ပျိုမေတို့ရေ … အသက်အရွယ်ကြီး လာတာနဲ့ အသားအရေကအစ ပြောင်းလဲတတ်တယ်။ ဒီလိုပြောင်းလဲလာရင် အဓိက သိသာစေတာကတော့ အရေးအကြောင်းတွေပါပဲ။
ကိုယ့်မျက်နှာမှာ အရေးအကြောင်းတွေ ရှိနေပြီးဆိုတာ ကိုယ်အသက်ကြီးနေပြီ ဆိုတာကို သတိပေးနေတဲ့ အချက်ပါပဲ။ ဒီလိုတွေ မဖြစ်ရအောင် ၊ မှန်ကြည့်တိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ဒီနည်းနဲ့ လုပ်ပေးပါ။
(၁) သံလွင်ဆီ နဲ့ သံပယိုရည်
ပါဝင်ပစ္စည်းများ – သံလွင်ဆီ နဲ့ သံပယိုရည် ။သံလွင်ဆီကို ဇလုံထဲ ထည့်ပေးပြီး သံပယိုရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း အပြည့်)ကိုလည်း ရောပေးပါ။
ဒီအရောနဲ့ မျက်နှာကိုလိမ်းပေးပြီး နှိပ်နယ်ပေးပါ။ရလဒ္ကေတာ့ အသားအေရကို ႏုလာၿပီးအရေးအကြောင်းတွေကိုလည်း လျော့နည်းစေပါတယ်။
(၂) ပန်းသီ
ပါဝင်ပစ္စည်း – ပန်းသီး ၊ နို့မှုန့် နဲ့ ပျားရည်။ပန်းသီး (၁)လုံးကို ရေနဲ့ပြုတ်ပေးပါ။အအေးခံပေးပြီး အထဲက အစေ့ကို ဖယ် ၊ ပန်းသီးကို ခြေပေးပါ။
ပြီးရင် နို့မှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်းအပြည့်) နဲ့ ပျားရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်းအပြည့်)တို့ကို ရောမွေပေးပါ။မျက်နှာပေါ်လိမ်းပေးပြီး (၁၅)မိနစ်လောက် အခြောက်ခံပေးပါ။ပြီးရင် မျက်နှာ ဆေးပေးပါ။
ဒီနည်းကို နေ့တိုင်းလုပ်ပေး နိုင်ပါတယ်။ ပန်းသီးမှာ ဗီတာမင်ဓာတ်တွေ အများကြီးပါတာကြောင့် အရေးအကြောင်းတွေကို တိုက်ဖျက်ပေးနိုင်တယ်။
(၃) သံပယိုရည် နဲ့ Milk Cream.
ပါဝင်ပစ္စည်းများ – သံပယိုရည် နဲ့ Milk Cream။ပါဝင်ပစ္စည်းတွေကို ရောပေးပြီး မျက်နှာပေါ်လိမ်းပေးပါ။(၁၀-၁၅)မိနစ်လောက် နေရင် ရိုးရိုးရေနဲ့ မျက်နှာဆေးပေးပါ။
အနည်းဆုံး (၁)လမှာ သိသာတဲ့ ရလဒ်ကိုရလာမှာပါ။ ဒီပေါင်းတင်နည်းကတော့ အရေးအကြောင်းတွေ မဖြစ်အောင်ထိန်းပေးထား နိုင်ပါတယ်။
Credit