Beauty Knowledge

အသားအရေမညီညာခြင်းနဲ့ အစက်အပြောက်တွေကို အချိန်တိုအတွင်း ပျောက်ကင်းစေမယ့် နည်းလမ်း (၆) ခု

အသားအရေမှာ အစက်အပြောက်တွေက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲ၊ ဝက်ခြံ၊ အလှကုန်ပစ္စည်းအသုံးများမှု၊ ဓာတ်မတည့်မှု စတဲ့အကြောင်းအရာတွေကြောင့် အသားအရေမှာ အစက်အပြောက်တွေက ကြာရှည်စွဲမြဲနေတတ်ပါတယ်။

အဲဒါကြောင့် အစက်အပြောက်ကင်းစင်ပြီး ညီညာတဲ့အသားအရေရရှိဖို့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပန်းသီးရှာလကာရည်

လေ့လာချက်တွေအရ acetic acid က အသားအရေမှာ ဖြစ်ပေါ်လာတဲ့ အစက်အပြောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည်မှာ acetic acid ပါဝင်ပါတယ်။

– ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေလက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပါ။

– အဲဒီနောက် အသားအရေပေါ်မှာ ရှိနေတဲ့ အစက်အပြောက်နေရာတွေကို လိမ်းပေးပြီး ၃ မိနစ်ခန့် စောင့်ပါ။

– ၃ မိနစ်ကြာပြီးနောက်မှာ ရေနဲ့ ဆေးချပါ။ ဒီနည်းလမ်းကို တစ်နေ့နှစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။

၂။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ Alolin က အသားအရေကို လင်းလက်စေပါတယ်။ မယ်လနင်များတာကြောင့် အသားအရေမှာ အစက်အပြောက်တွေ ဖြစ်လာတဲ့အခါ ဒီနည်းလမ်းက အရမ်းအသုံးဝင်ပါတယ်။

– ရှားစောင်းလက်ပတ်ဂျယ်လ်ကို အစက်အပြောက်တွေများတဲ့နေရာမှာ လိမ်းပြီး ညအိပ်ပါ။

– နောက်တစ်နေ့မနက်မှာတော့ ရေဆေးချလိုက်ရုံပါပဲ။ နေ့စဉ်ပုံမှန်လုပ်ပေးတဲ့အခါ လပိုင်းနဲ့တင် ရလဒ်က သိသာလာပါတယ်။

၃။ လက်ဖက်ခြောက်

လက်ဖက်ခြောက်ကလည်း အသားအရေကို အကျိုးပြုတဲ့အရာပါပဲ။

– လက်ဖက်ခြောက်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးတစ်ခွက်မှာ ထည့်ပြီးစိမ်ထားပါ။ အဲဒီနောက် အအေးခံထားပါ။

– အအေးခံထားပြီးတဲ့အခါ ရေနွေးခွက်ထဲကို ပိတ်စပါးလေး နှစ်လိုက်ပါ။

– အဲဒီပိတ်စပါးလေးနဲ့ အသားအရေမညီညာတဲ့နေရာကို ပွတ်တိုက်ပေးပါ။ တစ်ပတ်ကို ၆ ရက်ခန့် ပြုလုပ်ပေးလို့ရပါတယ်။

၄။ ပျားရည်နဲ့ ကြက်သွန်နီ

ကြက်သွန်နီကလည်း အသားအရေ ဝင်းလက်လာစေဖို့ အသုံးတည့်ပါတယ်။

– ကြက်သွန်နီတစ်လုံးကို အနှစ်ရအောင် ကြိတ်ပြီး ပျားရည်လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ ရေခွက်တစ်ဝက်ထည့်ပါ။

– အဲဒီနောက် ရလာတဲ့အနှစ်ကို အစက်အပြောက်တွေရှိတဲ့နေရာမှာ လိမ်း‌ပေးပါ။ အနည်းဆုံး တစ်ပတ်ကို နှစ်ကြိမ်ပြုလုပ်ပေးရုံနဲ့ တစ်လအတွင်း ထူးခြားလာစေပါတယ်။

၅။ နို့ထွက်ပစ္စည်းများ

နွားနိ့၊ ထောပတ်ထုတ်ယူပြီးတဲ့ နို့ရည်တွေကလည်း အသားအရေက အစက်အပြောက်တွေ ဖယ်ရှားပေးတဲ့နေရာမှာ အကျိုးပြုပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ လက်တစ်အက်ဆစ်ပါဝင်တာကြောင့် အရေးအကြောင်းတွေကိုပါ လျော့ပါးစေတာပါ။

– နွားနို့ သို့မဟုတ် ထောပတ်ထုတ်ယူပြီးတဲ့နို့ရည်ထဲကို ပိတ်စပါးလေး နှစ်လိုက်ပါ။

– အဲဒီပိတ်စပါးလေးနဲ့ အသားအရေ မညီညာတဲ့နေရာတွေကို တစ်နေ့နှစ်ကြိမ်ခန့် ပွတ်တိုက်ပေးပါ။

၆။ Sunscreen

အသားအရေမညီညာတာ၊ အစက်အပြောက်တွေ ပေါ်လာတာက နေရောင်ခြည်နဲ့ ထိတွေ့မှု များတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် SPF အနည်းဆုံး ၃၀ ပါဝင်တဲ့ Sunscreen ကို ရွေးချယ်သင့်ပါတယ်။ Sunscreen ကို နေအရမ်းမပူပြင်းတဲ့နေ့တွေမှာတောင် လိမ်းပေးပါ။