ရှားစောင်းလတ်ပတ်ဂျယ်ရဲ့ အလှအပနဲ့ပတ်သက်ပြီး အကျိုးကျေးဇူးများပြားပုံကို အားလုံးသိကြမှာပါ။
ရှားစောင်းလတ်ပတ်က အသားအရေကို တင်းရင်းတောက်ပစေပြီး အစိုဓာတ်ပေးပါတယ်။
ဒီနေ့တော့ ရှားစောင်းလတ်ပတ်ပါဝင်တဲ့ Mask အကြောင်းလေးပြောပြချင်ပါတယ်။
ဒီ Mask က သင့်အသားအရေကို လုံးဝပြောင်းလဲသွားစေမှာပါ။
တောက်ပတဲ့အသားအရေရဖို့ ရှားစောင်းလတ်ပတ်ဂျယ် ပျားရည် နနွင်းမှုန့်
နည်းလမ်း ပျားရည်နဲ့ နနွင်းမှုန့်ကို ရောပေးပါ။ ဒီထဲကို ရှားစောင်းလတ်ပတ်ဂျယ်ထည့်ပါ။ သေချာရောမွှေပေးပါ။ ဒီအရောကို မျက်နှာ လည်ပင်းနဲ့ လက်ကို လိမ်းပေးပါ။
မိနစ် ၂၀ ကြာထားပါ။ ပြီးတာနဲ့ရေနဲ့ဆေးချပါ။ တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်နိုင်ပြီး မကြာခင်အချိန်အတွင်းမှာ အသားအရေတောက်ပလာတာကို တွေ့ရမှာပါ။
ပြစ်မျိုးမှဲ့မထင်အသားအရေရဖို့ ရှားစောင်းလတ်ပတ်ဂျယ် သံပယိုသီး
နည်းလမ်း ရှားစောင်းလတ်ပတ်ဘေးက ဆူးတွေကို ဖယ်ပြီးတာနဲ့ ကျိတ်စက်မှာ ကျိတ်ပေးပါ။ သံပယိုသီး ၂ လုံးယူပြီး အရည်ညှစ်ပါ။
သင့်အသားအရေက ထိခိုက်လွယ်တဲ့အသားအရေဆိုရင် သံပယိုသီးနည်းနည်းပဲသုံးပါ။ သံပယိုရည်ကို ရှားစောင်းလတ်ပတ်ကျိတ်ထားတာနဲ့ ရောပေးပါ။
ဒီအရည်ကို ရေခဲသေတ္တာထဲမှာ တစ်ပတ် သိမ်းထားနိုင်ပါတယ်။ ပုံမှန်သုံးပေးပါ။ ၁၅ မိနစ် ထားပြီး ဆေးချပါ။ ပုံမှန်သုံးပါက အသားအရေကို တောက်ပစေပါတယ်။
အဆီပြန်တဲ့အသားအရေအတွက် ရွှံ့စေးမှုန့် ( Fuller’s Earth) ရှားစောင်းလတ်ပတ်ဂျယ် ပျားရည် သံပယိုသီး
ဒါက အဆီပြန်တဲ့သူတွေအတွက် ပိုသင့်တော်ပါတယ်။ ဒီ mask ကိုနေ့စဉ်သုံးရင် အသားအရေတောက်ပလာပါလိမ့်မယ်။
နည်းလမ်း ရှားစောင်းလက်ပတ်နဲ့ ရွှံ့စေးမှုန့်ကို ရောလိုက်ပါ။ ပျားရည်နဲ့ သံပယိုရည်ကိုထပ်ထည့်ပါ။ လိုသလောက်ပစ္စည်းတွေထည့်နိုင်ပါတယ်။ သံပယိုသီးတစ်ဝက်ရဲ့ အရည်ပဲညှစ်ပေးပါ။ အဲ့ထက်မပိုပါစေနဲ့။
Credit …