လည်ပင်းနားတစ်ဝိုက် မှာ မည်းတာ ချိုင်းမည်းတာတွေက လူတွေအများအားဖြင့် ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါပဲ။
အခုလို မည်းညှစ်နေတဲ့နေရာတွေကို သက်သာပျောက်ကင်းစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးပါမယ်။
၁. နွားနို့ နဲ့ သကြား
နို့မှာ Lactic အက်ဆစ်ပါဝင်ပြီး အသားအရေကို ပြန်ပြီးဖြူဝင်းစေသလို ရေဓါတ်ဖြည့်တင်းပေးပါတယ်။
သကြားကလည်း ဆဲလ်သေတွေကိုဖယ်ရှားပေးလို့ လည်ပင်းမည်းတာတွေ့ို သက်သာပျောက်ကင်းစေပါတယ်။
ပါဝင်ပစ္စည်း
သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
နွားနို့ စားပွဲတင်ဇွန်း ၃ ဇွန်း ( ဒါမှမဟုတ် သံပုယိုသီး တစ်ခြမ်းထည့်ပါ)
နည်းလမ်း
ပါဝင်ပစ္စည်းနှစ်မျိုးကို ရောလိုက်ပြီး မည်းညှစ်နေတဲ့ လည်ပင်းသားနဲ့ ချိုင်းကြားမှာ လိမ်းပေးလိုက်ပါ။
မိနစ် ၂၀ လောက်ထားပြီးရင် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပါ။
၂။ သခွားသီးနဲ့ နှင်းဆီရေ
သခွားသီး တစ်ခြမ်း
နှင်းဆီရေ စားပွဲတင်ဇွန်း ၆ ဇွန်း (နှင်းဆီရေ နှင်းဆီပန်းပွင့်ကို ရေသေချာဆေးပြီး ရေအေးနဲ့ ညလုံးပေါက်စိမ်ထားပါ။ မနက်ကျမှသုံးပါ)
ပြုလုပ်နည်း
ပါဝင်ပစ္စည်းနှစ်မျိုးကို ကျိတ်စက်ထဲထည့်ပြီး ကျိတ်လိုက်ပါ။ ပြီးရင် လည်ပင်းနဲ့ မည်းနေတဲ့နေရာတွေကို အဓိက ပွတ်ပြီးလိမ်းပေးပါ။
မိနစ် ၃၀ လောက်ထားပြီး ရေဆေးချပါ။ ညတိုင်းလိုလိုလုပ်ပေးပါ။
၃။ ကွေကာအုတ်နဲ့ ခရမ်းချဉ်သီး
ပါဝင်ပစ္စည်း
ကွေကာအုတ် စားပွဲတင်ဇွန်း ၁ ဇွန်း
ခရမ်းချဉ်သီးအရည် စားပွဲတင်ဇွန်း ၅ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပါဝင်ပစ္စည်းအားလုံးကို ကျိတ်စက်ထဲထည့်ပြီး ကျိတ်လိုက်ပါ။ ပြီးရင် လည်ပင်းနဲ့ မည်းနေတဲ့နေရာတွေကို လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေဆေးချပေးပါ။ တစ်ပတ်ကို ၃ ကြိမ်ကနေ ၄ ကြိမ်ထိလုပ်ပေးပါ။
၄။ ရှားစောင်းလက်ပက်နဲ့ သံပုယိုသီး
ပါဝင်ပစ္စည်း
ရှားစောင်းလက်ပက်အနစ် စားပွဲတင်ဇွန်း ၃ ဇွန်း
သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောပြီး မွှေလိုက်ပါ။ ပြီးရင် မည်းညှစ်နေတဲ့နေရာကိုလိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ပြီးရင်ရေအေးအေးနဲ့ ဆေးချပေးပါ။ ညတိုင်းလိုလိုလုပ်ပေးပါ။