Beauty Knowledge

နှာခေါင်း ကို ခွဲစိတ်ဆေးထိုးစရာမလိုပဲ သဘာဝအတိုင်း နှာတံ ချွန်နေအောင် ပြုလုပ်နိုင်တဲ့နည်း

နှာတံ ချွန်ချွန်လေးဖြစ်နေအောင်ဘယ်လိုလုပ်ကြမလဲ

နှာခေါင်း ပြားနေလို့ဖြစ်ဖြစ် အချိုးမညီလို့ဖြစ်ဖြစ် ပွနေလို့ဖြစ်ဖြစ် စသည်ဖြင့်

မိမိကိုယ်တိုင်စိတ်တိုင်းမကျဖြစ်နေတဲ့ ပိုင်ရှင်များအတွက်

နှာခေါင်းကို အခုနောက်ပိုင်း လုပ်နေသလို ဆေးထိုး တာမျိုး ခွဲစိတ် တာမျိုးတွေ မလုပ်ပါဘဲနဲ့

သဘာဝအတိုင်း နှာတံ ချွန်နေအောင် ပြုလုပ်နိုင်တဲ့ နည်းလေးတွေရှိပါတယ်

မိမိမွေးကတည်းက နှာခေါင်းကပြားနေရင် နှာတံ ပေါ နေပီး ချွန်အောင်လုပ်နည်း (၄) ချက်ကို တင်ပြပေးသွားမှာဖြစ်ပါတယ်

မမေ့မလျော့ပဲ နေ့တိုင်းသာ လိုက် လုပ်မယ်ဆိုရင် မိမိတို့လိုချင်တဲ့ နှာတံ ပေါပေါလေး ရလာမှာဖြစ်ပါတယ်

၁။ အကယ်၍ သင့်ရဲ့နှာခေါင်း က ထိပ်ကလေးပဲရှိပီး အလည်ကပြားတယ်ဆိုရင် နှာခေါင်း ဘေးနှစ်ဖက်ကို နေ့တိုင်းတွန်းပေးပါ

လုပ်နည်းလေးကတော့ မိမိရဲ့ လက်မ နှင့် လက်ညိုး ကို နှာထိပ် ဘေး နှစ်ဖက်ကို ကိုင်ထားပြီး အပေါ်သို့ ဖြည်းညင်းစွာ ထပ်ခါထပ်ခါ တွန်းပေးပါ ။

အမြဲလုပ်ပေးရင် နှာခေါင်း လေးက မိမိလိုချင်တဲ့ ပုံစံလေးဖြစ်လာပါမယ်

၂။ ဒီနည်းလေးက နှာတံ ပေါ်ပီး နှာခေါင်း ချွန်ဖို့အတွက် နည်းလမ်း ကောင်းလေးပါ။

လက်ညိုးနှင့် လက် မကို သုံးပြီး နှာခေါင်းအလယ် အသက်ရှုသော နေရာကို အောက်သို့ ဖြည်းညင်းစွာ တွန်းပါ။

ပုံမှန်လုပ်ပါများရင် နှာခေါင်း က ကိုယ်လိုချင်တဲ့ ပုံစံအတိုင်းဖြစ် လာမှာပေါ့

၃။လက်နှစ်ဖက်ရဲ့ လက်ညိုး ကို အသုံးပြုပြီး နှာခေါင်းဘေး နှစ်ဖက်ကိုထားပြီး အောက်သို့ ဖြည်းညင်းစွာ

တွန်းပေးလိုက်ပါ။ နှာတံပေါနှာခေါင်းကို ချွန်လာစေပါတယ်

၄။နောက်ဆုံးတစ်နည်းကတော့ Make up ကို သုံးပီး နှာခေါင်း ကို ချွန်တဲ့ပုံစံလုပ်နိုင်ပါတယ်။ Nose contouring လို့လဲခေါ်တယ်။

အလှပြင် တဲ့အခါ နှာထိပ် ကို Bright powder လိမ်းပေးရင် နှာခေါင်း လေးက ချွန်နေတဲ့ပုံစံဖြစ်နေပါလိမ့်မယ်။

နှာခေါင်း ဘေးနှစ်ဖက်ကို အညို Shadow powder လိမ်းပေးဖို့လည်းမမေ့နဲ့နော်

ဒီ(၄)နည်းမှာ မိမိနဲ့အဆင်ပြေမဲ့ နည်းလမ်းလေးကိုရွေးပီး မိမိလိုချင်တဲ့ နှာခေါင်း ပုံစံလေးကို ကိုယ်တိုင် ပုံဖော်ပါ။

ပိုက်ဆံလည်း အကုန်ကျသက်သာပြီး စိတ်တိုင်းကျအလှပြုပြင်လို့ရတယ်နော်။

Side effect တွေလည် ပူပန်စရာမလိုတော့ဘူးပေါ့ အားလုံးအတူတူလိုက် လုပ် ဖို့ တိုက်တွန်းပေးလိုက်ပါတယ်နော်