Beauty Knowledge

အခြေအနေ အရမ်းဆိုးနေတဲ့ ဝက်ခြံတွေကို သက်သာသွားစေမယ့် သဘာဝ ပေါင်းတင်နည်း (၄)မျိုး

ပျိုမေတို့ အသားအရေ ထိန်းသိမ်းမှု လုပ်တဲ့အခါ ထိန်းသိမ်းရ အခက်ဆုံးက ထိခိုက် လွယ်တဲ့အသားအရေလို့ ထင်တတ် ကြ ပါ တယ် ။

တကယ်တော့ ထိခိုက် လွယ်တဲ့ အသားအရေထက် ပိုဆိုးတာ ရှိ ပါ တယ် ။

အဲ့ဒါကတော့ အမြဲတမ်း ဝက်ခြံထွက် တတ်တဲ့ အသားအ ရေပါ။ ဘာ skin care ပဲ သုံးသုံး ဝက်ခြံ ထွက်တတ်လို့ ၊ မျက်နှာပေါင်းတင် ရင်လည်း ဝက်ခြံထွက်တတ်လို့ ဘာမှ မထိရဲလောက်အောင်ပါ ။

အဲ့ဒီလို ဝက်ခြံ အမြဲ မပြတ်တဲ့ အသားအ ရေ ပိုင်ရှင်တွေ အတွက် ဝက်ခြံတွေကို လုံးဝ ပျောက်သွား စေ ပြီး ဝက်ခြံ အမာရွတ် တွေ ကို ပါ ပျောက်စေ နိုင်တဲ့ သဘာဝ ပေါင်းတင် နည်းလေးတွေကို ဖော်ပြ လိုက် ပါ တယ် ။

( ၁ ) ဒိန်ချဉ် ၊ နနွင်းပေါင်းတင်နည်း

ဒိန်ချဉ် သုံးဇွန်း ၊ ဆန်မှုန့် နှစ်ဇွန်းနဲ့ နနွင်း တစ်ဇွန်းတို့ကို သမ အောင် ရောမွှေပြီး ဘရပ်ရှ်လေးနဲ့ မျက်နှာအနှံ့ခပ်ထူထူလေးလိမ်းပေးလိုက်ပါ။

မိနစ်နှစ်ဆယ်လောက်ထားပြီး ရေ အေးနဲ့မျက်နှာသစ်ပေးပါ။ပြီးရင် သုံးနေကျ တိုနာလေး လိမ်းပေး လိုက်ရုံ ပါပဲ ။

တစ်ပတ်ကို နှစ်ခါ လုပ်ပေးရုံနဲ့ ဝက်ခြံတွေလုံးဝသက်သာသွားပြီး အမာရွတ်တွေလည်း မှေးမှိန် သွားပါလိမ့်မယ်။

( ၂ ) သစ်ကြမ်းပိုး ၊ ပျားရည် ပေါင်းတင်နည်း

သစ်ကြမ်းပိုးမှုန့် နှစ်ဇွန်း နဲ့ ပျားရည်နှစ်ဇွန်းကို ရောကာ မျက်နှာအနှံ့ လိမ်းပေးပြီး ဆယ့်ငါးမိနစ်လောက် ထားပေးပါ။

မျက်နှာသစ်ပြီး ခြောက်သွားအောင် ထားပေး လိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ သုံးခါလောက် လုပ်ပေးလိုက်ရုံနဲ့

ဝက်ခြံတွေကို သက်သာ စေ ပြီး နောက် ပိုင်း မှာ လည်း ဝက်ခြံတွေမဖြစ်တော့အောင် တားဆီး ပေး နိုင် ပါ တယ် ။

( ၃ ) ရှားစောင်းလက်ပပ် ၊ လက်ဖက်ဆီ ပေါင်းတင်နည်း

ရှားစောင်းလက်ပပ် အတွင်းသားကို ယူပြီး လက်ဖက်ဆီ နှစ်စက် ၊ သုံးစက် လောက် ထည့် မွှေ လိုက် ပါ ။

ဘရပ်ရှ် လေး နဲ့ မျက်နှာ အနှံ့ လိမ်းပေးပြီး ဆယ့်ငါးမိနစ်လောက် ကြာတဲ့အခါ ရေ နွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။

တစ်ပတ် သုံးခါ လောက်လုပ်ပေး လိုက်မယ်ဆို ရင် ဝက်ခြံအမာရွတ်တွေ လုံး၀ ပျောက်သွားပြိး ဝက်ခြံတွေလည်း သက်သာ လာ ပါ လိမ့် မယ်။

( ၄ ) ကြက်ဥအကာ ၊ သံပရိုရည် ပေါင်းတင်နည်း

ကြက်ဥ အကာတစ်လုံး ၊ သံပရိုရည်တစ်ဇွန်းနဲ့ ပျားရည် ဇွန်းတစ်ဝက်တို့ကို ရောမွှေပါ။

ရလာတဲ့ အနှစ်ကို မျက်နှာအနှံ့လိမ်းပေးပြီး ဆယ့်ငါးမိနစ်လောက်ကြာရင် ရေအေးနဲ့ မျက်နှာ သစ်ပေးလိုက်ပါ။

တစ်ပတ်မှာ နှစ်ခါလောက် လုပ်ပေးရုံနဲ့ ဝက်ခြံတွေ သက်သာလာပြီး မျက်နှ ာအသားအရေ နူးညံ့ လာ ပါ လိမ့် မယ် ။