Health

ထမင်းဖြူရှောင်ရင် ရလာနိုင်တဲ့ အကျိုးကျေးဇူးများ

မြန်မာနိုင်ငံက လူအများစုက ထမင်းဖြူကို အဓိကစားလေ့ရှိပါတယ်။ ထမင်းဖြူစားတာက ကျန်းမာရေးနဲ့ မညီညွတ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ထမင်းဖြူ အစားများခြင်းဟာ ကျန်းမာရေးဆိုးကျိုးတွေ ရှိနေပါတယ်။

ထမင်းဖြူမှာ လူကိုဝလာစေတဲ့ ကာဘိုဟိုက်ဒရိတ်တွေ ပါဝင်နေပါတယ်။ ကျွမ်းကျင်သူတွေက ထမင်းဖြူမစားဘဲနေရင် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို စာရင်းပြုစုထားပါတယ်။

(၁) သွေးတွင်းသကြားပါဝင်မှု

ထမင်းဖြူမစားဘဲနေခြင်းက သွေးတွင်းသကြားပါဝင်မှုကို ပုံမှန်ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ထမင်းဖြူအများကြီးစားခြင်းက သွေးတွင်းသကြားဓာတ်ကို ဆောင့်တက်လာစေနိုင်ပါတယ်။

(၂) ဝမ်းချုပ်ခြင်း

ထမင်းဖြူကို ပုံမှန်စားသောက်တဲ့လူတွေမှာ ဝမ်းချုပ်တာပိုဖြစ်လေ့ရှိပါတယ်။ ထမင်းဖြူစားမှာ အမျှင်ဓာတ်ပါဝင်မှု နည်းတာကြောင့် ထင်သလောက် ကျန်းမာရေးနဲ့မညီညွတ်သလို အစာခြေစနစ်ကိုလည်း အထောက်အပံ့မဖြစ်စေတဲ့အပြင် ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါသေးတယ်။

(၃) ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

ကိုယ်အလေးချိန်ကိုထိန်းညှိဖို့အတွက် ထမင်းဖြူကို အနည်းဆုံး တစ်ပတ် တစ်ကြိမ်လောက် လုံးဝမစားဘဲ နေနိုင်ရင်အကောင်းဆုံးပါပဲ။ ထမင်းဖြူထဲမှာ ကာဘိုဟိုက်ဒရိတ်ပမာဏ အများကြီးပါဝင်တဲ့အတွက် များများစားမိရင် ဝိတ်တက်လာဖို့ပဲ ရှိပါတယ်။

(၄) အာဟာရတန်ဖိုး

ထမင်းဖြူမစားဘဲနေခြင်းက အဟာရတန်ဖိုးမကျစေပါဘူး။ တကယ်တမ်းကျတော့ ထမင်းမှာပါဝင်တဲ့ အာဟာရတန်ဖိုးကို ထမင်းလောက် ဘေးထွက်ဆိုးကျိုး မများတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ထမင်းမစားရရင် မတင်းတိမ်နိုင်ဘူးဆိုရင်တော့ ထမင်းဖြူအစား ဆန်ညိုထမင်းကို ရွေးချယ်သင့်ပါတယ်။

Crd

Unicode

ထမင်းဖြူရှောင်ရင် ရလာနိုင်တဲ့ အကျိုးကျေးဇူးများ
မြန်မာနိုင်ငံက လူအများစုက ထမင်းဖြူကို အဓိကစားလေ့ရှိပါတယ်။ ထမင်းဖြူစားတာက ကျန်းမာရေးနဲ့ မညီညွတ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ထမင်းဖြူ အစားများခြင်းဟာ ကျန်းမာရေးဆိုးကျိုးတွေ ရှိနေပါတယ်။ ထမင်းဖြူမှာ လူကိုဝလာစေတဲ့ ကာဘိုဟိုက်ဒရိတ်တွေ ပါဝင်နေပါတယ်။ ကျွမ်းကျင်သူတွေက ထမင်းဖြူမစားဘဲနေရင် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို စာရင်းပြုစုထားပါတယ်။