Health

ရင်သားလျော့ရဲပြီး တွဲကျနေတာမျိုးကို ဘယ်လိုဖြေရှင်းမလဲ

ချစ်တို့ ကိုယ့်ရင်သား လျော့ရဲတာမျိုး မဖြစ်ရအောင် ဒီလိုတွေ ကြိုးစားလို့ ရတယ်နော်။

ကိုယ့်ရင်သားက အောက်ဘက်ကို လိုတာထက် ပိုပြီး စိုက်နေတယ် ဒါမှမဟုတ် လျော့ရဲပြီး အောက်ဘက်တွဲကျနေတယ်လို့ ခံစားရလို့ စိတ်ညစ်နေပြီလား။ ရင်သားပုံစံ လှလှပပလေး လိုချင်တာ မိန်းကလေးတိုင်းရဲ့ ဆန္ဒတွေထဲက တစ်ခုပါပဲနော်။ ချစ်တို့ ရင်သားတွေ လျော့ရဲပြီး တွဲကျတာမျိုး ဖြစ်တာက အရွယ်အစားနဲ့ မဆိုင်ဘဲ ကိုယ့်ရဲ့နေ့စဥ်လှုပ်ရှားမှုနဲ့လည်း ဆိုင်ပါတယ်။ ဒီလို ရင်သားလျော့ရဲပြီး တွဲကျတာမျိုးကို ပြင်ဆင်လို့ ရတဲ့ နည်းလမ်းတော့ ရှိပါတယ်။

ဘရာပုံစံကျကျ ဝတ်တာ

ဘရာရွေးချယ်တဲ့အခါမှာ လှတာ၊ ဝတ်လို့ကောင်းတာထက် ကိုယ့်ရဲ့ ရင်သားနဲ့ ကွက်တိ ဖြစ်ရဲ့လား၊ အံဝင်ခွင်ကျ ဖြစ်ရဲ့လားဆိုတာ သိပ်ကို အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ဆိုဒ် မမှန်တာတွေ၊ ဘရာ Cup မမှန်တာတွေက ကိုယ့်ရဲ့ ရင်သားကို ပုံစံပျက်စေတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ကိုယ့်ရင်သားတွေနဲ့ မကိုက်ညီတဲ့ ဘရာတွေက ရင်သားပုံစံ မကျဖြစ်စေတာမလို့ ဆိုဒ်တွေ Cup တွေသေချာရွေးပါ။

လေ့ကျင့်ခန်း လုပ်ပါ

ကိတ်လာအောင် လေ့ကျင့်ခန်းလုပ်ရင် ရမယ်လို့ အာမခံလို့ မရပေမယ့် လျော့ရဲတာကိုတော့ တင်းအောင် လုပ်လို့ ရပါတယ်။ အဲဒါကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ ရင်သားနဲ့ ရင်သားတဝိုက်က ကြွက်သားတွေကို သေချာ ကစားပေးမယ်ဆိုရင် ကိုယ့်ရဲ့ ရင်သားက ကြည့်ကောင်းလာမှာ အသေအချာပါပဲ။ ရင်သားနဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေကိုတော့ သေချာမသိဘဲလည်း မလုပ်ပါနဲ့ဥ◌ီးနော်။ မထိရောက်ဘဲ ပိုဆိုးတာမျိုး ဖြစ်တတ်ပါတယ်။ တကယ် သင်ပြပေးမယ့် ဆရာတွေနဲ့ လေ့ကျင့်ခန်း လုပ်ပါ။ ပခုံးနဲ့ လက်ကြွက်သားကို ကစားပေးပြီး ရင်သားတဝိုက် ကြွက်သားတွေ ကောင်းမွန်အောင် လုပ်လို့ ရတယ်လေ။ ဒါပေမယ့် လေ့ကျင့်ခန်း လုပ်တဲ့အခါ အားကစား ဘရာ ဝတ်ပေးဖို့ မမေ့ပါနဲ့။ မဟုတ်ရင် ရင်သားတွေ လှုပ်ရှားရပြီး ကြွက်သားလျော့ရဲလာတတ်ပါတယ်။

ရင်သားကြွက်သားအတွက် အာဟာရ ပြည့်ပါစေ

ခန္ဓာကိုယ်က အာဟာရဓါတ်ပြည့်ဝနေဖို့ လိုပါတယ်။ ရင်သားကြွက်သားနဲ့ ရင်သားအရေပြားတွေ တင်းရင်းနေအောင် စားပေးဖို့လည်း လိုပါတယ်။ အသီးအရွက်တွေ မျှတအောင် စားပါ။ ငါးလည်း တပတ်ကို (၂) ကြိမ်လောက် စားပေးပါ။ အရေပြားတွေ လျော့ရဲတာမျိုး မဖြစ်အောင် ရေလည်းများများ သောက်ပေးပါ။ ဒီလိုမျိုး ကြိုးစားရင် ချစ်တို့ ရင်သားအောက်လျော့ရဲ့တာမျိုး သက်သာလာစေမှာပါ။

Moisture လိမ်းပေးပါ

ရင်သားထိန်းသိမ်းတဲ့အခါမှာ Moisture ကောင်းကောင်းလေး လိမ်းပေးဖို့လည်း လိုပါတယ်။ ရင်သားတစ်သျှူးတွေအတွက် အဓိက ထုတ်ထားတဲ့ ပစ္စည်းတွေလည်း ရှိတာမလို့ သေချာရွေးပါ။ အဲဒါကတွေက ရင်သားအရေပြားနဲ့ တစ်သျှူးတွေအတွက် ကောင်းမွန်စေပြီး အစိုဓါတ် ရစေတာမလို့ ကိုယ့်ရင်သား တွဲကျပြီး လျော့ရဲတာမျိုး ရှောင်နိုင်မှာပါ။

Crd

Unicode