Health

အမြဲတမ်း အိပ်ချင်နေရတဲ့ အကြောင်းအရင်းများ

နေ့ခင်းကြီးမှာ အမြဲတမ်း အိပ်ချင်နေသလို ခံစားရနေလား။ ညဘက်အိပ်ချိန်မပြည့်ဝဘူးဆိုရင် ဒီလိုဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ညဘက်အိပ်ချိန်ပြည့်ပေမယ့် အိပ်ချင်မြဲအိပ်ချင်နေတယ်ဆိုရင်တော့ တစ်ခြားအကြောင်းအရာတွေရှိနေပါပြီ။ ဘာကြောင့် ဒီလိုတွေဖြစ်နေရတာလဲဆိုတာကို ဒီနေ့ဆောင်းပါးမှာ ပြောပြပေးသွားမှာပါ။

(၁) အိပ်ချိန်မမှန်တာ

အိပ်ချိန်မမှန်ခြင်းက နေ့ခင်းဘက် မှာ အိပ်ငိုက်ရခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။ ကျွမ်းကျင်သူတွေကတော့ ညဘက် မှာ အနည်းဆုံး (၆) နာရီကနေ (၇) နာရီကြား အိပ်ဖို့အတွက် အကြံပြုထားပါတယ်။ မအိပ်ခင် (၃) နာရီလောက်အလိုမှာ ကဖင်းဓာတ်ပါဝင်တဲ့

ကော်ဖီတို့၊ လက်ဖက်ရည်တို့ သောက်သုံးခြင်းကို ရှောင်ရှားတာကလည်း မနက်ခင်းအချိန်မှာ လန်းဆန်းစွာနိုးထစေနိုင်ပါတယ်။

(၂) စိတ်ဖိစီးမှု

စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ (သို့) ဒေါသဖြစ်တာစတဲ့ စိတ်အခြေအနေတွေကလည်း အိပ်စက်ခြင်းပေါ်မှာ ကြီးကြီးမားမားအကျိုးသက်ရောက် မှု ရှိပါတယ်။ ဒီလိုနဲ့ ထုံထိုင်းရီဝေပြီး အိပ်မရတဲ့ နေ့တွေ၊ ညတွေကို ဖြစ်စေနိုင်ပါတယ်။ ညဘက်တွေမှာ ကောင်းကောင်းမွန်မွန်အိပ်ပျော်နိုင်အောင် စိတ်ဖိစီးမှုကို တက်နိုင်သမျှရှောင်ရှားပေးပါ။ ကိစ္စတိုင်းကို အကောင်းဘက်က လှည့်တွေးကြည့်ပါ။

(၃) အများကြီးစားတာ

တချို့လူတွေက ညစာကို တမုန်းကြိတ်ရင် ညဘက် မှာ ကောင်းကောင်းအိပ်ပျော်နိုင်မယ်လို့ အထင်မှားကြပါတယ်။ တကယ်တော့ အဲဒါကမှားပါတယ်။ ညစာကို တတ်နိုင်သမျှလျှော့စားခြင်းက ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပြီး နောက်တစ်နေ့ မနက် မှာ အိပ်ရေးမဝခြင်းနဲ့ ငိုက်မြည်းသမ်းဝေခြင်းတို့ကို ရှောင်ရှားနိုင်ပါတယ်။

(၄) ရောဂါတွေကြောင့်ဖြစ်နိုင်တယ်

တစ်ချို့သော ရောဂါတွေ ဥပမာ ဆီးချို ရောဂါက သင့်ရဲ့ ခန္ဓာကိုယ်ကို အားနည်းစေတာကြောင့် တစ်နေ့လုံး အိပ်ချင်သလို ခံစားရစေပါတယ်။ ဒီလိုခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာတွေ့ဆုံဆွေးနွေးပြီးတော့ ဆေးကုသမှုခံယူသင့်ပါတယ်။

Crd

Unicode

အမြဲတမ်း အိပ်ချင်နေရတဲ့ အကြောင်းအရင်းများ
နေ့ခင်းကြီးမှာ အမြဲတမ်း အိပ်ချင်နေသလို ခံစားရနေလား။ ညဘက်အိပ်ချိန်မပြည့်ဝဘူးဆိုရင် ဒီလိုဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ညဘက်အိပ်ချိန်ပြည့်ပေမယ့် အိပ်ချင်မြဲအိပ်ချင်နေတယ်ဆိုရင်တော့ တစ်ခြားအကြောင်းအရာတွေရှိနေပါပြီ။ ဘာကြောင့် ဒီလိုတွေဖြစ်နေရတာလဲဆိုတာကို ဒီနေ့ဆောင်းပါးမှာ ပြောပြပေးသွားမှာပါ။

(၁) အိပ်ချိန်မမှန်တာ

အိပ်ချိန်မမှန်ခြင်းက နေ့ခင်းဘက် မှာ အိပ်ငိုက်ရခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။ ကျွမ်းကျင်သူတွေကတော့ ညဘက် မှာ အနည်းဆုံး (၆) နာရီကနေ (၇) နာရီကြား အိပ်ဖို့အတွက် အကြံပြုထားပါတယ်။ မအိပ်ခင် (၃) နာရီလောက်အလိုမှာ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီတို့၊ လက်ဖက်ရည်တို့ သောက်သုံးခြင်းကို ရှောင်ရှားတာကလည်း မနက်ခင်းအချိန်မှာ လန်းဆန်းစွာနိုးထစေနိုင်ပါတယ်။