Love

ထပ်ပြီး အဆုံးရှုံးမခံနိုင်တာ သေချာတဲ့အခါ နောက်ထပ်လဲ ပိုင်ဆိုင်ဖို့ မကြိုးစားတော့ဘူး

မလိုတာတွေ ဘဝထဲက လွှတ်ချထားခဲ့ခြင်းက
စိတ်ကို အေးစေမယ့် အကောင်းဆုံး ဆေးဘဲ

အထီးကျန်လို့ ထိုင်ငိုရတဲ့ခေတ်က
ကမ္ဘာဦးအစမှာ ကျန်ခဲ့ပြီးလို့ သိရတဲ့နောက်မှာ
အတိတ်ကို ပြန်ပြန်သွားပြီးတော့
စိတ်နာစရာတွေကို ထပ်မတွေးဖြစ်တော့ဘူး

မ မြဲ မှန် သိ လို့
မ ချည်း နှောင် ခဲ့ တာ ပါ

ဝဋ်ကြွေး ကုန်လို့ဘဲ ဖြစ်ဖြစ်
ရေစက် မဆုံလို့ဘဲ ဖြစ်ဖြစ်
ကံကုန်လို့ လမ်းခွဲပြီဆိုတဲ့ အခါ
တရားနဲ့ မပြုံးနိုင်တဲ့သူဟာ
အမုန်းနဲ့ ရှုံးရတာဘဲ မဟုတ်လား

တွယ်တာလွန်းတဲ့ စိတ်ဆိုတာ
ရေစိမ်ထားတဲ့ စက္ကူလိုဘဲ
အချိန်ကြာလာလေ ပိုပြီး ပျော့ညံလာလေ

သံယောဇဉ် အပူတောမှာ
ဘယ်သူရှိမှ ဖြစ်မယ်ဆိုတာမျိုး မလုပ်ပါနဲ့
ကိုယ့်ကိုယ်ကိုယ် ချစ်တက်ဖို့ဆိုတာ
အဲ့လောက်ထိ ရူးမိုက်ဖို့မှ မလိုတာ

ကိုယ့်ကိုယ်ကိုယ် ပိုင်တယ်ထင်ရင်
မအိုပါနဲ့လို့ ပြောစမ်း
မနာပါနဲ့လို့ ပြောစမ်း
မသေပါနဲ့လို့ ပြောစမ်း
မပုတ်ပါနဲ့လို့ ပြောစမ်း
မခွဲကြရပါစေလို့ ပြောစမ်း
မ ရ ပါ ဘူး
အ ချိန် တန် တော့ လဲ
ရောက်တဲ့စခန်းမှာ ခေတ္တနားပြီး
လာရာ လမ်းအတိုင်း မြန်းရတာပါဘဲ

ကိုယ့်ခန္ဓာတောင် ကိုယ်နဲ့ ခဏဘဲဆိုင်တာ
တစ်ပါးသူကို မပိုင်တာ ဘာများဆန်းလို့လဲ

အလုပ်တွေများလို့ စိတ်ရှုပ်ရတဲ့ အထဲ
အရှုပ်တွေပါ ထပ်လုပ်နေဦးမယ်ဆိုရင်တော့
နေဝင်လို့ မိုးချုပ်သွားတာဘဲ ရှိမယ်
ကိုယ့်ဘဝကတော့ အေးချမ်းလာမှာ မဟုတ်ဘူး

အဲ့ တော့
ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်ပြီး
ပိုကောင်းဖို့ဘဲ ကြိုးစားပါ

မနက်ဖြန်တွေ ပစ္စုပ္ပန်ဖြစ်လာတဲ့အခါမှာ
ဒီနေ့ဟာ အတိက်ဖြစ်သွားဦးမှာပါဘဲ

အဲ့ဒီပြောင်းလဲခြင်းကို လက်ခံနိုင်ပါမှသာ
လောကဓံတရားရဲ့အောက်မှာ
အနာအကျင် သက်သာမှာပေါ့

ဘယ်လိုပန်းတွေက
ပွင့်ပြီးတော့ မ ကွှေဘဲရှေိခဲ့ရလို့လဲ

ဘဝဆိုတာ အဲ့ဒါ
ပွင့်ပြီးရင်ကွှေရမယ့် ပန်းနဲ့ သိပ်တူတာ

ဖြစ် တည် ဆဲ အ ခိုက် မှာ
စိတ် ရ နံ့ သင်း ရင် တော့
အဲ့ ဒီ ပန်း က , အ မြတ် ပေါ့

ဘဝကို ကောင်းအောင်နေဖို့က
နည်းလမ်းတွေ များများမှ မလိုတာ

တကယ် လိုအပ်တာက
ရပိုင်ခွင့်ရှိသလောက် မြတ်နိုးပြီး
ရှင်သန်ခွင့်ရတဲ့ အခိုက်မှာဘဲ
တန်ဖိုးရှိအောင် နေသွားဖို့ လိုတာ ။

#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
(ခင် မင် လေး စား လျှက် ပါ )
Unicode

