ကသစ်ဆူး(ကသစ်ဖု)လေးတွေဟာမျက်နှာကဝက်ခြံနဲ့ နေလောင်ကွက်တွေကိုပျောက်ကင်းစေတဲ့အပြင် အသားအရေကိုပါ နုညံ့ ချောမွတ် စေတဲ့အစွမ်းရှိတယ် ဆိုတာတစ်ချို့သိပ်မသိကြပါဘူး။
ကသစ်ဆူးလေးတွေကိုအရွက်အစိမ်းရောင်၊
အပွင့်ကြက်သွေးရောင်ရင့်ရင့်ပွင့်တဲ့ ကုန်းကသစ်ပင်ရဲ့ပင်စည်ကနေရရှိနိုင်ပါတယ်၊ကသစ်ပင်ဟာပျှမ်းမျှပေ၃၀လောက်မြင့်ပြီးလူကြီးတစ်ဖက်စာလုံးပါတ်ရှိတတ်ပါတယ်။
လက်ပံ၊အင်ကြင်း၊ပေါက်တို့နဲ့အပြိုင် နွေရာသီမှာပင်လုံးကျွတ်ဝေဝေဆာဆာပွင့်လေ့ရှိပြီးထူးခြားချက်ကရနံ့လုံးဝမရှိပါဘူး၊ကသစ်ရွက်နုကိုဟင်းချိုချက်စားလို့လည်းရသလိုပြုတ်ပြီးသုပ် စားလို့လည်းရပါတယ်၊
အခေါက်၊အမြစ်။အပွင့်၊အရွက်၊ပဉ္စငါးပါးလုံးဆေးဘက်ဝင်တယ်လို့ ရှင်နာဂသိန်ဆေးကျမ်းမှာဖတ်ဘူးပါတယ်
ကသစ်ဆူးကိုသွေးမလိမ်းခင်ရေနဲ့အရင်ဆုံးပြုတ်ပြီးမှလိမ်းရပါတယ်၊
အခုလိုပူပြင်းတဲ့နွေရာသီမှာသနပ်ခါးနဲ့ရောပြီးသွေးလူးရင်လည်းပါးပြင်ထက်မှာအတော်ကြာအောင် အေးစိမ့်ချောမွတ်နေတဲ့ခံစားမူလေးကိုရနေတာမျိုးပါ၊
တန်ဖိုးမကြီးပေမဲ့အစွမ်းထက်တဲ့ဒီကသစ်ဆူးလေးတွေကို မိုးရာသီမှာလည်းလိမ်းလို့ရအောင်အခုထဲကဝယ်စုထားဖြစ်တယ်၊
ကျမမျက်နှာပေါ်ကအကြည့်ရဆိုးတဲ့ဝက်ခြံဖုတွေကိုပျောက်ကင်းစေပြီးနေလောင်ခြောက်သွေ့နေတဲ့အသားအရေလေးတွေကိုပါနူးညံ့ချောမွေ့စိုပြေလာစေတဲ့.
ဒီကသစ်ဆူးလေးတွေကိုကျမအရမ်းလည်းချစ်တယ်ရှင့့်
Thaw Lin Khant