Knowledge

ကျပ်ထုပ်မပြုလုပ်တတ်သူများအတွက်… ကျပ်ထုပ်ဖေါ်စပ်နည်း (၂)နည်း

ကျပ်ထုပ်အတွက်မေးထားကြလို့ပါ။

တိုင်းရင်းဆေး ကျပ်ထုပ်ဖေါ်စပ်နည်း

၁။ ကြိတ်မှန်ရွက် ။

၂။ကြောင်ပန်းရွက် ။

၃ ။သက်ရင်းကြီးရွက်။

ထိုအရွက်၃မျိုးတို့ကိုဆတူရောပါ။

၄။အိမ်သုံးဆား (၃)ပုံ(၁) ထည့်ပါ။

ပိတ်စဖြင့်ထုပ်၍နာကျဉ်ကိုခဲသောနေရာတဝိုက်တွင်နှမ်းဆီ / မုန်ညင်းဆီတို့ဖြင့်အပူပေး၍ထိုးပေးပါ ။

၁ ။ သွက်ချာပါဒခေါ်လေငန်းဖြတ်ခြင်း ။

၂။လေဖျန်းလေဖြတ် တခြမ်းသေ။

၃ ။ အကြောများနာခြင်း ကြွက်သားများအကြောများ ရောင်ဖမ်းခြင်း

၅ ။ လေးဘက်နာ ဒူလာ ဂေါက်

၆ ။ အရိုးကျီးပေါင်းဖြစ်ခြင်း

၇ ။ ဒူနာခါးနာ ဒူးရောင်ရောဂါများ

အစစ်အမြစ်ကိုက်ခဲခြင်းများတို့ကို နမ်းဆီ မုန်ညင်းဆီ တောင်ဆိတ်စွယ်ပေါင်းဆီ ရရာတို့ဖြင့် အပူပေး၍ ဒဏ်ရာ တဝိုက်တွင်ထိုးပေးပါ ။ပျောက်ကင်းစေနိုင်ပါသည်လက်တွေ့လည်းအသုံးပြုလျှက်ရှိပါသည်

သူငယ်ချင်းရေ့ နောက်တနည်းက —

၁။ ဘုန်းမသိမ်ရွက် ။

၂။ ကြက်ဆူရိုးနီ ။

၃။ ကြောင်ပန်း ။

၄။ ရှောက် ။

၅။သက်ရင်းကြီး ။

အရွက်တွေ အညီအမျှနဲ့ နနွင်းဆားထဲ့ပြီးထိုးသေးတယ် ။လိမ်းဆေးက အပေါ်က ၅ မျိုးအရွက်ကိုထောင်းအရေကိုဆတူယူ …

နှမ်းဆီ(ဝါ) မုံညင်းဆီကို ဒယ်အိုးနဲ့မီးခဲမှာဆူအောင်တည်ထောင်းထားတဲ့အရေကို တဇွန်းစီထဲ့ ပြီးရင်ပုလင်းနဲ့ထဲ့ထား လိမ်းဆေး သူငယ်ချင်း ( လိမ်းဆေးပါ )

Credit