Knowledge

သိမ်လှူရခြင်းကြောင့် ရနိုင်တဲ့ အကျိုးတရား(၄)မျိုး

၁။ အဓိသီလ မြတ်သိက္ခာမှန်စွာကျင့်ရသည်

၂။ သီလပျက်ခြင်း လွတ်ကင်းရှင်းသန့်ရှင်းဖြူစင်သည်

၃။ အပါယ်ဝဋ်ဘေး ကင်းလွတ်ဝေးရန်ဝေးကင်းပသည်

၄။ ဥစ္စာပစ္စည်း မပျက်စီးခိုင်ပြီး မြဲလိမ့်မည်

(၁) မိမိတို့လှူဒါန်းလိုက်တဲ့ သိမ်ပေါ်မှာ ရဟန်းတော်တွေ အကျင့်သီလ သိက္ခာတွေကို ခံယူသွားသလို မိမိတို့လည်းပဲ ဖြစ်လေရာ ဘဝတွေမှာ ဘုရားသာသနာတော်နဲ့ဆုံတွေ့ပြီး သာသနာတွင်းမှာသာ တည်ရှိနိုင်တဲ့ အမြင့်ဆုံး အကျင့်သီလသိက္ခာတွေကို စင်ကြယ်စွာ ကျင့်သုံးနိူင်ခြင်းဆိုတဲ့ အကျိုးတရားကို ရရှိကြလိမ့်မယ်

(၂) ရဟန်းတော်များဟာ ညစ်နွမ်း ကျိုးပေါက်နေတဲ့
သီလတွေကို မိမိတို့့လှူဒါန်းထားတဲ့သိမ်ပေါ်မှာ တည်ပြီးတော့ စင်ကြယ်အောင် ဆေးကြောလို့ သီလတွေ သန့်ရှင်းစင်ကြယ်ပြီးဖြူစင်ဝင်းပသွားသလို မိမိတို့လည်းပဲ ဖြစ်လေရာ ဘဝတွေမှာသီလပျက်စီးခြင်း သီလဝိပ္ပတ္တိဘေးမှ ကင်းဝေးရခြင်းဆိုတဲ့ အကျိုးကို ဧကန်ရှိကြလိမ့်မယ်

(၃) ဒီသိမ်ပေါ်မှာ တည်ပြီးတော့ ညစ်နွမ်းနေတဲ့ သီလကို ဆေးကြောသုတ်သင် စင်ကြယ်သွားကြတဲ့ရဟန်းတော်များဟာ သဂ္ဂန္တရာယ် မဂ္ဂန္တရာယ်တို့မှ ကင်းဝေးကြရသလို အလှူရှင်များကလည်း ဖြစ်လေရာရာ ဘဝတွေမှာ ဂ္ဂန္တရာယ် မဂ္ဂန္တရာယ်တို့နှင့်မတွေ့ကြုံရပဲ အပါယ်ဝဋ်ဘေးမှ ကင်းဝေးရခြင်းဆိုတဲ့ အကျိုးကို ဧကန်မုချ ရှိကြလိမ့်မယ်

(၄) မိမိတို့လှူ ဒါန်းထားတဲ့ သိမ်ဟာ မဟာပထဝီမြေကို ဖေါက်လျက် တည်ရှိပြီး ဘယ်သူမှ မဖျက်ဆီးနိုင်သလို မိမိတို့လည်းပဲ ဖြစ်လေရာဘဝတွေမှာ မိမိတို့ပိုင်ဆိုငထားတဲ့ပစ္စည်းဥစ္စာတွေကို ဘယ်သူမှ မဖျက်ဆီးနိုင်ခြင်းဆိုတဲ့ အကျိုးတရားကို ဧကန်မုချ ရရှိကြလိမ့်မယ်ဒါတွေဟာသိမ်ကိုလှူဒါန်းရခြင်းအကျိုးတရားတွေပါပဲမှတ်သားထားကြကုန်။

ချစ်ခြင်းများစွာဖြင့်-အရှင်ဣဿရိယ ( အထက်မင်းလှ)ခရက်ဒစ်
Unicode