“ရင်ဘတ် မိတ်ဆွေ”လူတွေမှာ မိတ်ဆွေတွေ အများကြီးရှိနိုင်ပေမယ့် ရင်ဘတ် မိတ်ဆွေဆိုတာကတော့ အနည်းငယ်သာရှိတတ်ပါတယ်တဲ့ရင်ဘတ်မိတ်ဆွေဆိုတာ သူ့အကြောင်းကိုယ့်အကြောင်း ယုံကြည်စိတ်ချ စြာ ဖွင့်ဟတိုင်ပင်ရင်ဖွင့်လို့ရသူ ကွယ်ရာမှာအတင်းမတုတ်သူကိုယ့်ပေါ် စေတနာကောင်းထားပြီး ကိုယ့်အကျိုးစီးပွားကို လိုလားသူ ကိုယ့်အောင်မြင်မှုအတွက် ဝမ်းမြောက်ပေးပြီး ကိုယ့်ကျရှုံးမှုအတွက် စာနာဖေးမ အားပေးနိုင်သူမျိုးပေါ့…ဘဝမွာ အပေါင်းအသင်းတွေများများရှိဖို့ လိုအပ်ပေမယ့် ရင်ဘတ်မိတ်ဆွေကတော့ တစ်ယောက်လောက်ရှိရင်တော်တော် လုံလောက်နေပါပြီ…ငယ်ငယ်တုန်းကတော့ ကိုယ့်ဇာတိရပ်ရွာမှာ ကိုယ့်ကျောင်းနေဖက် ငယ်သူငယ်ချင်းဆိုတာတွေနဲ့ ရင်ဘတ်မိတ်ဆွေဆိုတာ ပေါပေါများများရှိနေနိုင်ပေမယ့်
ကြီးပြင်းလာတာနဲ့အမျှ အလုပ်တွေအများကြီး လုပ်လာတာနဲ့အမျှ အပြိုင်အဆိုင်များတဲ့လောကကြီးမှာ ရင်ဘတ်မိတ်ဆွေဆိုတာ တဖြည်းဖြည်းရှားပါးလာပြီး နောက်ကျောကို ဓားနဲ့ထိုးတဲ့သူမျိုးသာ များများလာတတ်ပါတယ်…ကိုယ္က သူများထက် ထူးချွန်အောင်မြင်လေ ရင်ဘတ်မိတ်ဆွေနည်းလာလေပါလူ့လောက သဘာဝမွာ နိမ့်ပါးနေတဲ့သူတစ်ယောက်ကိုသာ သနားလိုက္တာလို့ ကရုဏာထားနိုင်သူများလာပေမယ့်ကိုယ်နဲ့ပခုံးချင်းယှဉ်လာသူ ကိုယ့်အောက်ကနေ ကိုယ့်အထက် တက်သွားသူတွေအပေါ်မှာတော့ မုဒိတာထားနိုင်ခဲတာပါပဲ…ဒါကြောင့် မုဒိိတာဟာ အခက္ဆုံးလို့ တရားတော်တွေမှာဟောကြားခဲ့တာပါ အသက်အရွယ်လာတာနဲ့အမျှ လူ့စိတ်သဘာဝအမျိုးမျိုးကို နားလည်လာရတဲ့အခါတရားကျစရာကိစ္စတွေကိုလည်း တွေ့မြင်ကြုံ ဖူးလာရတတ်ပါတယ်ကိုယ့်ကို ပညာသားတွေနဲ့ ဆက္ဆံသူလား စိတ်ရင်းအမှန်နဲ့ ဆက္ဆံသူလားဆိုတာခွဲခြားတတ်လာပါတယ်ကိုယ့်အပေါ် `ရွိသာခိုး…ငြိုးလျက်ပါပဲ ဆိုတာမျိုး သဘောထားသူလားဆိုတာလည်း သိလာရတတ်ပါတယ်တစ်ခါတစ်ခါ ကိုယ့်ကို ညာနေတယ်ဆိုတာ သိပေမယ့်ပက်ခနဲတုန့်ပြန်ပြောပစ်လိုက်စရာ အကြောင်းအရာစကားလုံးလည်းရှိပေမယ့် အပြုံးမပျက် ငြိမ်နားထောင်နေလိုက်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်…
သိခြင်းတွေများလာလေ ထိန်းချုပ်ရတာများလာလေ ရင်ဘတ်မိတ်ဆွေရှားလာလေပါ မယုံကြည်ရသော လူမ်ားစြာက မယုံတတ်အောင် သင်ကြားပေးတဲ့အခါ ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်မှုဟာ ဘယ်လောက်အရေးပါတယ်ဆိုတာသိမြင်လာရတတ်ပါတယ်.အဲ့ဒီအခါမျိုးမှာ ဘာမှမသိ နားမလည်တဲ့ ငယ္ဘဝဆီကရင်ဘတ်မိတ်ဆွေများရဲ့တန်ဖိုးကို သိမြင်လွမ်းဆွတ်လာရတတ်ပါတယ်တကယ်တော့လူ့ဘဝရဲ့တန်ဖိုးအရှိဆုံးတွေထဲက တန္ဖိုး မဖြတ်နိုင်သော အရာတစ္ခုဟာ…ရင်ဘတ်မိတ်ဆွေပါဆရာတော် အရှင်ဆန္ဒာဓိက မိန့်ခဲ့ဖူးတဲ့ စကားထဲကအနှစ်သက်ဆုံးစကားလုံးက` ရင်ဘတ်မိတ်ဆွေ ဆိုတဲ့စကားလုံးလေးပါCredit ( ပုညခင်)Unicodeမိတ်ဆွေတွေ အများကြီးရှိနိုင်ပေမယ့် ရင်ဘတ် မိတ်ဆွေဆိုတာ“ရင်ဘတ် မိတ်ဆွေ”လူတွေမှာ မိတ်ဆွေတွေ အများကြီးရှိနိုင်ပေမယ့် ရင်ဘတ် မိတ်ဆွေဆိုတာကတော့ အနည်းငယ်သာရှိတတ်ပါတယ်တဲ့
