Knowledge

“လူသိနည်းသော နိမိတ်များ”

“လူသိနည်းသော နိမိတ်များ” အကြောင်းကို စာဖတ်ပရိပ်သတ်များဗဟုသုတရရှိစေရန်အလို့ဌာ တင်ပြပေးလိုက်ပါတယ်။

၁။ အိမ်ထဲ ဖားခုန်ဝင်မူ ငွေရအံ့။

၂။ အိမ်ထဲ ပိတုန်းဝင်မူ ဧည့်သည်လာအံ့။

၃။ အိမ်ထဲ ဓါးခုတ်ကောင်ဝင်မူ ပေးကမ်းမည့် ဧည့်သည်လာအံ့။

၄။ အလံတင်ရမူ ရည်မှန်းချက် အောင်မြင်အံ့။

၅။ တင်လိုက်သည့်အလံ ပြန်လျှောကျမူ ဘေးတွေ့အံ့။

၆။ ခွေးလက်ဆောင်ရမူ၊ အိမ်တွင် ခွေးလာနေမူ မိတ်ဆွေကောင်းရအံ့။

၇။ ခွေးမဲလာ‌မူ ဥစ္စာပေးမည့် မိတ်ဆွေရအံ့။

၈။ ခွေးဝါလာမူ ပျော်ရွှင်စေမည့် မိတ်ဆွေရအံ့။

၆။ ခွေးဖြူလာနေမူ ချစ်ခင်ဖွယ် မိတ်ဆွေရအံ့။

၇။ ခရီးသွားစဉ် နွားနှင့်တိုးမူ အလုပ်ကိစ္စ အဆင်ပြေအံ့။

၈။ အင်္ကျီ ပြောင်းပြန်ဝတ်မိမူ မထင်မှတ်ပဲ ငွေအမြောက်အမြား ရအံ့။

၉။ အိမ်တွင် ကြောင်မဲလာနေမူ မိတ်ဆွေသစ္စာဖောက်အံ့။

၁၀။ ကြောင်ဖြူလာနေမူ အသက်ဘေးကြုံအံ့။

၁၁။ ကြောင်ဝါလာနေမူ ကံဆိုးပြီးမှကံကောင်းလာအံ့။

၁၂။ အိမ်ထဲ လိပ်ပြာဝင်မူ သတင်းကောင်းကြားအံ့။ မောင်းထုတ်လျှင် နိမိတ်ပျယ်အံ့။ သတ်လျှင် ကံဆိုးအံ့။

၁၃။ နားယားမူ တစ်စုံံတစ်ယောက် သင့်အကြောင်းပြောနေအံ့။

၁၄။ ဘယ်ဖက်နားယားမူ အကောင်းပြောအံ့။

၁၅။ ညာဖက်နားယားမူ အဆိုးပြောအံ့။

(မည်သူပြောနေကြောင်း မှန်အောင် မှန်းနိုင်လျှင် အယားပျောက်သည်)

၁၆။ မည်သည့်နေရာ မြွေတွေ့တွေ့ ကံကောင်းအံ့။ သတ်မိလျှင် ထို နိမိတ်ပျယ်အံ့။

(ရှေ့မှကန့်လန့်ဖြစ်သွားမူ သင်လတ်တလောလုပ်မည့်ကိစ္စ အမှားဖြစ်အံ့။ ကြန့်ကြာအံ။)

၁၇။ ပင့်ကူအိမ်တွင် သင့်နာမည် တစ်လုံးလုံးပေါ်နေမူ အလုပ်အကိုင် အဆင်ပြေအံ့။

၁၈။ အိမ်ထဲ ဌက်ဝင်လာမူ ငွေဝင်အံ့။

၁၉။ အိမ်ထဲ ဌက်သိုက်လာဆွဲမူ ချမ်းသာအံ့။

၂၀။ ကလေးမွေးသည့်နေ့ သက်တံ့ထွက် မူ ထိုကလေး အောင်မြင်သူဖြစ်အံ့။

၂၁။ မင်္ဂလာဆောင်သည့်နေ့ သက်တံ့ထွက် မူ ထိုအိမ်ထောင် သာယာအံ့။

(သက်တံ့နှစ်ထပ်ထွက်လျှင် အလွန့်အလွန် ကံကောင်းအံ့)

၂၂။ ဘယ်လက်ယားမူ ငွေဝင်အံ့။

၂၃။ ညာလက်ယားမူ ငွေထွက်အံ့။

၂၄။ လပြည့်နေ့ ငွေဝင်မူ ဥစ္စာတိုးအံ့။

၂၅။ ထမင်းစားစဉ် တစ်စုံတစ်ယောက်က ငွေလာပေးမူ ငွေအမြောက်အမြား ထပ်ဝင်အံ့။

နိမိတ်ဆိုရင် အရမ်းစိတ်ဝင်စားတက်ကြတဲ့ ကျနော့် မိတ်ဆွေတွေအတွက် ကူးယူဖော်ပြပေးလိုက်ပါတယ်။

ခရစ်ဒစ်

Unicode