လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်က စကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်း ထက် ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ် ။
သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကို ထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်…
လူ့ဘဝက တိုတောင်းလွန်းပါတယ် ကိုယ့်နံဘေးက ဆွေမျိုးသားချင်း ၊ ချစ်သူခင်သူ ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ် ။
ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက် အရေးပါကြောင်း သိတာမျိုး မဖြစ်ပါစေနဲ့ မိဘတွေကို ရိုသေလေးစားပါ ။
သင် ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့အသင့် ရှိနေပါတယ် မိဘရဲ့ ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာ ဆိပ်ကမ်းပဲ ဖြစ်ပါတယ် ။
( ၁ ) အင်းပါ အင်းပါ သိပြီ၊ အရမ်းရှုပ်တာပဲ ။
( ၂ ) ကိစ္စရှိသေးလား မရှိရင် ဖုန်းချတော့မယ် ။ ( မိဘတွေ ဖုန်းဆက်တာ စကားပြောချင်ရုံ သက်သက် ဖြစ်လိမ့်မယ် သူတို့ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည် ပေးသင့်ပါတယ် ဖုန်းကိုချဖို့ပဲ မလောပါနဲ့ )
( ၃ ) ပြောရင်လည်း နားလည်မှာ မဟုတ်ပါဘူး။ မမေးပါနဲ့ ။
( ၄ ) မလုပ်ပါနဲ့လို့ အထပ်ထပ် ပြောထားရက်သားနဲ့ လုပ်ထားတာတွေကလည်း မကောင်းဘူး။ ( သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကို မလုပ်ဖို့တားတယ် ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကို ခံစားရစေပါတယ်)
( ၅ ) ဟာ ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပါပီ။ ( မိဘတွေရဲ့ အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ် ။ ဒါပေမဲ့ ဒီထက်နားထောင်လို့ ကောင်းတဲ့စကားကို ကျွန်တော်တို့ ပြောသင့်ပါတယ် )
( ၆ ) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး ။ ( ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ် မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့ )
( ၇ ) သား ဘာစားမယ်ဆိုတာ သားသိတယ် ဟင်းတွေ ထည့်ထည့် မပေးနဲ့တော့။
( ကျွန်တော်တို့ အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ ဂရုစိုက်မှုတွေကို ကျွန်တော်တို့ အတွက် အထူးစီမံထားတဲ့ ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ် ။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ် ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ )
( ၈ ) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကို နားမထောင်ဘူး ။ ( သူတို့ရဲ့တစ်သက် ချွေတာလာတဲ့ အကျင့်တွေပြောင်းလဲရ ခက်ပါတယ် ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ် )
( ၉ ) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ် ။ တဗျစ်တောက်တောက် မပြောနဲ့ နားကိုငြီးတယ် ။
( ၁ဝ ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာ ပုံထားရသေးတာလဲ ။ ( မိဘတွေက ကျွန်တော်တို့နဲ့ အတူ ကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။
သူတို့ သိမ်းထားတာတွေ တစ်အိမ်လုံး ပြည့်နေပါစေ ။ နောင်တချိန်မှာ ကျွန်တော်တို့ ကလေးဘဝက ဝတ်ခဲ့တဲ့ အဝတ်အစားတွေကို ကျွန်တော်တို့ တွေ့မိတဲ့အခါ ကျွန်တော်တို့ ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား)
Credit#
Unicode
မိဘတွေကို လုံးဝ မပြောသင့်သော စကား (၁ဝ) ခွန်း