Knowledge

ဖောရောင်နေပါက အသုံးတည့်မည့်ဆေးနည်း

ဖောရောင်နေပါက အသုံးတည့်မည့်ဆေးနည်း

အဖောရောဂါမှာ အသားအရေ ပွယောင်းယောင်းရှိပြီး ၊အရောင်မှာ အသားအရေ လိုသည်ထက် ပိုတင်းနေခြင်းဖြစ်ပါသည်။ အဖောတွင် အရက်ဖော၊ သွေးဖော၊ လေဖော စသည်ဖြင့် အမျိုးမျိုးရှိလေသည်။

အရောင်မှာ ထိခိုက်ဒဏ်ရာကြောင့် ရောင်ခြင်း၊ ဓာတ်ပျက်၍ ရောင်ခြင်း၊ ဥတုအဟာရဓာတ်ကြောင့် ရောင်ခြင်းဟူ၍ အမျိုးမျိုး ရှိပြန်သည်။ တင်ပြလိုသည်မှာ အချို့အဖေါအရောင်သမားများသည် ရောဂါဖြစ်သည်ကိုသိလျှက် မိသားစုအခက်အခဲ၊ ငွေကြေးအခက်အခဲ၊ အမျိုးမျိုးသော အခက်အခဲအရ အိပ်ရာထက်ပက်လက်လဲရင်း သေဆုံးရခြင်းမျိုး မကြာခဏတွေ့ဖူးပါ၍ ငွေကြေးလည်းမကုန် လမ်းဘေးခြံစည်းရိုးများပေါ်တွင် အလေ့ကျပေါက်နေတတ်သော တောသပွတ်ခါးသီးအား သတိရစေရန် ရည်ရွယ်ရေးသားပါသည်။

သပွတ်ခါးသီးကို သုံးပိုင်းပိုင်း၍ ရေဖြင့်(၃)ခွက်(၁)ခွက်တင် ကျိုပါ။ ၁ခွက်စာ တင်ကျန်ခဲ့သော သပွတ်ခါးသီးပြုတ်ရည်ကို (၁)ရက်ခန့်အအေးခံရပါမည်။

ထိုအအေးခံထားသော ဆေးရည်နှင့် ပျားရည်ကို ထမင်းစားဇွန်း (၁)ဇွန်းစာပမာဏဖြစ်အောင် ဆတူစပ်ပြီး နံနက်တစ်ဇွန်း၊ ညနေတစ်ဇွန်း သောက်ပေးရန်ဖြစ်သည်။ ဝမ်းသွားပါလိမ့်မည်။

ဝမ်းသုံးကြိမ်လောက် သွားပြီးပါလျှင် ရေကိုဝအောင်ချိုးပြီး ထမင်းဖြူကို ဆီရွှဲရွဲဆမ်း၍ စားပေးခြင်းဖြင့် ဝမ်းလည်းရပ်သွားပြီး အဖောအရောင်လည်း သက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည်။

ဝမ်းတွင်းသားဟူသမျှ ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။ ဤဆေးမြီးတိုကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၌ ဆောင်းပါးရှင် မောင်ခင်သက်လှိုင် ကရေးသားထားပါသည်။

ဖောရောင်သော ဝေဒနာဖြင့်အကြောင်းကြောင်းကြောင့် ဆေးဝါးမကုသနိုင်ဘဲ ရှိနေသူများ အလွယ်တကူ ရရှိနိုင်သော သပွတ်ခါးသီးဆေးနည်းလေးဖြင့် စမ်းသပ်ကုသကြည့်ပါက အရှုံးမရှိနိုင်ပါ၍ ပြန်လည်ဝေငှလိုက်ရပါသည်။

Credit-Original Uploader

Unicode

ဖောရောင်နေပါက အသုံးတည့်မည့်ဆေးနည်း

အဖောရောဂါမှာ အသားအရေ ပွယောင်းယောင်းရှိပြီး ၊အရောင်မှာ အသားအရေ လိုသည်ထက် ပိုတင်းနေခြင်းဖြစ်ပါသည်။ အဖောတွင် အရက်ဖော၊ သွေးဖော၊ လေဖော စသည်ဖြင့် အမျိုးမျိုးရှိလေသည်။
အရောင်မှာ ထိခိုက်ဒဏ်ရာကြောင့် ရောင်ခြင်း၊ ဓာတ်ပျက်၍ ရောင်ခြင်း၊ ဥတုအဟာရဓာတ်ကြောင့် ရောင်ခြင်းဟူ၍ အမျိုးမျိုး ရှိပြန်သည်။ တင်ပြလိုသည်မှာ အချို့အဖေါအရောင်သမားများသည် ရောဂါဖြစ်သည်ကိုသိလျှက် မိသားစုအခက်အခဲ၊ ငွေကြေးအခက်အခဲ၊ အမျိုးမျိုးသော အခက်အခဲအရ အိပ်ရာထက်ပက်လက်လဲရင်း သေဆုံးရခြင်းမျိုး မကြာခဏတွေ့ဖူးပါ၍ ငွေကြေးလည်းမကုန် လမ်းဘေးခြံစည်းရိုးများပေါ်တွင် အလေ့ကျပေါက်နေတတ်သော တောသပွတ်ခါးသီးအား သတိရစေရန် ရည်ရွယ်ရေးသားပါသည်။

သပွတ်ခါးသီးကို သုံးပိုင်းပိုင်း၍ ရေဖြင့်(၃)ခွက်(၁)ခွက်တင် ကျိုပါ။ ၁ခွက်စာ တင်ကျန်ခဲ့သော သပွတ်ခါးသီးပြုတ်ရည်ကို (၁)ရက်ခန့်အအေးခံရပါမည်။
ထိုအအေးခံထားသော ဆေးရည်နှင့် ပျားရည်ကို ထမင်းစားဇွန်း (၁)ဇွန်းစာပမာဏဖြစ်အောင် ဆတူစပ်ပြီး နံနက်တစ်ဇွန်း၊ ညနေတစ်ဇွန်း သောက်ပေးရန်ဖြစ်သည်။ ဝမ်းသွားပါလိမ့်မည်။
ဝမ်းသုံးကြိမ်လောက် သွားပြီးပါလျှင် ရေကိုဝအောင်ချိုးပြီး ထမင်းဖြူကို ဆီရွှဲရွဲဆမ်း၍ စားပေးခြင်းဖြင့် ဝမ်းလည်းရပ်သွားပြီး အဖောအရောင်လည်း သက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည်။
ဝမ်းတွင်းသားဟူသမျှ ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။ ဤဆေးမြီးတိုကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၌ ဆောင်းပါးရှင် မောင်ခင်သက်လှိုင် ကရေးသားထားပါသည်။

ဖောရောင်သော ဝေဒနာဖြင့်အကြောင်းကြောင်းကြောင့် ဆေးဝါးမကုသနိုင်ဘဲ ရှိနေသူများ အလွယ်တကူ ရရှိနိုင်သော

သပွတ်ခါးသီးဆေးနည်းလေးဖြင့် စမ်းသပ်ကုသကြည့်ပါက အရှုံးမရှိနိုင်ပါ၍ ပြန်လည်ဝေငှလိုက်ရပါသည်။
Credit-Original Uploader