နနွင်း၏ အသုံးဝင်ပုံ အကျိုးကျေးဇူး (၈)မျိုး
၁။ ဝက်ခြံပျောက်စေခြင်း
သျှားစောင်းလက်ပတ်အရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ နနွင်း လက်ဖက်ရည်ဇွန်း (၁/၄) ဇွန်းကို ရောမွှေပြီး ဝက်ခြံဖြစ်တဲ့နေရာကို လိမ်းထားပါ။
(၁၀) မိနစ် (၁၅) မိနစ်ခန့် ကြာတဲ့အခါ ရေနဲ့ဆေးချပါ။ တစ်ပတ်လျှင် သုံးကြိမ်ခန့် ပြုလုပ်ရုံနဲ့ သိသာတဲ့ အစွမ်းကို တွေ့ရှိရပါလိမ့်မယ်။
၂။ သွားများကို ဖြူဖွေးစေခြင်း
သွားပွတ်တံကို နေကြာဆီ သို့မဟုတ် သံလွင်ဆီထဲမှာ နှစ်လိုက်ပြီး ထောင်းထားတဲ့ နနွင်းမြစ်အမှုန့်တွေနဲ့ လူးလိုက်ပါ။ သုံးမိနစ်လောက်ကြာအောင် သွားတိုက်ပေးပါ။
တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ် အထိ ပြုလုပ်ပေးပြီး ဖြူဖွေးသန့်စင်တဲ့ သွားများကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
၃။ ဆံပင်သန်စေခြင်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ဟင်းရွက်ဆီ 50 ml နဲ့ သမအောင်မွှေပြီး ဆံပင်အရင်းပိုင်းမှာ သုတ်လိမ်းပေးကာ မိနစ်သုံးဆယ်ခန့် ထားထားပါ။ ထို့နောက် ရေနဲ့ ဆေးချပါ။
တစ်လလျှင် တစ်ကြိမ်မှ သုံးကြိမ်အထိ ပြုလုပ်ပေးခြင်းအားဖြင့် ဆံပင်သန်စေနိုင်ပါတယ်။
၄။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်စေပါတယ်
ရေအေးတစ်ဖန်ခွက်၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ပါးပါးလှီးထား တဲ့ သံပုရာသီးတစ်ကွင်းကို ရောစပ်ပြီး သောက်သုံးပေးခြင်းအားဖြင့်
စိတ်ကြည်လင်စေပြီး ဦးနှောက်စွမ်းရည်ကို ထက်မြက်စေပါတယ်။ တစ်နေ့လျှင် တစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။ သို့သော် အစာအိမ်ရောဂါရှိသူများအတွက် မသင့်လျော်ပါ။
၅။ အဆစ်နာခြင်းကို သက်သာစေခြင်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ထုချေထားတဲ့ ကြက်သွန်ဖြူ ၂ မွှာ၊ ၃ မွှာကို ရောစပ်ပြီး နာကျင်နေတဲ့ အဆစ်နေရာကို အသားထဲစိမ့်ဝင်အောင် လိမ်းပြီး ၁၅မိနစ်၊ မိနစ် ၂၀ လောက် ထားထားပါ။
နှစ်ပတ်တိတိ နေ့စဉ်ရက်ဆက် ပြုလုပ်ပေးခြင်းအားဖြင့် အဆစ်အမြစ်နာကျင်ခြင်းကို သက်သာပျောက်ကင်းစေ ပါလိမ့်မယ်။
၆။ ဝိတ်ကျစေခြင်း
နွားနို့ တစ်ဖန်ခွက်နဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရောမွှေပြီး သောက်သုံးပေးခြင်းအားဖြင့် အစာချေစနစ်ကို ကောင်းမွန်တိုးတက်စေပြီး အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။
မနက်ခင်းတိုင်းနဲ့ ညနေခင်းတိုင်း တစ်ခွက်စီ သောက်သုံးပေးနိုင်ပါတယ်။
၇။ အနာကျက်စေခြင်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ညက်အောင်ထောင်းထားတဲ့ ချင်း လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ ရေအနည်း ငယ်ကို ရောစပ်ပြီး ဖြစ်ပွားတဲ့နေရာကို လိမ်းပေးခြင်းအားဖြင့် ပျောက်ကင်းသက်သာစေနိုင်ပါတယ်။
နနွင်းဟာ အပူလောင် နာ၊ ထိခိုက်ရှနာနဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တဲ့အစွမ်း ရှိပါတယ်။ တစ်နေ့လျှင် တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။
၈။ လည်ချောင်းနာခြင်းကို သက်သာစေခြင်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေနွေးပူပူတစ်ခွက်နဲ့ ရောစပ်ပြီး ပလုပ်ကျင်းပေးပါ။
တစ်နေ့လျှင် သုံးကြိမ်ခန့် ပြုလုပ်ပေးခြင်းအားဖြင့် လည်ချောင်းနာခြင်းကို ထိထိရောက်ရောက် သက်သာစေနိုင်ပါလိမ့်မယ်။
Source: shwemon
Credit