Beauty Health

(၁) လ အတွင်း တင်းတိပ် နှင့် မှဲ့ခြောက် များ သိသိသာသာလျော့ပါး သွားစေမယ့် နည်းလမ်း

တင်းတိပ်တွေဟာ မှဲ့လို မထူဘဲ ပါးလွှာပြီး အရွယ် အစား ပုံသဏ္ဍာန်မျိုးစုံဖြင့် မျက်နှာပေါ်မှာ ပေါက်လေ့ရှိပါတယ် ။

အရောင်အားဖြင့် အညိုရောင် ဖြစ်ကြပါတယ် ။ တင်းတိပ်ပေါက်ခြင်းဟာ အရေပြားဆိုင်ရာ ပျက်စီးမှုတစ်ခုပဲ ဖြစ်ပါတယ် ။

တင်းတိပ်ပေါက်ရတဲ့ အကြောင်းအရင်းတွေကတော့ နေပူထဲအထွက်များခြင်း ၊ ဟော်မုန်းမညီမျှခြင်း နှင့် မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်ပါတယ် ။

တင်းတိပ်ဟာ မျက်နှာတင်မက နေအထိများသော ခန္ဓာကိုယ်အစိတ်အပိုင်းများတွင်လည်း ပေါက်ရောက်တတ်ပါတယ်

ဒီလို တင်းတိပ် ၊ မှဲ့ခြောက်တွေကို လျော့ပါးသက် သာစေမယ့် အိမ်တွင်း နည်းလမ်းကောင်းများကို ရှာဖွေပေးထားပါတယ်။

၁။ကြက်သွန်နီ ကြက်သွန်နီကို ခပ်ပါးပါးလှီးပြီး တင်းတိပ်များပေါ် ပွတ် ပေးပါ ။ ပွတ်ပြီး ၁၀ မိနစ် ၊ ၁၅ မိနစ်ခန့်ကြာလျှင် ရေဖြင့် စင်ကြယ်စွာ ဆေးကြောပါ ။

တစ်နေ့ ၂ကြိမ် ဖြင့် လျော့ပါးသွားသည်အထိ ပြုလုပ် နိုင်ပါသည် ။ကြက်သွန်နီကို အရည်ညှစ်ပြီးတော့လည်း ထိုနည်းအတိုင်း ပွတ်ပေးကာ အသုံးပြုနိုင်ပါသည် ။

၂။သံပုယိုရည် သံပုယိုရည်ကို တင်းတိပ်ရှိရာပေါ်သို့ ပွတ်ပေးကာ ခပ်ဖွဖွ နှိပ်နယ်ပေးပါ ။၁၅ မိနစ်ခန့်ထားပြီးလျှင် ရေနွေးနွေးဖြင့် ဆေးကြောပါ ။ တစ်နေ့ ၂ကြိမ် ပြုလုပ်ပေးပါ ။နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ scrub လုပ် တဲ့ နည်းလမ်းပါ ။

သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ပြီး သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲခန့်ရောကာ တင်းတိပ်ရှိရာ အရေပြားပေါ်သို့ ညှင်သာစွာ ပွတ်ပေးပါ ။မိနစ်အနည်းငယ်ခန့် ကြာသွားလျှင် ရေဖြင့် ဆေးကြောပေးလိုက်ပါ ။ဒီနည်းလမ်းကိုတော့ တစ်ပါတ်လျှင် ၁ကြိမ် (သို့) ၂ကြိမ် ပြုလုပ်ပေးရမှာပါ ။

၃။ကြက်ဆူဆီ ကြက်ဆူဆီက တင်းတိပ်သက်သာစေဖို့အတွက်လည်း အသုံးဝင်ပါသေးတယ် ။ညဘက်အိပ်ရာဝင်ခါနီးတိုင်း ကြက်ဆူဆီကို လိမ်းအိပ်ပါ ။

မနက်ခင်း တစ်သျှူးဖြင့် မျက်နှာပေါ်က ဆီတွေကို အရင်ဖယ်ရှားလိုက်ပြီး ရေနွေးနွေးဖြင့် မျက်နှာသစ်လိုက်ပါ ။ဒီနည်းကို နေ့စဉ်ပြုလုပ်ခြင်းဖြင့် သိသိသာသာကို လျော့ပါးသက်သာလာတာ မြင်တွေ့ရမှာပါ ။

၄။ခရမ်းသီး ဒီနည်းလမ်းကတော့ လူသိနည်းမယ့် နည်းလမ်းထင်ပါတယ် ။စာရေးသူကိုယ်တိုင်လည်း မမြင်ဖူး ၊ မလုပ်ဖူးတဲ့ နည်းလမ်းပါ ။ခရမ်သီးမှာ antioxidants ပေါကြွယ်ဝပြီး တင်းတိပ်တွေကို ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ် ။

ခရမ်းသီးကို ခပ်ပါးပါးလှီးပြီး တင်းတိပ်ရှိရာပေါ်သို့ တင်ကာ စက်ဝိုင်းလည်ပတ်ပုံအတိုင်း ညှင်သာစွာ ပွတ် ပေးပါ ။ပြီးနောက် ၁၅ မိနစ်ခန့်ထားပြီး ရေဖြင့် ဆေးကြောလိုက်ပါ ။

နေ့စဉ် ပုံမှန်ပြုလုပ်မယ်ဆို တစ်ပါတ်အတွင်းမှာကို သိသာထင်ရှားတဲ့ ရလဒ် မြင်တွေ့ရမှာပါ ။ရက်သတ္တပါတ် အနည်းငယ်ကြာပြီးတဲ့အခါမှာတော့ တင်းတိပ်များ ကင်းပျောက်သလောက်နီးပါးကို ဖြစ် သွားတာ မြင်ရမှာပါ ။