Love

ချစ်ရတဲ့လူရဲ့နောက်ဆုံးခရီးမှာ မျက်နှာတစ်ချက် မပြတ် ဆယ်လ်ဖီ ဆွဲပြီး လိုင်းပေါ်တင်ခဲ့တဲ့ ကောင်မလေး

သေခြင်းတရားဆိုတာ လွန်ဆန်လို့ မရပါဘူး။ ငါ ငယ်သေးတယ် မသေနိုင်ဘူး၊ ငါတော့ ကျန်းမာနေဆဲ၊ ငါကတော့ နုပျိုနေဆဲဆိုပြီး သေခြင်းတရားကို အလွယ်တကူရောက်မလာဘူးလို့ ကံသေကံမ မပြောနိုင်ပါဘူး။ သေမင်းဟာ ကျွနု်ပ်တို့ ဆီမှာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ သူစိမ်းတစ်ယောက်ပါ။

အခုလည်း ဖိလစ်ပိုင်သူလေး Valyrie Delos Santos ဟာ ချစ်သူနဲ့ ရွှေလက်တွဲကာစ ချစ်မ၀ ပျော်မဆုံး၊ နှလုံးသားချင်းထပ် ဟိုဟိုဒီဒီသွားလာလည်ပတ်လို့မှ အားမရသေးခင် သူမရဲ့ချစ်သူ John Rey Sac Acayen က နှုတ်မဆက် လက် မပြ၊ ရောက်ရာအရပ်ကနေ အပြီးတိုင် ရုတ်တရက် ထွက်သွားခဲ့တယ်လို့ Viral က ဆိုပါတယ်။

Rey ဆုံးပြီဆိုတဲ့သတင်းကို Delos က လုံး၀ မယုံခဲ့ပါဘူး။ ဒီလိုနဲ့ Rey တို့ အိမ်ကို အပြေးအလွှားသွားတော့ ချစ်သူ Delos က အသက် မဲ့လျှက် ပြင်ဆင်ထားတဲ့ ခုတင်ပေါ်မှာ လဲလျှောင်းနေပါပြီ။ သူမဟာ Ray ထာဝရအနားယူလဲလျှောက်နေချိန်မှာ သူ့ရဲ့ ခေါင်းတလားဘေးကနေ ဓာတ်ပုံတွေများစွာ ရိုက်ခဲ့ပါတယ်။

ဒီပုံတွေကိုလည်း လူမှုကွန်ယက် မှာ ပြန်လည်ဖြန့်ဝေခဲ့ပြီး၊ လူတော်တော်များများ ချစ်သူသေဆုံးနေတာကိုတောင် မျက်နှာတစ်ချက် မပြတ် ဆယ်လ်ဖီအရိုက် မပြတ်တဲ့ Delos ရဲ့ လုပ်ရပ်ကို နားမလည်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူမရဲ့ ရှင်းပြချက်ကလေးကြောင့် Delos ရဲ့ လုပ်ရပ်ကို အားလုံးက သဘောကျခဲ့ပါတယ်။

Delos ဟာ ယခင်ကလည်း ချစ်ရသူနဲ့ ဓာတ်ပုံတွေ မကြာခဏရိုက်လေ့ရှိကြောင်း၊ ဒါပေမယ့် အခုတစ်ကြိမ်ဟာ ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ ချစ်သူနဲ့ နောက်ဆုံးဓာတ်ပုံရိုက်ကူးခွင့်သာ ဖြစ်ကြောင်း၊ ဒီဓာတ်ပုံတွေဟာ နောက်တစ်ချိန်အထိ သူမတို့နှစ်ယောက်ရဲ့ ပတ်သက်ခဲ့မှုကို အသိအမှတ်ပြုပေးမှာဖြစ်ကြောင်းဆိုပါတယ်။

သူမရဲ့ချစ်သူဟာ ပန်းနာရင်ကျပ်ရောဂါနဲ့ သေဆုံးခဲ့တာပါ။ ဒီလို ပန်းနာရင်ကြပ်နဲ့ ရုတ်တရက်သေဆုံးခြင်းဟာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေဖြစ်ပါတယ်။

Crd

Unicode

News
ချစ်ရတဲ့လူရဲ့နောက်ဆုံးခရီးမှာ မျက်နှာတစ်ချက်မပြတ် ဆယ်လ်ဖီ ဆွဲပြီး လိုင်းပေါ်တင်ခဲ့တဲ့ ကောင်မလေး