Knowledge

အိမ် မက်တွေ အကောင်အထည် ဖော်နိုင်ချိန် မှာ လမ်းဘေးဈေးသည် ဖခင်ကို လူကြားထဲ ရှိခိုးခဲ့တဲ့ သားလိမ္မာ

ကိုယ့်ဘဝ က ဘယ်လောက်ပဲ အောင်မြင်ပြီး ၊ ထိပ်ဆုံး မှာ ရပ်တည် နေပါစေ ဘဝ တစ်လျှောက်လုံး ကိုယ့်ကို ပြုစုစောင့် ရှောက်ခဲ့ကြသူတွေ ၊ မိဘတွေ ကိုတော့ မမေ့သင့်ပါဘူး ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ကောင်လေးတစ် ယောက်ဟာလည်း သူ့ရဲ့ရည်မှန်းချက်တွေ အကောင်အထည် ဖော်နိုင်ပြီးနောက်မှာတော့ သူ့ရဲ့မိဘတွေ ကို လုံးဝမမေ့သွား ဘူး ဆိုတာ ည သက်သွေပလိုက် တာပါပဲ ။

Mohamad Risky Saputra အမည် ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ က အသက် 19နှစ်အရွယ် ကောင် လေး ဟာ ရဲအရာရှိ လေ့ကငြ့်ရေး သင်တန်းကျောင်းကို တက်ရောက်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့ဖခင်ဖြစ်သူကို ကျေးဇူးတင် လွန်းလို့ ဦးညွတ်ပြီး ဂါရဝပွုခဲ့တဲ့ ဓာတ်ပုံ ဟာ social media ပေါ်မှာ အတော် လေး ရေပန်းစား နေလျက် ရှိပါတယ် ။

Risky ရဲ့မိခင်ဖြစ်သူပြောပြချက် အရ သူမရဲ့သားအငယ်ဆုံးတစ်ယောက်ဟာ ရဲအရာရှိတစ်ဦးအတော်လေးဖြစ်ချင်ခဲ့တာပါ ။ သို့ပေမဲ့လည်း သူမတို့ရဲ့မိသားစုအွေခအနေကြောင့် သူမက သားဖြစ်သူကို မထောက်ပံ့နိုင်ကြောင်း ပြောဆိုခဲ့ပေမဲ့လည်း Risky ကတော့ မိဘတွေရဲ့ သဘောတူညီချက် သာ လိုချင်တာဖြစ်ကြောင်း သူမတို့အား ရိုးရှင်းစွာတောင်းဆိုခဲ့ပါတယ် ။

ထို့အပွငျ Risky တို့ရဲ့မိသားစု ဟာ အိမ်ရှေ့းမှာ လှည်းလေး နဲ့ဈေးရောင်းနေတဲ့ ဖခင်ဖြစ်သူရဲ့ဝင်ငွေကိုသာ မွီခိုအားထားနေရတဲ့ အတှက် ဖြစ်ပါတယ် ။ အစပိုင်း မှာတော့ မိခင်ဖြစ်သူက သားလေးဟာ လူရွေးချယ်တဲ့ စာမေးပှဲမှာအောင်မြင်တယ်ဆိုတဲ့အတွက် သူမရဲ့ပျော်ရွှင်စိတ်လှုပ်ရှားမှုကို လုံးဝထိန်းလို့မရတဲ့အထိဖြစ်မိကြောင်းပြောဆိုခဲ့ပါတယ် ။

သားဖြစ်သူကို ဂုဏ်ယူလွန်းလှတဲ့ မိဘနှစ်ပါးမှာတော့ သူတို့တွေဆီမှာရှိတဲ့အကောင်းဆုံး ဝတ်စုံလေးတွေနဲ့ သားဖြစ်သူရဲ့ ရဲအရာရှိတာဝန်ခန့်အပ်တဲ့ပှဲသဘင်အခမ်းအနားကို တက်ရောက်ချီးမြင့်ပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Unicode