ဒီ နည်း လမ်း လေး ကယုမွန်ကိုယ်တိုင်လုပ်ခဲ့တဲ့နည်း လမ်း လေး ထဲ ကတစ် ခု ပါ။ဟိုးအရင်က ပေါင်ချိန်၁၄၅ ပေါင်ရှိခဲ့ဖူးတယ် အရပ်က ၅ ပေ ၇ ဆို ပေမဲ့အဲ့ ပေါင် ချိန် နဲ့ က ဝ တဲ့
ဘက် မှာ ရောက် နေတာ ပေါ့။ပိုတာကဗိုက်ပူ တာပါ။ဝိတ်ချလိုက်တာ ပေါင် ၁၀၀ ဘဲ ရှိ တော့ တဲ့ အ ထိပါ။ ခုတော့၁၂၂ပေါင်ပါ ဒါပေမဲ့ဘယ် လောက်ဝ လာဝလာ ဗိုက်မပူ လာတော့ဘူး။ တကယ်ထိရောက်တဲ့
နည်းလေးပါ။ အစားရှောင် စရာမ လိုပါဘူး ။သေ ချာပုံမှန်လေး လုပ်သွားရင်ဗိုက်ချပ်ပြီး ခါးသေးစေပါတယ်။Gym ဆော့ဖို့လည်း အချိန်မပေးနိုင်တဲ့သူတွေ အစားလည်းမရှောင်နိုင်တဲ့သူတွေ
အဆီကျဆေးတွေ မသောက်ချင်တဲ့သူတွေအ တွက် လုပ်သင့်တဲ့နည်းလမ်းကောင်းတစ်ခုပါ။ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့နည်းပါ။မနက်အိပ်ရာထထချင်းမှာ ရေတစ်ဖန်ခွက် သောက်ပေးပါရေသန့်ဗူးကြီး
1Literရဲ့တစ်ဝက်-0.5liter) (ဒါမှမဟုတ်) သောက်နိုင်တဲ့သူက ၂ဖန် ခွက်သောက်ပေးပါ ပြီးမှ မျက်နှာသစ် အ ပေါ့ပါးသွားပါ။မ နက်စာကို ရေသောက်ပြီး ၁နာရီကြာမှ စားပါ။ မနက်စာစားပြီးပြီးချင်း ရေထပ်မေ
သာက်ရ။နောက် ၁ နာရီကြာမှ ရေပြန်သောက်ရမည်။နေ့လည်စာ ထမင်းမစားခင် နာရီဝက်အလို ရေ ၁ ခွက်သောက်ရမယ်။ပြီးမှ ထမင်း စား ထမင်းစားရင်လည်း ဖြေးဖြေးနဲ့ ကြေညက်အောင်ဝါးစားသင့်ပါတယ်။
စားနေစဉ် အတွင်း ရေခဲရေ/ကော်ဖီ သောက်ခြင်းကိုလည်းရှောင်ပါ။ပိုပြီး အဆီတွေစု စေပါတယ်။ထမင်းစားပြီး ၁နာရီကြာမှ ရေပြန်သောက်ရမည်။ ည စာ မစားခင် နာရီဝက်အလို ရေသောက်ရမယ်။ ပြီးမှ
ထမင်းစား။ ထမင်စားချိန်နဲ့ အိပ်ချိန်ကို အနည်းဆုံး၂နာရီခွာရ မယ်။အိပ်ရင်လည်း ရေတစ်ခွက်သော က်ပြီးမှ အိပ်ရမယ် ….ထိုင်တဲ့ အခါမှာ အမြဲခါးကို မတ်မတ် ထိုင်ပါ။ခွေခေါက်ထိုင်ချင်းက အဆီပိုတွေ စုစေပါတယ်။
ခါး မတ်မတ် ထိုင်ပါ။ခါးမတ်ထိုင်ချင်းဖြင့် ခန္ဓာကိုယ်ပုံစံပါ smart ကျစေပြီး သွားလာနေထိုင်မှု့ပုံစံမှာ ကျန်မာရေးနှင့်ညီညွတ်ပြီး ပို၍ ကြည့်ကောင်းလာစေပါသည်။(PS….ထမင်းစားပြီးပြီးချင်းရေ မသောက်ဖို့ပါ။
ထမင်းစားပြီး ချင်း ပိန်ချင်ဇောနဲ့လမ်းလျှောက် တာဟာလည်း သိပ်ကိုမှားယွင်း တဲ့ အပြုမူပါ။အစာချေ ဖျက်အားကို ကမောက်က မဖြစ်စေ ပါတယ်။ လဲလှောင်းချင်းလ ည်း မပြုရပါ။အနည်းဆုံး ထမင်းစားပြီး
၂နာရီကြာမှ အိပ်စက် အနားယူ သင့်ပါတယ်)နည်းလမ်းလေးတွေက သိပ်ကို ရိုးရှင်းပါတယ်။အဓိကက ရေသောက်နည်းနဲ့ ဗိုက်ချပ်စေတာပါ။အစားမစားခင် နာရီဝက် အလို ရေသောက်ပေးရင်
အစာကြေလွယ်စေပါတယ်။တခြား အချိန်တွေမှာလည်း ရေကို ပုံမှန် သောက်လို့ရပါတယ်။ အဓိကက မစားခင်နဲ့ စားပြီးအချိန်လေးပါ ။ရေကိုလည်း ရိုးရိုးရေဘဲ သောက်သုံးသင့်ပါတယ်။အစပိုင်းမှာ လုပ်ရတာ
သတိထားနေရတော့ ခက်ခဲတယ်ထင်ရပေမဲ့ နောက်ပိုင်းပုံမှန်လေးလုပ်သွားပေးရင် အဆင်ပြေမှာပါ ။ အမေရိကန် ကျန်းမာရေးသုတေ သီတွေကအစ ထမင်းစားပြီး ရေသောက်တာဟာ ကျန်းမာရေးနဲ့
မညီညွတ်ကြော င်း ပြောထားပါတယ်။ရေကိုလည်း နဲနဲနဲ့ခဏခဏ သောက်ပေးဖို့လိုပါတယ်။ရေသောက်ပေးချင်းအားဖြင့် ခန္ဓာကိုယ်ထဲမှာ မလိုလားအပ်တဲ့ အရည်တွေနဲ့ အ ဆိပ်တောက်တွေကို ဆီး၊ဝမ်း၊ချွေး၊
သ လိပ် အဖြစ်စွန့်ထုတ်ပေးပါတယ်။အဆီပိုတွေ ကျစေပါတယ်။ရေသောက်ခြင်းအကျိုးကျေးဇူးတွေကတော့ အများကြီးပါ။အသေးစိတ်တော့ရေးမပြတော့ဘူးနော်။