားပွဲတင်ဇွန်း ၁ ဇွန်း သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ဗာဒံဆီ လက်ဖက်

ရည်ဇွန်း ၁ ဇွန်(မရှိရင် မထည့်လည်း ရပါတယ်နော်။) အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းကြက်ဆူဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

” ပြုလုပ်နည်း ”

ပါဝင် ပစ္စည်းတွေ အားလုံးကို ရောလိုက်ပါ ။ ပြီးရင် သေချာလေး မွေပေး လိုက်ပြီး သင့်ရဲ့ ဦးရေပြားနဲ့ ဆံကေသာပေါ် လိမ်းပေးကာသေချာလေး နှိပ်နယ်ေ ပးလိုက်ရုံပါပဲ ။

အဲဒီနောက်ဆံပင်ကို Shower Cap နဲ့အုပ်ပေးထား လိုက်ပါ ။ အိပ်ယာမ ဝင်ခင် လုပ်ပေးပြီး

တစ်ည လုံးလည်း ထား ထားနိုင်ပါတယ် ။ ဒါမှမဟုတ်ရင်လည်း ၁ နာရီ ၂ နာရီလောက် ထားပြီး ခေါင်းလျှော်ချနိုင်ပါတယ် ။

သေချာလေး ပြောင်အောင် လျှော်ပေးလိုက်ပါ ။ ပုံမှန် လုပ်ပေးြ ခင်းဖြင့် ဆံကေသာကို သိသိသာသာ သန်စွမ်းလာ တာကို သတိထား မိစေမှာ ဖြစ်ပါ တယ်နော် ။

Credit to write