Beauty Knowledge

သာမန်အသားအရေပိုင်ရှင်တွေအတွက် ကြည်လင်တောက်ပတဲ့အသားအရေရဖို့ ထိန်းသိမ်းနည်း

အသားအရေထိန်းသိမ်းတဲ့အချိန်၊ Skincare product တွေဝယ်တဲ့အချိန်မှာကိုယ့်အသားအရေအမျိုးအစားကိုသိမှ တော်ရာကျပါတယ်။

ကိုယ်က အဆီပြန်တဲ့အသားအရေဖြစ်ပေမယ့် ဝယ် တဲ့ပစ္စည်းက အသားခြောက်သူတွေ သုံးတဲ့ပစ္စည်းမဖြစ်သင့်ပါဘူး။ အသားအရေထိန်းသိမ်းတဲ့နေရာမှာလည်း ဒီလိုပါပဲ။

အသားအရေအမျိုးအစားအလိုက် ပေါင်းတင်နည်းတွေ၊ ထိန်းသိမ်းနည်းတွေက ကွာခြားသွားပါတယ်။ ပြီးခဲ့တဲ့ရက်က အဆီပြန်သူတွေအတွက် ပြောခဲ့ပါတယ်။

ဒီတစ်ခေါက်မှာတော့ အဆီလည်းမပြန် အသားလည်းမခြောက်တဲ့ ပုံမှန်အသားအရေပိုင်ရှင်တွေအတွက် ထိန်းသိမ်းနည်းကို ပြောပြလိုပါတယ်။ ဒီပေါင်းတင်နည်းတွေကို မလုပ်ခင် မျက်နှာသစ်ပေးရပါမယ်။

၁။ ခရမ်းချဉ်သီး ဒီနည်းလမ်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-ခရမ်းချဉ်သီးဖျော်ရည် ဒါမှမဟုတ် လိမ္မော်ဖျော်ရည် ဒိန်ခဲ ထိန်းသိမ်းနည်း ခရမ်းချဉ်သီး ဒါမှမဟုတ် လိမ္မော်သီးဖျော်ရည်ကို ဒိန်ခဲ၂ ဇွန်း နဲ့ ရောပေးပါ။

အနှစ်ပုံစံရအောင် မွှေပြီး မျက်နှာပေါ်မှာ ညင်သာစွာလိမ်းပေးပါ။ခြောက်အောက်ထားပြီး ရေဆေးချပါ။ဒိန်ခဲက မျက်နှာပေါ်က ဆဲလ်သေတွေကို ကွာကျစေပါတယ်။

လိမ္မော်သီးနဲ့ ခရမ်းချဉ်သီးက ဆဲလ်သစ်တွေကို ထုတ် ပေးပြီး အသားအရေတောက်ပစေတဲ့ ဗီတာမင်စီပါဝင်ပါတယ်။ တစ်ပတ်မှာသုံးကြိမ်ပြုလုပ်နိုင်ပါတယ်

၂။ သဘောၤသီး လိုအပ်တဲ့ပစ္စည်းကတော့ သဘောၤသီးတစ်မျိုးတည်းပါ။ထိန်းသိမ်းနည်းသဘောၤသီးကိုခွဲပြီး အစေ့တွေဖယ်ထုတ်လိုက်ပါ။

သဘောၤသီးကို ဖိချေပြီး အနှစ်ဖြစ်အောင် လုပ်လိုက် ပါ။ပြီးနောက်မျက်နှာမှာလိမ်းပါ။အခြောက်ခံပြီး ရေနဲ့ဆေးချပါ။သဘောၤသီးက လှသွေးကြွယ်ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင်စီ နဲ့ ဗီတာမင်အေကြွယ်ဝပါတယ်။

အရေပြားကို အာဟာရပေးပြီး အသားအရေစိုပြေစေပါတယ်။ သဘောၤသီးမှာပါတဲ့ အက်တီအောက်ဆီးဒင့်က အိုမင်းရင့်ရော်ခြင်းကို တိုက်ထုတ်ပေးပါတယ်။ ဒီနည်းလမ်းကို ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။.

၃။ မုန်လာဥနီ ထိန်းသိမ်းနည်း မုန်လာဥနီတစ်ဥ ယူပြီး ကျိတ်လိုက်ပါ။ဒီအနှစ်ကို မျက်နှာမှာ လိမ်းပြီး ခြောက် တဲ့အထိထားပါ။ပြီးနောက် ရေနဲ့ဆေးချပါ။

ပုံမှန်ပြုလုပ် ပေးနိုင်ပါတယ်။မုန်လာဥနီက အသားအရေကို အားဖြည့်ပေးတဲ့ Beta Carotene, Vitamin C နဲ့ Vitamin K ကြွယ်ဝပါတယ်။ အစက် အပြောက်တွေကို ဖယ်ရှားပေးပြီး အသားအရေတောက် ပစေပါတယ်။

၄။ ရေခဲတုံး ထိန်းသိမ်းနည်း ရေခဲတုံးတစ်တုံးယူပြီး မျက်နှာမှာ ၁ မိနစ် ကနေ ၂ မိနစ်ကြာ ပွတ်ပေးပါ။မျက်နှာအရမ်းအေးလာရင် ခဏနားပါ။ ပြီးနောက် ထပ်ပွတ်ပေးပါ။