Health

အဆိပ္ေျပပင္(ပင့္ကူ ထိပ္ပိတ္ပင္္)

အံ႕ႀသဖြယ္ျဖစ္၏။မယံုနိုင္စရာလည္းျဖစ္ရသည္။ ေျမြဆိုး ကိုက္ခံရတာဘာမွမျဖစ္ဘူးတဲ့ခ်င္းတြင္းျမစ္နေဘး ပလူဇဝရြာေလးကသစ္ထုတ္သမားစံျပ ေျမြေပြး ကိုက္ခံရသည္။

မစိန္ ဆရာေတာ္ျကီး ပင့္ကူ ထိပ္ပိတ္ရြက္ မ်ားကိုု ေထာင္း ေစကာ ဖန္ခြက္ တစ္လံုးတိုက္၏။ ႏွာေခါင္း ထဲညစ္ထဲ႔ေပးျပီး ပင့္ကူထိပ္ပိတ္ရြက္မ်ားစက္ေလွေပၚတင္ေပးလိုက္၍ ကေလးဝေဆးရံုသို႔ပို႔ေစသည္။လမ္းတြင္ ပင့္ကူ ထိပ္ပိတ္ပင္ အရြက္ကို သတၱဳရည္ ညစ္၍ လူနာ၏ပါးစပ္သို႕ အရည္စက္ ္ခ်ေပးျခင္းႏွင့္ႏွာေခါင္းဝသို႔ အရည္စက္ ထဲ႔ေပးျခင္းျဖင့္ ့္ေဆးရံုေရာက္ခဲ႔ရာ အဆိပ္ မတက္၍ဆရာဝန္အံ႔ႀသရ သည္ ဆိုသည္။

ထိုျပင္ ပင့္ကူ ထိပ္ပိတ္ပင္ သည္ အဆိပ္ ရွိ တိရစာၦန္ တို႔အကိုက္အခဲခံရပါက အရြက္ ကိုျကိတ္ေခ်ပြတ္ရံုမ်ွျဖင့္အျမန္အဆိပ္ေျပေစေျကာင္း သိေစလိုပါသည္။ဘာေျကာင့္ပင့္ကူထိပ္ပိတ္ဟုေခၚေျကာင္းေမးျကည့္ဖူးရာ ဆရာေတာ္ ျကီးက ဒကာရယ္ပင့္ကူေကာင္က ေျမြ ေတြကိုနိုင္တယ္ေလ ဘုန္းႀကီးစိတ္ထင္ေျပာတာပါ ေနာက္ျပီး အသီးအပြင့္ လံုးေလးပံုက ပင့္ကူ ေကာင္ေလး နဲ႕ တူလို႔ထင္တယ္ဟုမိန္႔ဖူးသည္ကိိုသတိရမိသည္။

ခ်င္းတြင္းျမစ္္ နေဘးအခ်ိဳ႕ရြာေလးမ်ားတြင္ ပင့္ကူ ထိပ္ပိတ္ပင္ကို အဆိပ္နိုင္ပင္ အျဖစ္အိမ္မ်ားတြင္စိုက္ထားျကပါသည္။

ေဒသလိုက္ေခၚႀကသည္မွာ ပင့္ကူ ထိပ္ပိတ္။ပန္းသံုးဆင့္ပင္။အဆိပ္ေျပပင္။ေျကာင္တလႊားပင္။ပင့္ကူအုပ္ ေဆာင္းေခၚႀကသည္။အျခားေသာေဆးအသံုးတို႔ကမ်ားစြာပင္ျဖစ္သည္။

ပလူဇဝရြာမွဦးအဲပို ေျပာျပေသာ ပိုးထိေသာ္လည္းအဆိပ္မတက္ေစေသာအံ႔ႀသဖြယ္ေဆးပင္အေျကာင္းသာျဖစ္ပါသည္

စာကိုး။သူရဇၨမဂၢဇင္း ကိုယ္ေတြ႔အဆိပ္ေျဖပင္မွရွင္နာဂသိန္ေဆးက်မ္း

မွတ္ခ်က္။ေျမြကိုက္ကဆရာေတာ္ျကီးလုပ္ေသာနည္း
ကင္းကိုက္။ပရြက္။ပ်ားထိုးကအရြက္နွင့္ပြတ္ျကသည္။

