Knowledge

ဈေးကြီးပေးဝယ်နေကြတဲ့ အဆီကျရှားစောင်းလက်ပတ်ယို လုပ်နည်း

ရှားစောင်းလက်ပတ်ယို လုပ်နည်း

သူများတွေက Online Shop မှာ ဈေးကြီးပေးရတဲ့ ရှားစောင်းလက်ပတ်ယို လုပ်နည်းကို အခမဲ့ မျှဝေပေးပါမယ်။

အစ်မတစ်ယောက်က ရှားစောင်းလက်ပတ်ယိုလေး တင်ထားတာတွေ့လို့ညီမလည်း ပြန်ရှယ်ပါရစေ နော်။ဝတဲ့သူတွေဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက် အရမ်းအဆင်ပြေတယ်။

အိမ်ရှင်မ တော်တော်များများရဲ့ ဒုက္ခက ဗိုက်ပူတာပါပဲ။ညီမလေ အဲ့ယိုလုပ်နည်းကို မေမေကတဆင့် သိတာပါ။ စားကြည့်တော့ တကယ် ဗိုက်ကျတယ်ရှင့်။

ရှားစောင်းလက်ပတ် ငါးတက်လောက်ကို ဘေးက စူးသွားတွေကို ဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေး တွေကိုလှီးပါ(အခွံမနွှာတော့ ထုပ်ထုပ်ထုပ် နဲ့ စားလို့ကောင်းသလိုပိုဆေးဖက်ဝင်တာပေါ့)ထန်းလျက်(အညို) ငါးကျပ်သားလောက်ကိုဆီ ၅ ကျပ်သားလောက်ထဲကို ထည့်ပီး အရည်ပျော်အောင်မွှေပါ။

ထန်းလျက် အရည်ပျော်သွားရင် ရှားစောင်းလက်ပတ်ထည့်ပါ။ ရှားစောင်း လတ်ပတ်က အရည်ထွက်တဲ့အတွက် ခနခန မွှေပေးပါ။

ရှားစောင်းလက်ပတ် အရည်ခမ်းသွားပီး နည်းနည်းခပ်ပျစ်ပျစ် ဖြစ်လာရင် ငှက်ပျောသီးဖီးကြမ်း နှစ်လုံးကို ပါးပါးလှီးထည့်ပါ။

(ငှက်ပျောသီးက များလျှင် ချဉ်တတ်လို့ နှစ်လုံးဆို လုံလောက်ပါပြီ)ကြက်ဥနှစ်လုံးကို မွှေပီးမှထည့်ပါ။ဇွန်းနဲ့ အဆက်မပြတ်မွှေပေးပါ ကပ်သွားနိုင်တဲ့အတွက် ကြောင့်ပါ။

ပြီးရင် တကယ်ကို အရသာရှိတဲ့ ရှားစောင်းလတ်ပတ်ယိုလေးရပါပြီရှင်။အဖုံးလုံတဲ့ ပုလင်းလေးထဲကို ထည့်သိမ်းပြီး စားလို့ရပါပြီ။

ညီမ အစက ထင်ထားတာတာက ဆီတွေလည်းများတယ် ကြက်ဥ ငှက်ပျော သီးရောဆိုတော့ ဝိတ်တက် မှာပဲလို့ ထင်ထားတာ။

ဒါပေမယ့် တကယ်စားကြည့်တော့ ဝမ်းလည်းမှန် သလိုမိန်းကလေး တွေနဲ့ပတ်သတ်တဲ့ ရောဂါတွေကိုလည်းကာကွယ်ပေးတယ်ဆိုတော့ စားရကျိုးနပ်ပီပေါ့နော်။

Credit