သခွားသီးဆိုတာ အလှအပရေးရာအဖြာဖြာအတွက် အရမ်းအသုံးဝင်တယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။
Body Scrub ဆိုတာလည်း တစ်ပတ်တစ်ခါသာ ပုံမှန်လုပ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းပြီး အသားအရေနူးညံ့စိုပြည်လာစေမယ်။
ဆဲလ်သေတွေဖယ်ရှားပေးလို့ အသားအရေလည်း ကြည်လင်လာစေပါတယ်။
ဒါကြောင့် Body Scrub လည်းလုပ်လို့ရအောင် ငွေကုန်လည်းသက်သာအောင် သခွားသီး Body Scrub ပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။
သခွားသီး Body Scrub ပြုလုပ်ဖို့အတွက်
ရေသန့် – ၁ ခွက်၊
သကြားဖြူ – ၂၀၀ ဂရမ်၊
နုတ်နုတ်စင်းထားတဲ့ သခွားသီး – ခွက်ရဲ့လေးပုံ ပုံ သုံးပုံစာ (၁၁၂ ဂရမ်)၊
အုန်းဆီ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ (၅၂ ဂရမ်)
တို့ကို Blender ထဲထည့်ပြီး ၄၅ စက္ကန့်ကြာအောင် မွှေပါ။ အနံ့မွှေးချင်ရင် ပင်စိမ်းရွက်ကိုလည်း ကြိတ်ပြီးထည့်လို့ရပါတယ်။
သေချာမွှေပြီးပြီဆိုရင်တော့ ဘူး (သို့) Jar ထဲကိုထည့်ပြီး ရေခဲသေတ္တာထဲမှာ ၅ ရက်လောက်သိမ်းထားလိုက်ပါ။
ပြီးရင်တော့ Body Scrub အဖြစ် ထုတ်သုံးလို့ရပါပြီ။ သုံးပြီးတိုင်းမှာလည်း ရေခဲသေတ္တာထဲထည့်ထားဖို့ လိုပါတယ်။
ဘယ် Scrub ပဲဖြစ်ဖြစ် အပြင်မှာထုတ်မထားရပါဘူးနော်။ ရေခဲသေတ္တာထဲမှာပဲ သိမ်းထားရမှာပါ။