အာလူးသခွားသီး ရေခဲတုံးဆိုလို့ဘာများလဲလို့စိတ်ဝင်စားသွားပြီလားလုပ်ရမှာကလွယ်လွယ်လေးရယ်ပါ
မျက်နှာပေါ်ကအမည်းစက်တွေကိုမိတ်ကပ်နဲ့ဖုံးလို့ရပေမယ့်ဘယ်သူကမှမျက်နှာပေါ်မှာအမာ ရွတ် အမည်းစက်တွေရှိတာမနှစ်သက်ကြပါဘူး
အဲဒီအတွက်အာလူးသခွားသီးရေခဲတုံးကိုအသုံးပြုလိုက်ပါမျက်ကွင်းညိုတာကိုသက်သာစေမယ့်အပြင်
အမည်းစက်နဲ့တင်းတိပ်တွေကိုပါလျော့ပါးသက်သာစေသလိုအသားအရေကိုသဘာဝအတိုင်း ဖြူဝင်းလာစေမှာဖြစ်ပါတယ်
အာလူး၁လုံးသခွားသီးအသေး၁လုံးသံပုယိုရည်ရေခဲတုံးလုပ်တဲ့ခွက်ပြုလုပ်နည်းအာလူး၁လုံးနဲ့သခွားသီး၁လုံးကိုပါးပါးလှီးလိုက်ပါ
အာလူးကို အခွံနွှာပါသခွားသီးကတော့မနွှာလည်း ရပါတယ်ပြီးရင်ကြိတ်စက်ထဲထည့်ပြီးကြိတ်လိုက်ပါ
အဲဒီနောက်သံပုယိုသီးတစ်ခြမ်းကိုအရည်ညှစ်ပြီးထည့်လိုက်ပါအဲဒီနောက် ရေခဲတုံးလုပ်တဲ့ခွက်ထဲထည့်လိုက်ပြီး
ရေခဲသေတ္တာထဲမှာထည့်ထားပါရေခဲတုံးဖြစ်သွားတဲ့ထိထည့်ထားပါပြီးရင်တော့ညနေအပြင်ကပြန်လာရင်မျက်နှာကို သေချာသစ်ပေးပြီး
အခုလုပ်ထားတဲ့အာလူးသခွားသီး ရေခဲတုံးကိုမျက်နှာပေါ်မှာပွတ်ပေးလိုက်လို့ရပါတယ်အသား အရေယားယံတာကိုလည်းသက်သာစေပါတယ်
မနက်တစ်ကြိမ်၊ညတစ်ကြိမ်၂ကြိမ်လုပ်ပေးပါတစ်ခါလုပ်ပြီးရင်၃ရက်၄ရက်လောက်ထိပဲသုံးပါနော်