Health Knowledge

အသားဖြူ ချင်တဲ့သူတိုင်း ပုံမှန်လုပ်ဖို့လုံးဝမပျင်းသင့်တဲ့အရာ ၆ ခု

အသားဖြူချင်ရင် ပျင်းနေလို့မရပါဘူး။ အသားအရေကို သေချာဂရုစိုက်ပေးရပါမယ်။ ဒါကြောင့် အသားဖြူချင်တဲ့သူတိုင်း ဒီအရာ ၆ ခုကို ပုံမှန်လုပ်ပေးဖို့အတွက် လုံးဝပျင်းလို့မရပါဘူး။

Lotion လိမ်းဖို့မပျင်းပါနဲ့

အသားစိုပြီးကြည်လာရင် ပုံမှန်ထက်ပိုပြီး အသားဖြူလာသလို ဖြစ်စေပါတယ်။ ဒါကြောင့် lotion ကို မနက်၊ ည ပုံမှန်သာလိမ်းပါ။ ခြေဖမိုးတွေပါမချန် လိမ်းပေးပါ။ သိသိသာသာ အသားဖြူချင်ရင်တော့ whitening lotion တွေ လိမ်းလို့ရပါတယ်။

Sunscreen လိမ်းဖို့မပျင်းပါနဲ့

Lotion တွေ ဘယ်လောက်လိမ်းလိမ်း နေ့လည်ဘက်တွေဆိုရင် နေရောင်ခြည်ဒဏ်ကို အပြည့်အဝ မကာကွယ်နိုင်ပါဘူး။

ဒါကြောင့် နေလည်ဘက်မှာဆိုရင် sunscreen လိမ်းရပါမယ်။ Lotion နဲ့ ရောလိမ်းလို့ရသလို၊ SPF ပါတဲ့ lotion ပဲ လိမ်းပေးလို့လည်း ရပါတယ်။ ဒါမှာ နေရောင်ခြည်ဒဏ်ကြောင့် အသားမဲတာမျိုး မဖြစ်မှာပါ။

Body Scrub လုပ်ဖို့လည်းမပျင်းပါနဲ့

အသားဖြူပြီး ကြည်လာစေဖို့ဆိုရင် body scrub လုပ်ပေးတာကလည်း အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် တစ်ပတ်ကိုတစ်ခါ (သို့) ၅ ရက် တစ်ခါတော့ body scrub လုပ်ပေးပါ။

Body scrub လုပ်ပေးခြင်းက ဆဲလ်သေတွေနဲ့ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတာဖြစ်လို့ အသားအရေကို အသစ်ပြန်ဖြစ်စေပြီး ကြည်လင်လာစေပါတယ်။

နေပူထဲသွားရင်အကာအကွယ်နဲ့သွားပါ

Skincare တွေလုပ်နေပြီး အသားအရေကို ဂရုမစိုက်ပဲ နေပူထဲတွေလည်း လျှောက်သွားနေရင်တော့ မဲမှာပါပဲ။

ဒါကြောင့် နေပူထဲသွားရင် ထီးဆောင်းပါ။ အရမ်းနေပြင်းတဲ့အချိန်တွေဆိုရင် အင်္ကျီလက်ရှည်အပါးလေးတွေ ဝတ်ပြီးတော့ သွားတာက အကောင်းဆုံးပါပဲ။

အသီးဖျော်ရည်တွေသောက်ပါ

မုန်လာဥနီဖျော်ရည်၊ ခရမ်းချဉ်သီးဖျော်ရည်စတဲ့ အသားအရေလှစေမယ့် အသီးဖျော်ရည်တွေ ကိုယ်တိုင်ဖျော်သောက်ပါ။ အသားအရေက ကြည်ပြီးတော့ကို လှလာတာမျိုး ရစေပါတယ်။

Supplement သောက်ပါ

အသက် ၂၅ နှစ်အထက်တွေဆိုရင် supplement, collagen တစ်ခုခု သောက်ပေးလို့ရပါတယ်။ အသားဖြူဖို့ထက် အသားအရေစိုပြည်ပြီး

ကြည်လာတာဖြစ်လို့ အသားဖြူသလို ဖြစ်စေပါတယ်။ ဒါပေမယ့် ၃ လဆက်တိုက်သောက် တစ်လနား plan နဲ့ သောက်ပေးပါ။ လတိုင်းသောက်စရာ မလိုပါဘူး။