ထပ်ပြီး အဆုံးရှုံးမခံနိုင်တာ သေချာတဲ့အခါ
နောက်ထပ်လဲ ပိုင်ဆိုင်ဖို့ မကြိုးစားတော့ဘူး

မလိုတာတွေ ဘဝထဲက လွှတ်ချထားခဲ့ခြင်းက
စိတ်ကို အေးစေမယ့် အကောင်းဆုံး ဆေးဘဲ

အထီးကျန်လို့ ထိုင်ငိုရတဲ့ခေတ်က
ကမ္ဘာဦးအစမှာ ကျန်ခဲ့ပြီးလို့ သိရတဲ့နောက်မှာ
အတိတ်ကို ပြန်ပြန်သွားပြီးတော့
စိတ်နာစရာတွေကို ထပ်မတွေးဖြစ်တော့ဘူး

မ မြဲ မှန် သိ လို့
မ ချည်း နှောင် ခဲ့ တာ ပါ

ဝဋ်ကြွေး ကုန်လို့ဘဲ ဖြစ်ဖြစ်
ရေစက် မဆုံလို့ဘဲ ဖြစ်ဖြစ်
ကံကုန်လို့ လမ်းခွဲပြီဆိုတဲ့ အခါ
တရားနဲ့ မပြုံးနိုင်တဲ့သူဟာ
အမုန်းနဲ့ ရှုံးရတာဘဲ မဟုတ်လား

တွယ်တာလွန်းတဲ့ စိတ်ဆိုတာ
ရေစိမ်ထားတဲ့ စက္ကူလိုဘဲ
အချိန်ကြာလာလေ ပိုပြီး ပျော့ညံလာလေ

သံယောဇဉ် အပူတောမှာ
ဘယ်သူရှိမှ ဖြစ်မယ်ဆိုတာမျိုး မလုပ်ပါနဲ့
ကိုယ့်ကိုယ်ကိုယ် ချစ်တက်ဖို့ဆိုတာ
အဲ့လောက်ထိ ရူးမိုက်ဖို့မှ မလိုတာ

ကိုယ့်ကိုယ်ကိုယ် ပိုင်တယ်ထင်ရင်
မအိုပါနဲ့လို့ ပြောစမ်း
မနာပါနဲ့လို့ ပြောစမ်း
မသေပါနဲ့လို့ ပြောစမ်း
မပုတ်ပါနဲ့လို့ ပြောစမ်း
မခွဲကြရပါစေလို့ ပြောစမ်း
မ ရ ပါ ဘူး
အ ချိန် တန် တော့ လဲ
ရောက်တဲ့စခန်းမှာ ခေတ္တနားပြီး
လာရာ လမ်းအတိုင်း မြန်းရတာပါဘဲ

ကိုယ့်ခန္ဓာတောင် ကိုယ်နဲ့ ခဏဘဲဆိုင်တာ
တစ်ပါးသူကို မပိုင်တာ ဘာများဆန်းလို့လဲ

အလုပ်တွေများလို့ စိတ်ရှုပ်ရတဲ့ အထဲ
အရှုပ်တွေပါ ထပ်လုပ်နေဦးမယ်ဆိုရင်တော့
နေဝင်လို့ မိုးချုပ်သွားတာဘဲ ရှိမယ်
ကိုယ့်ဘဝကတော့ အေးချမ်းလာမှာ မဟုတ်ဘူး

အဲ့ တော့
ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်ပြီး
ပိုကောင်းဖို့ဘဲ ကြိုးစားပါ

မနက်ဖြန်တွေ ပစ္စုပ္ပန်ဖြစ်လာတဲ့အခါမှာ
ဒီနေ့ဟာ အတိက်ဖြစ်သွားဦးမှာပါဘဲ

အဲ့ဒီပြောင်းလဲခြင်းကို လက်ခံနိုင်ပါမှသာ
လောကဓံတရားရဲ့အောက်မှာ
အနာအကျင် သက်သာမှာပေါ့

ဘယ်လိုပန်းတွေက
ပွင့်ပြီးတော့ မကြွေဘဲ ရှိခဲ့ရလို့လဲ

ဘဝဆိုတာ အဲ့ဒါ
ပွင့်ပြီးရင်ကွှေရမယ့် ပန်းနဲ့ သိပ်တူတာ

ဖြစ် တည် ဆဲ အ ခိုက် မှာ
စိတ် ရ နံ့ သင်း ရင် တော့
အဲ့ ဒီ ပန်း က , အ မြတ် ပေါ့

ဘဝကို ကောင်းအောင်နေဖို့က
နည်းလမ်းတွေ များများမှ မလိုတာ

တကယ် လိုအပ်တာက
ရပိုင်ခွင့်ရှိသလောက် မြတ်နိုးပြီး
ရှင်သန်ခွင့်ရတဲ့ အခိုက်မှာဘဲ
တန်ဖိုးရှိအောင် နေသွားဖို့ လိုတာ ။

#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
(ခင် မင် လေး စား လျှက် ပါ )