Credit ရဲမ်ိဳးသူ ေဗာဓိျမိဳင္

Unicode

အဆိပ်ပြေပင်(ပင့်ကူ ထိပ်ပိတ်ပင်)

အံ့သြဖွယ်ဖြစ်၏။မယုံနိုင်စရာလည်းဖြစ်ရသည်။ မြွေဆိုး ကိုက်ခံရတာဘာမှမဖြစ်ဘူးတဲ့ချင်းတွင်းမြစ်နဘေး ပလူဇဝရွာလေးကသစ်ထုတ်သမားစံပြ မြွေပွေး ကိုက်ခံရသည်။

မစိန် ဆရာတော်ကြီး ပင့်ကူ ထိပ်ပိတ်ရွက် များကို ထောင်း စေကာ ဖန်ခွက် တစ်လုံးတိုက်၏။ နှာခေါင်း ထဲညစ်ထဲ့ပေးပြီး ပင့်ကူထိပ်ပိတ်ရွက်များစက်လှေပေါ်တင်ပေးလိုက်၍ ကလေးဝဆေးရုံသို့ပို့စေသည်။လမ်းတွင် ပင့်ကူ ထိပ်ပိတ်ပင် အရွက်ကို သတ္တုရည် ညစ်၍ လူနာ၏ပါးစပ်သို့ အရည်စက် ်ချပေးခြင်းနှင့်နှာခေါင်းဝသို့ အရည်စက် ထဲ့ပေးခြင်းဖြင့့််ဆေးရုံရောက်ခဲ့ရာ အဆိပ် မတက်၍ဆရာဝန်အံ့သြရ သည် ဆိုသည်။

ထိုပြင် ပင့်ကူ ထိပ်ပိတ်ပင် သည် အဆိပ် ရှိ တိရစ္ဆာန် တို့အကိုက်အခဲခံရပါက အရွက် ကိုကြိတ်ချေပွတ်ရုံမျှဖြင့်အမြန်အဆိပ်ပြေစေကြောင်း သိစေလိုပါသည်။ဘာကြောင့်ပင့်ကူထိပ်ပိတ်ဟုခေါ်ကြောင်းမေးကြည့်ဖူးရာ ဆရာတော် ကြီးက ဒကာရယ်ပင့်ကူကောင်က မြွေ တွေကိုနိုင်တယ်လေ ဘုန်းကြီးစိတ်ထင်ပြောတာပါ နောက်ပြီး အသီးအပွင့် လုံးလေးပုံက ပင့်ကူ ကောင်လေး နဲ့ တူလို့ထင်တယ်ဟုမိန့်ဖူးသည်ကိုသတိရမိသည်။

ချင်းတွင်းမြစ် နဘေးအချို့ရွာလေးများတွင် ပင့်ကူ ထိပ်ပိတ်ပင်ကို အဆိပ်နိုင်ပင် အဖြစ်အိမ်များတွင်စိုက်ထားကြပါသည်။

ဒေသလိုက်ခေါ်ကြသည်မှာ ပင့်ကူ ထိပ်ပိတ်။ပန်းသုံးဆင့်ပင်။အဆိပ်ပြေပင်။ကြောင်တလွှားပင်။ပင့်ကူအုပ် ဆောင်းခေါ်ကြသည်။အခြားသောဆေးအသုံးတို့ကများစွာပင်ဖြစ်သည်။

ပလူဇဝရွာမှဦးအဲပို ပြောပြသော ပိုးထိသော်လည်းအဆိပ်မတက်စေသောအံ့သြဖွယ်ဆေးပင်အကြောင်းသာဖြစ်ပါသည်

စာကိုး။သူရဇ္ဇမဂ္ဂဇင်း ကိုယ်တွေ့အဆိပ်ဖြေပင်မှရှင်နာဂသိန်ဆေးကျမ်း

မှတ်ချက်။မြွေကိုက်ကဆရာတော်ကြီးလုပ်သောနည်း
ကင်းကိုက်။ပရွက်။ပျားထိုးကအရွက်နှင့်ပွတ်ကြသည်။

Credit ရဲမျိုးသူ ဗောဓိမြိုင်