မိန်းကလေးတို့ဘုန်း ဆံထုံးဆိုသလို ဆံကေသာရဲ့ အလှဟာ ကျွန်မတို့ မိန်းကလေးတွေ တန်ဖိုးထား မြတ်နိုးရတဲ့ အလှတရားတစ်ခုဖြစ်ပါတယ်။
နူးညံ့ချော့မွေ့ပြီး ပျော့ပျောင်းတဲ့ ဆံကေသာကို မိန်းကလေးတိုင်းပိုင်ဆိုင်ချင်ကြတာ သဘာဝပါပဲ။
သဘာဝ ပေါင်းတင်နည်းတွေအများကြီးရှိတဲ့အထဲကမှ ဒီတခါမှာတော့ စာဖတ်သူတို့ရဲ့ ဆံကေသာကို အမြန်ဆုံး အရှည်မြန်စေမယ့် နည်းလမ်းလေးကို မျှဝေပေးသွားမှာပါနော်။
ပါဝင်ပစ္စည်း ဗီတာမင် E ၁ တောင့် ရှားစောင်းလက်ပပ် စားပွဲတင်ဇွန်း ၁ ဇွန်း သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ဗာဒံဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( မရှိရင်မထည့်လည်းရပါတယ်နော်။) အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ကြက်ဆူဆီစားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း ပါဝင်ပစ္စည်းတွေအားလုံးကို ရောလိုက် ပါ။ ပြီးရင် သေချာလေးမွေပေးလိုက်ပြီး သင့်ရဲ့ ဦးရေပြားနဲ့ ဆံကေသာပေါ် လိမ်းပေးကာ သေချာလေး နှိပ်နယ်ပေးလိုက်ပါ။
အဲဒီနောက် ဆံပင်ကို Shower Cap နဲ့ အုပ်ပေးထားလိုက်ပါ။ အိပ်ယာမဝင်ခင် လုပ်ပေးပြီး တစ်ညလုံးလည်း ထားနိုင်ပါတယ်။
ဒါမှမဟုတ်ရင်လည်း ၁ နာရီ ၂ နာရီလောက်ထားပြီး ခေါင်းလျှော်ချနိုင်ပါတယ်။
သေချာလေး ပြောင်အောင်လျှော်ပေးလိုက်ပါ။ ပုံမှန် လုပ်ပေးခြင်းဖြင့် ဆံကေသာကို သိသိသာသာ သန်စွမ်းလာတာကို သတိထားမိစေမှာဖြစ်ပါတယ်။