Knowledge

“ဝဋ်ကြွေးကြောက်ရင်အပြောအဆိုကို သတိထားပါ”

ဝဋ်ကြွေးကြောက်ရင် နှုတ်ကို သတိထား

တချို့လူတွေ ပြောကြတဲ့ စကားရှိတယ်။ သူများအပေါ် မဟုတ်တာ မလုပ်ဘူး မကောင်းမကြံဘူး။ နှုတ်ကြမ်းတာ ဘာဖြစ်လည်း။

မှန် ပါ တယ် နှုတ် ကြမ်း လို့ သူ တစ် ပါး က ဖြစ် ခြင် မှ ဖြစ် မှာ ပါ။ ဖြစ် တာ ခံ ရ တာ က ကိုယ် ပါ။

မြတ်စွာဘုရား လက်ထက်က အဗ္ဗပါလီပြည့်တန်ဆာမက ရုပ်ရည်လှပလို့ ဟိုမင်းက လိုချင် ဒီမင်းက ရချင်နဲ့ သူ့ကြောင့်စစ်ဖြစ်မှာစိုးလို့ အများပိုင်အဖြစ် ပြည့်တန်ဆာမလုပ်ဖို့ ဖြစ်ခဲ့ရတာဟာ စိတ်ထားညံ့လို့ စေတနာနည်းလို့ မဟုတ်ပါဘူး။

အတိတ်ဘဝ စေတီရင်ပြင်မှာ နေမကောင်းတဲ့ ရဟန္တာမကြီး ချွဲသလိပ် ဖိတ်စင်သွားတာကို ဘယ်သူမှန်းမသိပဲ စည်းကမ်းမဲ့တယ် စေတီရင်ပြင်ပေါ် ဘယ်ပြည့်တန်ဆာမက တံတွေး ထွေးသွားလဲလို့ စေတနာဒေါသ နှုတ်ဝဋ်ကြွေးကြောင့်ပါ။

နောက်တစ်ခုက အမျိုးသမီးတွေထဲ တရားဟော အတော်ဆုံးဖြစ်တဲ့ ခုဇုတ္တရာဆိုတဲ့ ခါးကုန်မလေးဟာ ဒီဘဝ ပဋိကတ်ဆောင် အမျိုးသမီးဖြစ်ရပြီး ဘာကြောင့် ခါးကုန်းရလဲဆိုရင် အတိတ်ဘဝ အလှူခံကြွလာတဲ့

ပစ္စေကဗုဒ္ဓတစ်ပါးက ခါးကုန်းတာကို သူငယ်ချင်းတွေရှေ့ ဟာသအဖြစ် ဖလားကိုင်ပြီး အိမ်မှာလာတဲ့ ကိုယ်တော်လေးက ဟောဒီလို ခါးကုန်လေးပါလို့ ဟန်အမူရာလုပ် ပြောင်ခဲ့လို့ ခါးကုန်း ဖြစ်ရတာပါ။

မြတ်စွာဘုရားကိုယ်တိုင်က ဟောခဲ့ပါတယ်။ သူများကို မကဲ့ရဲ့ဖို့ ကြမ်းတမ်းတဲ့ စကားတွေနဲ့ မပြောဖို့ပါ။ မြတ်စွာဘုရား သုန္ဒရိတိတ္ထိ မိန်းမပျိုစိဉ္ဇမာနတို့ စွပ်စွဲခံရတာဟာ နုစဉ်အလောင်းတော်ဘဝက ပစ္စေကဗုဒ္ဓကို မိန်းမပုံစံဝတ်ပြီး လူထင်လွဲအောင် ပြုခဲ့လို့တဲ့။

ဒုက္ကစရိယ ၆နှစ်ကျင့်ရခြင်း လှည်းကုန်သည်လှူတဲ့ မုန့်ကြမ်းကို တစ်ဝါတွင်းလုံး ဘုန်ပေးရခြင်းတွေက နှုတ်ဝဋ်ကြွေးပါ။ အပြင်လက်တွေ့ဘဝမှာလည်း သူတစ်ပါး အားနည်းချက်ကို ကဲ့ရဲ့တဲ့သူတွေ ပြန်ဝဋ်လည်ပါတယ်။

ဆရာကြီးရွှေဥဒေါင်းက သူရဲ့ ဘဝတသက်တာ စာအုပ်ထဲမှာ သူစကားထစ်ရခြင်း အကြောင်းက ကလေးဘဝက စကားထစ်တဲ့ တန်းအဖော်သူငယ်ချင်းကို ပြောင်တာကနေ ဖြစ်ရတာပါလို့ ရေးထားပါတယ်။

လူလောကမှာ တချို့သူတစ်ပါးကို ကဲ့ရဲ့တာ နောက်ပြောင်တာကအစ ကိုယ်တိုင်ရော ကိုယ်မွေးတဲ့ကလေးတို့မှာ အားနည်းချက်တွေ ပါလာတာ အများကြီးပါ။

ပျော်စေချ င်လို့ ဟာသလုပ်တာ ကောင်းပါတယ် သို့သော်လည်း အရေမရ အ ဖတ်မရ အကုသိုလ် ဝဋ်မပါအောင် သတိထားရင် အကောင်းဆုံးပါ။

Credit to ဓမ္မအေးရိပ်

Unicode