အဝတ်လျှော်စက်ကို သန့်ရှင်းရေးလုပ်ဖို့ အလွယ်ဆုံးနည်းလမ်း (၄) မျိုး
အဝတ်လျှော်စက်ကို ကြာရှည်အသုံးပြုနိုင်အောင်၊ စက်ကောင်းကောင်း အလုပ်လုပ်နိုင်အောင် သန့်ရှင်းရေးပြုလုပ်ပေးဖို့ မမေ့ပါနဲ့နော်။ အဝတ်လျှော်စက်ကို သန့်ရှင်းရေးလုပ်ဖို့ အလွယ်ဆုံးနည်းလမ်း ၄ မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။
အဝတ်လျှော်စက်ကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် စက်ထဲမှာ အဝတ်တွေမကျန်အောင် အကုန်လုံးကို ထုတ်လိုက်ပါ။
နည်းလမ်း ၁
လိုအပ်သောပစ္စည်းများ
-မုန့်ဖုတ်ဆော်ဒါ
– ရှာလကာရည်
– လက်ဖက်ရနံ့ဆီ
– ဖော့
– အဝတ်စ
– မုန့်ဖုတ်ဆော်ဒါနှစ်ဆ၊ ရေတစ်ဆကို ရောပြီး အနှစ်ဖြစ်အောင် မွှေပါ။
– ဖောနဲ့ မုန့်ဖုတ်ဆော်ဒါအနှစ်ကို ယူပြီး စက်အတွင်းပိုင်းကို သုတ်ပေးပါ။
– အဝတ်တစ်စကို ရေစွတ်ပါ။
– စိုနေတဲ့အဝတ်စနဲ့ စက်အတွင်းပိုင်းက မုန့်ဖုတ်ဆော်ဒါအနှစ်တွေကို ပြောင်စင်အောင် ပွတ်တိုက်ပေးပါ။
– အဲဒီနောက် ရှာလကာရည်တစ်ခွက်၊ လက်ဖက်ရနံ့ဆီ ၁၀ စက်ကို ရောမွှေပေးပါ။
– ရောမွှေပြီးတဲ့အခါ အဝတ်လျှော်စက်ရဲ့ ဆပ်ပြာမှုန့်ထည့်တဲ့အကန့်ထဲကို ရှာလကာရည်လောင်းထည့်လိုက်ပါ။ အဲဒီနောက် အဝတ်လျှော်စက်ကို ဖွင့်လိုက်ပါ။
နည်းလမ်း ၂
လိုအပ်သောပစ္စည်း
– အစွန်းချွတ်ဆေး
အစွန်းချွတ်ဆေးအရည် ၂ အောင်စကို အဝတ်လျှော်စက်ရဲ့ ဆပ်ပြာမှုန့်ထည့်တဲ့အကန့်ထဲကို ထည့်လိုက်ပါ။ အဲဒီနောက် အဝတ်လျှော်စက်ကို ဖွင့်ပြီး ရှာလကာရည်တွေ ကုန်သွားတဲ့အထိ ထားလိုက်ပါ။
နည်းလမ်း ၃
လိုအပ်သောပစ္စည်း
– Soda crystals
Soda crystals ကို အဝတ်လျှော်စက်ထဲ ထည့်ပြီး အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်နဲ့ စက်ကို ဖွင်လိုက်ပါ။
နည်းလမ်း ၄
လိုအပ်သောပစ္စည်းများ
– ဆစ်ထရစ်အက်ဆစ်
– ရေနွေးအိုး
– ရေလီတာဝက်ခန့်ကို ဆူပွက်လာတဲ့အထိ တည်ပြီး ဆစ်ထရစ်အက်ဆစ်မှုန့် ၁၂၀ ဂရမ် ထည့်လိုက်ပါ။
– အဲဒီနောက် ရလာတဲ့ရေနွေးကို အဝတ်လျှော်စက်ထဲ ထည့်ပြီး ဆပ်ပြာမှုန့်အနည်းငယ်ထပ်ထည့်ပါ။ အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်နဲ့ စက်ကို ဖွင်လိုက်ပါ။
အဝတ်လျှော်စက်ကို သန့်ရှင်းရေးလုပ်ပြီးတဲ့အခါမှာ လုံးဝခြောက်သွေ့သွားအောင် အဝတ်လျှော်စက်တံခါးကို ဖွင့်ထားပေးလိုက်ရုံပါပဲ။
မှုရင်းရေးသားသူဆရာ ကိုလေးစားစွာဖြင့် Credit
Zombie (lovemedia)