Health Knowledge

ဝက်ခြံအမာရွတ်နဲ့ အမဲစက်တွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းများ

ကိန်းဂဏန်း အချက်အလက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၉၅ % မှာ ဝက်ခြံပေါက်ကြပါတယ်။ ဝက်ခြံနဲ့ အမဲစက်တွေက စားသောက်ပုံမှားခြင်း၊ အသားအရေထိန်းသိမ်းတဲ့ပစ္စည်း မှားယွင်းစွာသုံးစွဲခြင်း စတဲ့အကြောင်းရင်းများကြောင့် ဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေ မသုံးဘဲ သဘာဝနည်းနဲ့ ဝက်ခြံအမာရွတ်တွေ၊ အမဲစက်တွေ ပျောက်ကင်းအောင်လုပ်နိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

မျက်ကွင်းညိုခြင်းအတွက် နနွင်းနှင့် နာနတ်သီးဖျော်ရည်

နနွင်းက မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေပါတယ်။ နနွင်းကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ နာနတ်သီးဖျော်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရော၍မွှေပါ။ မွှေထားတဲ့ အနှစ်ကို မျက်လုံးတစ်ဝိုက်မှာလိမ်းပြီး ၁၀ မိနစ် ကြာအောင်ထားပါ။ ၁၀ မိနစ် ကြာရင် နူးညံ့တဲ့အဝတ်စလေးနဲ့ သုတ်ပေးလိုက်ပါ။

ဒီနည်းလမ်းလေးကို နေ့စဉ်ပြုလုပ်ခြင်းဖြင့် မျက်ကွင်းညိုခြင်းကို ပျောက်ကင်းသွားမှာဖြစ်ပြီး မျက်လုံးအောက်မှာ အရေးအကြောင်းဖြစ်ခြင်းကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

နေလောင်ခြင်းအတွက် ထောပတ်သီး

ထာပတ်သီးမှာ ဗီတာမင် A ၊ ဗီတာမင် D ၊ ဗီတာမင် B ပါဝင်တာကြောင့် နေလောင်ခြင်းကို သက်သာစေပြီး ကော်လဂျင်ထုတ်လုပ်မှုကို တိုးတက်စေပါတယ်။ အသားအရေကိုလည်း ညီညာစေပါတယ်။ ထောပတ်သီးနှင့်မျက်နှာကို ပေါင်းတင်မယ်ဆိုရင် ထောပတ်သီး တစ်ဝက်ကိုယူပြီး ခက်ရင်းနှင့်ချေပါ။

ရေနွေးလက်ဖက်ရည်ဇွန်း ၂ဇွန်းကို ထောပတ်သီးနှင့်ရောမွှေပါ။ မွှေထားတဲ့ ထောပတ်သီးကို မျက်နှာအနှံ့သုတ်လိမ်းပြီး ၁၀ မိနစ်ခန့်ထားပြီး မျက်နှာသစ်ပါ။ မျက်နှာအသားအရေက ခြောက်သွေ့ရင်တော့ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်ပြီး မွှေပေးပါနော်။

တင်းတိပ်အတွက် အာလူးနှင့် သံပရိုသီး

အာလူးမှာဗီတာမင် အမျိုးပေါင်းများစွာနှင့် သတ္တုဓာတ်တွေ ပါဝင်တာကြောင့် တင်းတိပ်အစက်အပျောက်နှင့် ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းဖို့ အကျိုးရှိပါတယ်။ သံပရိုသီးမှာပါဝင်တဲ့ စစ်ထရစ်အက်ဆစ်က သဘာဝဂျီးချွတ်ဆေး ဖြစ်ပါတယ်။ အသားအရေ ဝင်းလက်မှုအတွက် အာလူးနှင့်သံပရိုသီးက ကူညီပေးနိုင်ပါတယ်။

အာလူးကိုအခွံချွတ်၊ အတုံးသေးသေးလေးတွေဖြစ်အောင်လှီးပြီး ဖျော်စက်ထဲထည့်မွှေပါ။ အာလူးကို အရည်ပဲရအောင် ညှစ်ယူပါ။ သံပရိုသီးကိုအရည် ညှစ်ပါ။ အာလူးလက်ဖက်ရည်ဇွန်း၂ ဇွန်းကို ရောမွှေပါ။ အဲဒီနောက်မှာတော့ အမဲစက်ရှိတဲ့ နေရာတွေမှာ သုတ်လိမ်းပေးပါ။ မျက်နှာကိုလေနှင့် အခြောက်ခံပြီး နောက်တစ်ခါ ထပ်လိမ်းပါ။ အခြောက်ခံလိုက်၊ လိမ်းလိုက်နှင့် သုံးထပ်ဖြစ်အောင်လိမ်းပါ။

တစ်ညကြာအောင်ပေါင်းတင်ပြီး မနက်မှာရေနွေးနှင့် မျက်နှာသစ်ပါ။ တစ်ပတ်ကြာ လုပ်မယ်ဆိုရင် မျက်နှာအသားအရေ ညီညာသွားမှာပါ။ အသားအရေခြောက်တဲ့သူဆိုရင် ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်မွှေပြီး ပေါင်းတင်နိုင်ပါတယ်။ အဆီပြန်တတ်တဲ့ အသားအရေဆိုရင်တော့ ဆန်မှုန့်လက်ဖက်ရည်ဇွန်း၂ဇွန်းကို ထည့်မွှေပြီး လိမ်းပေးနိုင်ပါတယ်နော်။

