Love

သိပ်ချစ်တတ်တဲ့ ယောင်္ကျားလေးတွေကို မိန်းကလေးတွေ ဘာလို့ထားခဲ့ကြသလဲ

လူတစ်ယောက်က ကိုယ့်ကို အရမ်းချစ်တာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် ကိုယ်က သူ့ကို အရမ်းချစ်တာမျိုးကိုရော ခံစားရဖူးပါသလား။

အမျိုးသမီးတွေဟာ အရမ်းချစ်တဲ့ ယောင်္ကျားလေးတစ်ယောက်ရဲ့ အချစ်ကို ခံနိုင်ရည်မရှိကြပါဘူး။ဘာလို့လဲဆိုတော့…..

၁။ အမျိုးသမီးတွေဟာ လွတ်လပ်မှုကိုကြိုက်ကြပါတယ်

အမျိုးသမီးတွေမှမဟုတ်ပါဘူး။ လူတိုင်းပါပဲ။ သူတို့ကို ချုပ်ချယ်တာမျိုးကို ကြိုက်ကြမယ်မထင်ပါဘူး။ ဒါပေမယ့် ပြဿနာတစ်ခုက အမျိုးသားတွေဟာ လူတစ်ယောက်ကို ….

ပက်ပက်စက်စက် ချစ်မိသွားရင် အရမ်းချုပ်ချယ် ကြတော့တာပါပဲ။ ငါလိုင်းပေါ်မရှိရင် ဖုန်းမသုံးရဘူးတို့။ သူငယ်ချင်းယောင်္ကျားလေးတွေ ပေးမထားတာတို့ပေါ့။ ပြောရရင်တော့ အများကြီးပဲ။

၂။ သဝန်တိုလွန်းတာဟာ သူ့ကိုနေရခက်စေတယ်

သင့်အနေနဲ့ ချစ်လွန်းလို့ သဝန်တိုတာကို လက်ခံပေမယ့် အရမ်းသဝန်တိုလာရင်တော့ တဖက်လူရဲ့ အခွင့်အရေးကို ပိတ်ပင်တာမျိုး ဖြစ်သွားတတ်ပါတယ်။

ဒါ့ကြောင့် သင့်ချစ်သူမိန်းကလေးကို တကယ်ချစ်ရင် သဝန်တိုလို့တော့ရပါတယ်။ ဒါပေမယ့် အကန့်အသတ်လေးတော့ရှိသင့်ပါတယ်။

၃။ ယောင်္ကျားလေးတွေဟာ အတ္တကြီးကြတယ်

သင်နဲ့ထပ်တူ မိန်းကလေးတွေမှာလည်း အတ္တရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ သင်နဲ့ပဲအတူတူရှိနေရမယ်ဆိုတာမျိုး။ တစ်နေရာရာသွားရင်လည်း သင့်ကို အကြောင်းကြားရမယ်ဆိုတာမျိုး။

သင်နဲ့မဟုတ်ရင် ဘယ်မှမသွားရဘူး။ သူ့မှာ ယောင်္ကျားလေးအသိဆိုလို့ သင်တစ်ယောက်တည်းရှိရမယ်ဆိုတာမျိုးတွေပါ။

၄။ သင့်အချစ်တွေဟာ သူ့ကိုဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်

တချို့စုံတွဲတွေကိုမြင်ဖူးမှာပါ။ ကောင်လေးကအရမ်းချစ်တယ်။ ကောင်မလေးက သိပ်မချစ်ဘူးဆိုတာမျိုးပေါ့။ ဒါပေမယ့်လည်း သိပ်မချစ်ဘူးလို့ လူတွေကမြင်ကြတာလည်း ဖြစ်နိုင်ပါတယ်။

လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ပုံချစ်နည်းတွေမတူညီကြဘူးလေ။သင့်အချစ်တွေ၊ သင်သူ့ကို အရမ်းချစ် အရမ်းဂရုစိုက်လွန်းတာတွေက တခါတလေ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတတ်ပါတယ်။

ယောင်္ကျားလေးတစ်ယောက်အနေနဲ့ သူချစ်တဲ့ မိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ချင်တာမဆန်းပါဘူး။

ဒါပေမယ့် အဲဒီလိုပိုင်ဆိုင်ချင်စိတ်တွေကပဲ သင့်ကောင်မလေးကို သင်နဲ့ အဝေးဆုံးကို တွန်းပိုပနေတာသတိထားမိစေချင်ပါတယ်။

တချို့မိန်းကလေးတွေဟာ ရည်းစားထားပေမယ့် သူတို့မှာ ရည်မှန်းချက်ကြီးကြီးမားမားရှိတတ်ကြပါတယ်။

သင်က သူ့ကိုချစ်လွန်းလို့ သူနဲ့အတူနေရဖို့ ကြိုးစားနေတာတွေဟာ သူ့ရည်မှန်းချက်အတွက် အတားအဆီကြီးကြီးမားမားဖြစ်စေနိုင်ပါတယ်။

အဲဒီအခါ သူသင့်ကို ထားခဲ့သွားနိုင်ပါတယ်။တကယ်တော့ အများကြီးချစ်တာလည်းမကောင်းသလို နည်းနည်းလေးချစ်တာလည်းမကောင်းပါဘူး။ အချစ်ဆိုတာ ညီမျှခြင်းရှိမှ ရှေ့ဆက်လို့ရမှာပဲလေ။ ခရက်ဒစ်

Unicode