ရင်ဘတ်မိတ်ဆွေဆိုတာ သူ့အကြောင်းကိုယ့်အကြောင်း ယုံကြည်စိတ်ချ စြာ ဖွင့်ဟတိုင်ပင်ရင်ဖွင့်လို့ရသူ ကွယ်ရာမှာအတင်းမတုတ်သူကိုယ့်ပေါ် စေတနာကောင်းထားပြီး ကိုယ့်အကျိုးစီးပွားကို လိုလားသူ ကိုယ့်အောင်မြင်မှုအတွက် ဝမ်းမြောက်ပေးပြီး ကိုယ့်ကျရှုံးမှုအတွက် စာနာဖေးမ အားပေးနိုင်သူမျိုးပေါ့…ဘဝမွာ အပေါင်းအသင်းတွေများများရှိဖို့ လိုအပ်ပေမယ့် ရင်ဘတ်မိတ်ဆွေကတော့ တစ်ယောက်လောက်ရှိရင်တော်တော် လုံလောက်နေပါပြီ…ငယ်ငယ်တုန်းကတော့ ကိုယ့်ဇာတိရပ်ရွာမှာ ကိုယ့်ကျောင်းနေဖက် ငယ်သူငယ်ချင်းဆိုတာတွေနဲ့ ရင်ဘတ်မိတ်ဆွေဆိုတာ ပေါပေါများများရှိနေနိုင်ပေမယ့်
ကြီးပြင်းလာတာနဲ့အမျှ အလုပ်တွေအများကြီး လုပ်လာတာနဲ့အမျှ အပြိုင်အဆိုင်များတဲ့လောကကြီးမှာ ရင်ဘတ်မိတ်ဆွေဆိုတာ တဖြည်းဖြည်းရှားပါးလာပြီး နောက်ကျောကို ဓားနဲ့ထိုးတဲ့သူမျိုးသာ များများလာတတ်ပါတယ်…ကိုယ္က သူများထက် ထူးချွန်အောင်မြင်လေ ရင်ဘတ်မိတ်ဆွေနည်းလာလေပါလူ့လောက သဘာဝမွာ နိမ့်ပါးနေတဲ့သူတစ်ယောက်ကိုသာ သနားလိုက္တာလို့ ကရုဏာထားနိုင်သူများလာပေမယ့်ကိုယ်နဲ့ပခုံးချင်းယှဉ်လာသူ ကိုယ့်အောက်ကနေ ကိုယ့်အထက် တက်သွားသူတွေအပေါ်မှာတော့ မုဒိတာထားနိုင်ခဲတာပါပဲ…ဒါကြောင့် မုဒိိတာဟာ အခက္ဆုံးလို့ တရားတော်တွေမှာဟောကြားခဲ့တာပါ အသက်အရွယ်လာတာနဲ့အမျှ လူ့စိတ်သဘာဝအမျိုးမျိုးကို နားလည်လာရတဲ့အခါတရားကျစရာကိစ္စတွေကိုလည်း တွေ့မြင်ကြုံ ဖူးလာရတတ်ပါတယ်ကိုယ့်ကို ပညာသားတွေနဲ့ ဆက္ဆံသူလား စိတ်ရင်းအမှန်နဲ့ ဆက္ဆံသူလားဆိုတာခွဲခြားတတ်လာပါတယ်ကိုယ့်အပေါ် `ရွိသာခိုး…ငြိုးလျက်ပါပဲ ဆိုတာမျိုး သဘောထားသူလားဆိုတာလည်း သိလာရတတ်ပါတယ်တစ်ခါတစ်ခါ ကိုယ့်ကို ညာနေတယ်ဆိုတာ သိပေမယ့်ပက်ခနဲတုန့်ပြန်ပြောပစ်လိုက်စရာ အကြောင်းအရာစကားလုံးလည်းရှိပေမယ့် အပြုံးမပျက် ငြိမ်နားထောင်နေလိုက်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်…သိခြင်းတွေများလာလေ ထိန်းချုပ်ရတာများလာလေ ရင်ဘတ်မိတ်ဆွေရှားလာလေပါ မယုံကြည်ရသော လူမ်ားစြာက မယုံတတ်အောင် သင်ကြားပေးတဲ့အခါ ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်မှုဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ
သိမြင်လာရတတ်ပါတယ်.အဲ့ဒီအခါမျိုးမှာ ဘာမှမသိ နားမလည်တဲ့ ငယ္ဘဝဆီကရင်ဘတ်မိတ်ဆွေများရဲ့တန်ဖိုးကို သိမြင်လွမ်းဆွတ်လာရတတ်ပါတယ်တကယ်တော့လူ့ဘဝရဲ့တန်ဖိုးအရှိဆုံးတွေထဲက တန္ဖိုး မဖြတ်နိုင်သော အရာတစ္ခုဟာ…ရင်ဘတ်မိတ်ဆွေပါဆရာတော် အရှင်ဆန္ဒာဓိက မိန့်ခဲ့ဖူးတဲ့ စကားထဲကအနှစ်သက်ဆုံးစကားလုံးက` ရင်ဘတ်မိတ်ဆွေ ဆိုတဲ့စကားလုံးလေးပါCredit ( ပုညခင်)