ဝက်ခြံအတွက် ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်မှာ အက်ဆီးတစ်အက်ဆစ်နဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်စတဲ့ ဓာတ်များပါဝင်ပါတယ်။ ဘက်တီးရီးယားတွေနှင့် မှိုတွေကို ဝက်ခြံဖြစ်စေတဲ့ သန့်စင်ပေးပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပေါင်းခံရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းကို ရောမွှေပေးပါ။

အဲဒီအရည်လေးတွေကို မျက်နှာအရည်ပြားပေါ် ပိတ်စလေးနှင့် သုတ်လိမ်းပေးပါ။ ခြောက်သွားပြီဆိုရင် တခြားအသားအရေ ထိန်းသိမ်းရေးပစ္စည်းတွေကို သုံးလို့ရပါတယ်။ ဒီနည်းလေးကို ၁ နေ့ ၂ ခါပြုလုပ်ပေးခြင်းဖြင့် ဝက်ခြံတွေကို သက်သာစေမှာဖြစ်ပါတယ်။

ဝက်ခြံအမာရွတ်အတွက် လက်ဖက်စိမ်း

လက်ဖက်စိမ်းက ဝက်ခြံအမာရွတ်တွေ ကုသရာနေရာမှာ ထိရောက်ပါတယ်။ လက်ဖက်စိမ်းအိတ်လေး ၂ အိတ်ကို ပန်းကန်လုံးထဲ ထည့်ပါ။ ပြီးရင်တော့ လက်ဖက်စိမ်းထည့်ထားတဲ့ ပန်းကန်ထဲကို ရေနွေး ၅၀၀ မီလီမီတာ လောင်းထည့်လိုက်ပါ။ လက်ဖက်စိမ်းကို နှပ်ထားပြီးရင် လက်ဖက်ရွက်တွေကို လွှင့်ပစ်လိုက်ပါ။ လက်ဖက်စိမ်းရေထဲကို အဝတ်စသန့်သန့်လေး ထည့်စိမ်ပါ။ ရေအဝတ်ကို ရေနည်းနည်းလေးညှစ်ပြီး မျက်နှာအပေါ် ၁၀ မိနစ်ခန့် ကပ်ထားပေးပါ။ ဒီနည်းနဲ့ ဝက်ခြံအမာရွတ်တွေ ပျောက်ကင်းစေမှာပါ။

မျက်နှာအရေးအကြောင်းတွေအတွက် သံလွင်ဆီ

သံလွင်ဆီမှာ ဗီတာမင် A နှင့် ဗီတာမင် B ပါဝင်လို့ အသားအရေပျက်ဆီးခြင်းကို ကာကွယ်ပေးပြီး ဆဲလ်အသစ်တွေကို ပြန်ဖြစ်စေပါတယ်။ သံလွင်ဆီအနည်းငယ်နှင့် ပျားရည်၊ အလှဆီအနည်းငယ် ရောတားတာကို တစ်နေ့လျှင် ၂ ခါ အရေပြားထဲစိမ့်ဝင်အောင် နှိပ်နှယ်ပေးပါ။ အရေးအကြောင်းတွေကို ကာကွယ်ဖို့ဆိုရင် အရေပြားမှာ အုန်းဆီ၊ အီးမျူး ငှက်ဆီ၊ မက်မွန်ဆီ၊ ဗီတာမင် C တို့နှင့် မျက်နှာကို နှိပ်နှယ်ပေးနိုင်ပါတယ်။

ချွေးပေါက်ပိတ်သူများအတွက် ပင်လယ်ဆားနှင့် ပျားရည်

ပင်လယ်ဆားမှာ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ် စတဲ့သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ အဲဒါကြောင့် အဆီပြန်မှုကို မျှတစေပြီး ဆဲလ်သဲတွေကို ဖယ်ရှားပေးပါတယ်။ ဆားလက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပျားရည်လက်ဖက်ရည်ဇွန်း ၄ ဇွန်းကို ရောမွှေပါ။ မွှေပြီးရင် မျက်နှာပေါ်ကို အသာလေး ဖွသုတ်ပေးပါ။ ၁၅ မိနစ်ကြာ ထားပြီးရင် မျက်နှာသစ်လိုက်လို့ ရပါပြီ။ တစ်ပတ်ကို အကြိမ်များစွာ ပြုလုပ်နိုင်ပါတယ်။

အနာအဆာကင်းတဲ့ အသားအရေအတွက် ရှားဆောင်းလပတ

ရှားဆောင်းလပတ်မှာ ဗီတာမင် C, E နှင့် သဘာဝပင်ရင်းတွေ ပါဝင်တာကြောင့် အသားအရေကို အားဖြည့်ပေးပါတယ်။ ရေဓာတ်လည်းဖြည့်ပေးပြီး Ph အဆင့်ကို မျှတစေပါတယ်။ ပြီးတော့ အမာရွတ်နဲ့ ဝက်ခြံတွေကိုလည်း ပျောက်ကင်းစေပါတယ်။