Health

ဆီးချိုနှင့် အစာအိမ်နာအတွက် ကြက် မောက်သီးစေ့

ကြက် မောက်သီးဟာ လူကြိုက် များတဲ့ သစ်သီးတစ်မျိုးပါပဲ။ လေ့လာတွေ့ရှိမှုအရ ကြက် မောက်သီးမှာ သံဓါတ် ပိုတက်ဆီယမ် နဲ့ ဗီတာမင် C ဓါတ်တွေပါ၀င်ပါတယ်။

အမျှင်ဓတ်ပါ၀င်မှုလည်း အနည်းငယ်မြင့်မားပါတယ်။ဒါ့ကြောင့် ကြက် မောက်စေ့က ကိုယ်အလေးချိန်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ကြက် မောက်သီးကို စားရင် အစေ့ကို မစားတတ်ကြပေမဲ့ ကြက် မောက်စေ့ဟာ အဆိပ်အတောက်မဖြစ်စေပါဘူး။

ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်းဓါတ်တွေပါ၀င်လို့ ခန္ဓာကိုယ်အတွက် အာဟာရဓါတ်တောင် ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် အဆီဓါတ်လည်း ပါ၀င်ပါတယ်။

ကြက် မောက်စေ့မှာ Hypoglycemic ဆိုတဲ့ သွေးတွင်း သကြားဓါတ်ကို လျှော့ချပေးတဲ့ ဓါတ်တစ်မျိုးကို ထုတ်လုပ်ပေးနိုင်ပါတယ်။

ဒါ့ကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ ဆီးချိုအတွက် ကြက် မောက်စေ့ကို ဘယ်လိုသုံးမလဲ

ကြက် မောင်သီးအမှည့် ၄လုံး ၅ လုံးကို ယူပြီးအ စေ့ထုတ်လိုက်ပါ။ ပြီးရင် ရေဆေးပြီး ခြောက်အောင်ထားပါ။ အဲဒီနောက် အစေ့ကို အမှုန့်ဖြစ်အောင် ကြိတ်လိုက်ပါ။

ပြီးရင်ရေထည့်ပြီး တစ်နေ့ တစ်ခါသောက်ပါ။ နောက်တစ်နည်းကတော့ကြိတ်ထားတဲ့ ကြက် မောက်စေ့မှုန့်ကို ရေနွေးနဲ့ ဖျော်လိုက်ပြီး အေးအောင်ထားပါ။

ပြီးရင် အပေါ်ကရေအကြည်ကိုပဲသောက်ပြီး ကျန်တဲ့ အနည်တွေကို သွန်ပစ်လိုက်ပါ။

တစ်နေ့ကို ၁ ကြိမ်ကနေ ၃ ကြိမ် ကိုယ့်ရဲ့ ဆီးချို ပမာဏပေါ် မူတည်ပြီး သောက်လို့ရပါတယ်။ အစာအိမ်နာတာအတွက်လည်း ကောင်းမွန်ပါတယ်။
ခရစ်ဒစ်

Unicode